Evan Blass က နောက်ထွက်မယ့် LG Phoenix 5 ရဲ့ သတင်းတွေကို မျှဝေလိုက်ပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး အမေရိကန်မှာ AT&T ကနေပဲ ရောင်းချမှာ ဖြစ်ပါတယ်။ Evan Blass က အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံကိုပဲ မျှဝေထားတာ ဖြစ်ပြီး Specification တွေ မပါလာပါဘူး။ ဓါတ်ပုံအရ အဲဒီ စမတ်ဖုန်းမှာ အရွယ်သေး Notch ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

LG Phoenix 5 ဟာ ၂၀၁၈ ခုနှစ်က ထွက်ခဲ့တဲ့ LG Phoenix 4 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ Phoenix 4 မှာ ၅ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားပြီး Snapdragon 425 Chipset မောင်းနှင်ထားပါတယ်။ 2GB RAM နဲ့ 16GB Storage ထည့်သွင်းထားပြီး Android 7 Nougat မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၁ လုံးထဲပါပြီး 8MP ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာကလည်း ၁ လုံးထဲ ဖြစ်ပြီး 5MP ဖြစ်ပါတယ်။

နောက်မျိုးဆက် Phoenix 5 မှာလည်း စွမ်းရည်နိမ့် Specs တွေပဲ ပါလာမယ်လို့ ထင်ရပြီး Pre-paid Contract နဲ့ဆိုရင် ဒေါ်လာ ၁၀၀ အောက်ပဲရှိမယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၁ သိန်းခွဲအောက်လောက်ပဲရှိနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ မကြာခင် ပိုပြီး ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena