[Unicode]

Mobile Legends Professional League (MPL) တွင် Champion ဖြစ်ခဲ့သော Burmese Ghouls အသင်းသည် မလေးရှားနိုင်ငံ၌ကျင်းပပြုလုပ်သွားမည့် Mobile Legends BB World Championship (M1) ပြိုင်ပွဲကြီးသို့သွားရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ။

အရှေ့တောင်အာရှတွင်နာမည်ကျော်လူကြိုက်အများဆုံးဗီဒီယို ဂိမ်းတစ်ခုဖြစ်သော Mobile Legends မှ ၎င်း၏ မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် Mobile Legends Professional League (MPL) ပြိုင်ပွဲကိုရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်အတွင်းရှိ Yangon Convention Center(YCC) တွင် ကျင်းပပြုလုပ်ခဲ့သည်။ထိုပြိုင်ပွဲတွင် မြန်မာလူငယ်ဂိမ်းကစားသမားအသင်းများမှပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးစုစုပေါင်း အမေရိကန်ဒေါ်လာ၂၆၀၀၀ တန်ဖိုးရှိ ဆုကြေးငွေများပေးအပ်ခဲ့သည်။ချန်ပီယံအသင်းသည် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် မလေးရှားနိုင်ငံ၌ကျင်းပပြုလုပ်သွားမည့်နိုင်ငံတကာအဆင့် Mobile Legends BB World Championship (M1) ပြိုင်ပွဲကြီးသို့သွားရောက်၍ အခြားနိုင်ငံမှ ထိပ်တန်းကစားသမားများနှင့်ယှဉ်ပြိုင်ကစားနိုင်မည့် စိတ်လှုပ်ရှားဖွယ် အခွင့်အရေးကြီးကိုလည်း ရရှိမည်ဖြစ်သည်။

နိုင်ငံတကာတွင်ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Moonton technology မှစီစဉ်ကျင်းပသော Mobile Legends Professional League (MPL) ပြိုင်ပွဲကြီးသည်မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ပြိုင်ပွဲများအနက် နာမည်ကျော်လူကြိုက်အများဆုံးပြိုင်ပွဲတစ်ခုဖြစ်သည်။ ဤပြိုင်ပွဲကို Telenor, KBZ နှင့် Huawei တို့မှ အဓိက စပွန်ဆာများအဖြစ် ပံ့ပိုးကူညီပေးခဲ့သည်။ ဆက်သွယ်ရေးနည်းပညာပိုင်းတွင်ဦးဆောင်နေသော Telenor နှင့် ကမ္ဘာ့စမတ်ဖုန်းနယ်ပယ်တွင် ထိပ်တန်းဦးဆောင်နေသော Huaweiကုမ္ပဏီတို့သည် E-sports ကဏ္ဍကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလာလျက်ရှိပြီး ထိုကဲ့သို့ နည်းပညာနှင့် ဆက်သွယ်ရေးကုမ္ပဏီကြီးများ၏ပါဝင်လာမှုကြောင့် E-sports ပြိုင်ပွဲများကိုယခင်ကထက်ပိုမို တိုးတက်လာပြီး ဝါသနာရှင် မည်သူမဆို လွယ်ကူစွာ ပါဝင်ယှဉ်ပြိုင်နိုင်သည့် အခွင့်အရေးများကို ဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

Moonton Technology ၏ E-sport manager ဖြစ်သူ Zhaung Zhong က “မြန်မာနိုင်ငံက ကျွန်တော်တို့အတွက် အရေးပါတဲ့ဈေးကွက်တစ်ခုဖြစ်တဲ့အတွက်အခုလို Mobile Legends Professional League (MPL) ကိုမြန်မာနိုင်ငံမှာ Season 3 စီစဉ်ကျင်းပနိုင်လာခဲ့တဲ့အတွက်စိတ်လှုပ်ရှားပြီး ပျော်ရပါတယ်။ အရင်ကတည်းက မြန်မာမှာ ကျွန်တော်တို့ တောက်လျှောက်ပြိုင်ပွဲတော်တော်များများ စီစဉ်ခဲ့ပြီးပါပြီ။ အဲဒီပွဲတွေမှာ တကယ်ကို အရည်အချင်းရှိပြီး ပါရမီရှိတဲ့ မြန်မာ လူငယ်ကစားသမားတွေ အများကြီးရှိတယ်ဆိုတာကို သိခဲ့ရပါတယ်။ မြန်မာနိုင်ငံ E-sports ကဏ္ဍကို အခုလက်ရှိရှိနေတဲ့ အခြေအနေထက်ပိုတိုးတက်အောင်၊ နိုင်ငံတကာ အဆင့်မီ ဖွံ့ဖြိုးတိုးတက် လာအောင် ပံ့ပိုးကူညီပေးသွားဖို့နဲ့ မြန်မာ့ Esports ကစားသမားအဖွဲ့တွေကို နိုင်ငံတကာဂိမ်းပြိုင်ပွဲကြီးတွေအထိဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ဖို့တတ်နိုင်သလောက် လက်တွဲကူညီပေးသွားချင်တာကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ” ဟု ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ Mobile Legends Professional League (MPL) Season 3 အတွက် Registration ကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ကစားသမားအသင်း ၂၅၆ သင်းပါဝင်ယှဉ်ပြိုင်ခဲ့သည်။ပထမအဆင့် အွန်လိုင်းပြိုင်ပွဲတွင် အသင်းများကိုအဖွဲ့ ၄ ဖွဲ့ ခွဲထားပြီးယှဉ်ပြိုင်စေခဲ့ရာ အနိုင်ရရှိခဲ့သော အသင်းများဖြစ်ကြသည့် Mega Myanmar, Team Cyanide, Outworld နှင့် Narcos Esport တို့အပြင် Mobile Legends Professional League (MPL) Season 2 မှ တိုက်ရိုက်တက်လှမ်းခွင့်ရရှိခဲ့သော အသင်း ၄ သင်း YG, BG, Claw နှင့် Illusion စုစုပေါင်းအသင်း ၈ သင်းမှ ဒုတိယအဆင့် Regular Season ပြိုင်ပွဲသို့တက်ရောက်ခွင့် ရခဲ့ကြသည်။ ထို့အဆင့်ပြိုင်ပွဲများမှ Season 3 ကျင်းပသော ဖိုင်နယ်ပြိုင်ပွဲကြီးကိုအသင်း ၆ သင်းမှ တက်ရောက်ရန်အရည်အချင်း ပြည့်မီခဲ့ပြီး ထိုအသင်းများမှာ Burmese Ghouls, Team Cyanide, Claw Esports, Mega Myanmar, Outworld Esports နှင့် Yangon Galaticos တို့ဖြစ်ကြသည်။ ပြိုင်ပွဲတွင် ထိုအသင်း ၆သင်းမှ ချန်ပီယံဆုနှင့် မလေးရှားနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည့် အခွင့်အရေးအတွက် အချင်းချင်းယှဉ်ပြိုင်ကစားခဲ့ကြသည်။

မြန်မာနိုင်ငံတွင်းမှာထိပ်တန်းဉီးဆောင်နေတဲ့ဒေတာကွန်ယက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ မြန်မာနိုင်ငံတလွှားက ကစားသမားတွေကို အခုလို အင်တာနက်ကွန်ယက်နဲ့ ဂိမ်းတွေကစားတဲ့အခါ အခက်အခဲ တစ်စုံတစ်ရာ မရှိဘဲ ချောချောမွေ့မွေ့ကစားလို့ရအောင် အကောင်းဆုံး ဆက်သွယ်ရေး ကွန်ယက်တစ်ခုကို ကျွန်တော်တို့က ပံ့ပိုးပေးချင်တာ ပါ။ Telenor ကလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဆက်သွယ်ရေး နည်းပညာနယ်ပယ်မှာ ဦးဆောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ခဲ့ပြီး နောင်အနာဂတ်မှာလည်း ဆက်လက်ဦီးဆောင်သွားနိုင်ဖို့ကြိုးစားသွားမှာပါ” ဟု Telenor ၏ Digital Marketing Manager ဖြစ်သူ ကိုထူးအောင်က ပြောကြားခဲ့သည်။

Mobile Legends Professional League (MPL) Season 3 ဖိုင်နယ်ပြိုင်ပွဲသို့ ကစားသမားများ၊ ဝါသနာရှင်များ နှင့် စိတ်ဝင်စားသူလူငယ်များစွာအပြင်နာမည်ကျော်ကစားသမာများလည်းတက်ရောက်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံကျော် အနုပညာရှင်များဖြစ်သည့်Idiots Band နှင့် ဝေလတို့၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်ခဲ့ပါသည်။ ပြိုင်ပွဲစဉ်တစ်ခု လုံးကို Mobile Legends’ Myanmar တရားဝင် Facebook စာမျက်နှာတွင် Live ပြသခဲ့သည်။

“နည်းပညာတီထွင်ဆန်းသစ်မှုနှင့်ဒီဇိုင်းပညာတို့ကို ရောနှောပေါင်းစပ်ပြီး အရည်အသွေးမြင့် နည်းပညာမြင့် ထုတ်ကုန် တွေကိုထုတ်လုပ်ပြီးစားသုံးသူတွေဆီ ယူဆောင်လာပေးဖို့က Huawei ရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ အခုလို အာရှမှာ နာမည်အကျော်ကြားဆုံး ဂိမ်းတစ်ခုဖြစ်တဲ့ Mobile Legends နဲ့ လက်တွဲပြီး နိုင်ငံတွင်းက အရည်အချင်းရှိ လူငယ်ကစားသမားတွေ၊အဖွဲ့တွေနဲ့ ဝါသနာရှင်တွေကိုစမတ်ဖုန်းတွေကနေအကောင်းဆုံး ဂိမ်းကစားမှုအတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ အတွက်ဝမ်းသာမိပါတယ်” ဟုHuawei ၏ Marketing Director Huawei Consumer Business Group ဖြစ်သူမခင်ရတနာဝင်းက ပြောကြားခဲ့သည်။

MPL MM S3 ပြိုင်ပွဲတွင်အနိုင်ရရှိသွားခဲ့သော Burmese Ghouls ချန်ပီယံအသင်းကိုဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၃၀၀၀ အပြင် အရှေ့တောင်အာရှနိုင်ငံများမှထိပ်တန်းကစားသမားများနှင့်ယှဉ်ပြိုင်ခွင့် အခွင့်အရေးကိုလည်း ရရှိမည် ဖြစ်သည်။ 1st Runner Up ရရှိသွားခဲ့သည့် Team Cyanide အသင်းကို အမေရိကန်ဒေါ်လာ ၆၀၀၀၊ 2nd Runner Up ရရရှိခဲ့သည့် Claw Esports အသင်းကိုအမေရိကန်ဒေါ်လာ ၃၀၀၀၊ 3rd Runner Up ရရှိခဲ့သည့် Yangon Galacticos အသင်းကို အမေရိကန်ဒေါ်လာ ၂၀၀၀၊ 4th and 5th Runner Up ရရှိခဲ့သည် MEGA Myanmar အသင်းကိုနှင့် Out World Esports အသင်းကို အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ဆုကြေးငွေများ အသီးသီးချီးမြှင့်ပေးသွားခဲသည်။

[Zawgyi]

Burmese Ghouls အသင္းသည္ Mobile Legends Professional League (MPL) Season 3 တြင္ Champion ျဖစ္ခဲ့

Mobile Legends Professional League (MPL) တြင္ Champion ျဖစ္ခဲ့ေသာ Burmese Ghouls အသင္းသည္ မေလးရွားႏိုင္ငံ၌က်င္းပျပဳလုပ္သြားမည့္ Mobile Legends BB World Championship (M1) ၿပိဳင္ပြဲႀကီးသို႔သြားေရာက္ ယွဥ္ၿပိဳင္ခြင့္ ရရွိသြားၿပီ။

အေရွ႕ေတာင္အာရွတြင္နာမည္ေက်ာ္လူႀကိဳက္အမ်ားဆုံးဗီဒီယို ဂိမ္းတစ္ခုျဖစ္ေသာ Mobile Legends မွ ၎၏ ျမန္မာႏိုင္ငံတြင္ တတိယအႀကိမ္ေျမာက္ Mobile Legends Professional League (MPL) ၿပိဳင္ပြဲကိုရန္ကုန္ၿမိဳ႕ အင္းလ်ားလိတ္ဟိုတယ္အတြင္းရွိ Yangon Convention Center(YCC) တြင္ က်င္းပျပဳလုပ္ခဲ့သည္။ထိုၿပိဳင္ပြဲတြင္ ျမန္မာလူငယ္ဂိမ္းကစားသမားအသင္းမ်ားမွပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကၿပီးစုစုေပါင္း အေမရိကန္ေဒၚလာ၂၆၀၀၀ တန္ဖိုးရွိ ဆုေၾကးေငြမ်ားေပးအပ္ခဲ့သည္။ခ်န္ပီယံအသင္းသည္ ၂၀၁၉ခုႏွစ္၊ ႏိုဝင္ဘာလတြင္ မေလးရွားႏိုင္ငံ၌က်င္းပျပဳလုပ္သြားမည့္ႏိုင္ငံတကာအဆင့္ Mobile Legends BB World Championship (M1) ၿပိဳင္ပြဲႀကီးသို႔သြားေရာက္၍ အျခားႏိုင္ငံမွ ထိပ္တန္းကစားသမားမ်ားႏွင့္ယွဥ္ၿပိဳင္ကစားႏိုင္မည့္ စိတ္လႈပ္ရွားဖြယ္ အခြင့္အေရးႀကီးကိုလည္း ရရွိမည္ျဖစ္သည္။

ႏိုင္ငံတကာတြင္ကမာၻ႔ထိပ္တန္း နည္းပညာကုမၸဏီတစ္ခုျဖစ္ေသာ Moonton technology မွစီစဥ္က်င္းပေသာ Mobile Legends Professional League (MPL) ၿပိဳင္ပြဲႀကီးသည္ျမန္မာႏိုင္ငံတြင္ က်င္းပခဲ့ေသာ ၿပိဳင္ပြဲမ်ားအနက္ နာမည္ေက်ာ္လူႀကိဳက္အမ်ားဆုံးၿပိဳင္ပြဲတစ္ခုျဖစ္သည္။ ဤၿပိဳင္ပြဲကို Telenor, KBZ ႏွင့္ Huawei တို႔မွ အဓိက စပြန္ဆာမ်ားအျဖစ္ ပံ့ပိုးကူညီေပးခဲ့သည္။ ဆက္သြယ္ေရးနည္းပညာပိုင္းတြင္ဦးေဆာင္ေနေသာ Telenor ႏွင့္ ကမာၻ႔စမတ္ဖုန္းနယ္ပယ္တြင္ ထိပ္တန္းဦးေဆာင္ေနေသာ Huaweiကုမၸဏီတို႔သည္ E-sports က႑ကို စဥ္ဆက္မျပတ္ ပံ့ပိုးေပးလာလ်က္ရွိၿပီး ထိုကဲ့သို႔ နည္းပညာႏွင့္ ဆက္သြယ္ေရးကုမၸဏီႀကီးမ်ား၏ပါဝင္လာမႈေၾကာင့္ E-sports ၿပိဳင္ပြဲမ်ားကိုယခင္ကထက္ပိုမို တိုးတက္လာၿပီး ဝါသနာရွင္ မည္သူမဆို လြယ္ကူစြာ ပါဝင္ယွဥ္ၿပိဳင္ႏိုင္သည့္ အခြင့္အေရးမ်ားကို ဖန္တီးေပးႏိုင္ခဲ့ျခင္းျဖစ္သည္။

Moonton Technology ၏ E-sport manager ျဖစ္သူ Zhaung Zhong က “ျမန္မာႏိုင္ငံက ကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့ေဈးကြက္တစ္ခုျဖစ္တဲ့အတြက္အခုလို Mobile Legends Professional League (MPL) ကိုျမန္မာႏိုင္ငံမွာ Season 3 စီစဥ္က်င္းပႏိုင္လာခဲ့တဲ့အတြက္စိတ္လႈပ္ရွားၿပီး ေပ်ာ္ရပါတယ္။ အရင္ကတည္းက ျမန္မာမွာ ကြၽန္ေတာ္တို႔ ေတာက္ေလွ်ာက္ၿပိဳင္ပြဲေတာ္ေတာ္မ်ားမ်ား စီစဥ္ခဲ့ၿပီးပါၿပီ။ အဲဒီပြဲေတြမွာ တကယ္ကို အရည္အခ်င္းရွိၿပီး ပါရမီရွိတဲ့ ျမန္မာ လူငယ္ကစားသမားေတြ အမ်ားႀကီးရွိတယ္ဆိုတာကို သိခဲ့ရပါတယ္။ ျမန္မာႏိုင္ငံ E-sports က႑ကို အခုလက္ရွိရွိေနတဲ့ အေျခအေနထက္ပိုတိုးတက္ေအာင္၊ ႏိုင္ငံတကာ အဆင့္မီ ဖြံ႕ၿဖိဳးတိုးတက္ လာေအာင္ ပံ့ပိုးကူညီေပးသြားဖို႔နဲ႔ ျမန္မာ့ Esports ကစားသမားအဖြဲ႕ေတြကို ႏိုင္ငံတကာဂိမ္းၿပိဳင္ပြဲႀကီးေတြအထိဝင္ေရာက္ယွဥ္ၿပိဳင္သြားႏိုင္ဖို႔တတ္ႏိုင္သေလာက္ လက္တြဲကူညီေပးသြားခ်င္တာကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ပါ” ဟု ေျပာၾကားသြားခဲ့သည္။

ျမန္မာႏိုင္ငံ Mobile Legends Professional League (MPL) Season 3 အတြက္ Registration ကို ၂၀၁၉ခုႏွစ္၊ ဇူလိုင္လ တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး စုစုေပါင္း ကစားသမားအသင္း ၂၅၆ သင္းပါဝင္ယွဥ္ၿပိဳင္ခဲ့သည္။ပထမအဆင့္ အြန္လိုင္းၿပိဳင္ပြဲတြင္ အသင္းမ်ားကိုအဖြဲ႕ ၄ ဖြဲ႕ ခြဲထားၿပီးယွဥ္ၿပိဳင္ေစခဲ့ရာ အႏိုင္ရရွိခဲ့ေသာ အသင္းမ်ားျဖစ္ၾကသည့္ Mega Myanmar, Team Cyanide, Outworld ႏွင့္ Narcos Esport တို႔အျပင္ Mobile Legends Professional League (MPL) Season 2 မွ တိုက္႐ိုက္တက္လွမ္းခြင့္ရရွိခဲ့ေသာ အသင္း ၄ သင္း YG, BG, Claw ႏွင့္ Illusion စုစုေပါင္းအသင္း ၈ သင္းမွ ဒုတိယအဆင့္ Regular Season ၿပိဳင္ပြဲသို႔တက္ေရာက္ခြင့္ ရခဲ့ၾကသည္။ ထို႔အဆင့္ၿပိဳင္ပြဲမ်ားမွ Season 3 က်င္းပေသာ ဖိုင္နယ္ၿပိဳင္ပြဲႀကီးကိုအသင္း ၆ သင္းမွ တက္ေရာက္ရန္အရည္အခ်င္း ျပည့္မီခဲ့ၿပီး ထိုအသင္းမ်ားမွာ Burmese Ghouls, Team Cyanide, Claw Esports, Mega Myanmar, Outworld Esports ႏွင့္ Yangon Galaticos တို႔ျဖစ္ၾကသည္။ ၿပိဳင္ပြဲတြင္ ထိုအသင္း ၆သင္းမွ ခ်န္ပီယံဆုႏွင့္ မေလးရွားႏိုင္ငံတြင္ သြားေရာက္ယွဥ္ၿပိဳင္ရမည့္ အခြင့္အေရးအတြက္ အခ်င္းခ်င္းယွဥ္ၿပိဳင္ကစားခဲ့ၾကသည္။

ျမန္မာႏိုင္ငံတြင္းမွာထိပ္တန္းဉီးေဆာင္ေနတဲ့ေဒတာကြန္ယက္ ဝန္ေဆာင္မႈ ကုမၸဏီတစ္ခုျဖစ္တာနဲ႔အညီ ျမန္မာႏိုင္ငံတလႊားက ကစားသမားေတြကို အခုလို အင္တာနက္ကြန္ယက္နဲ႔ ဂိမ္းေတြကစားတဲ့အခါ အခက္အခဲ တစ္စုံတစ္ရာ မရွိဘဲ ေခ်ာေခ်ာေမြ႕ေမြ႕ကစားလို႔ရေအာင္ အေကာင္းဆုံး ဆက္သြယ္ေရး ကြန္ယက္တစ္ခုကို ကြၽန္ေတာ္တို႔က ပံ့ပိုးေပးခ်င္တာ ပါ။ Telenor ကလည္း ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုအတြင္းမွာ ဆက္သြယ္ေရး နည္းပညာနယ္ပယ္မွာ ဦးေဆာင္ခဲ့တဲ့ ကုမၸဏီျဖစ္ခဲ့ၿပီး ေနာင္အနာဂတ္မွာလည္း ဆက္လက္ဦီးေဆာင္သြားႏိုင္ဖို႔ႀကိဳးစားသြားမွာပါ” ဟု Telenor ၏ Digital Marketing Manager ျဖစ္သူ ကိုထူးေအာင္က ေျပာၾကားခဲ့သည္။

Mobile Legends Professional League (MPL) Season 3 ဖိုင္နယ္ၿပိဳင္ပြဲသို႔ ကစားသမားမ်ား၊ ဝါသနာရွင္မ်ား ႏွင့္ စိတ္ဝင္စားသူလူငယ္မ်ားစြာအျပင္နာမည္ေက်ာ္ကစားသမာမ်ားလည္းတက္ေရာက္ခဲ့ပါသည္။ ထို႔အျပင္ ႏိုင္ငံေက်ာ္ အႏုပညာရွင္မ်ားျဖစ္သည့္Idiots Band ႏွင့္ ေဝလတို႔၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားလည္း ပါဝင္ခဲ့ပါသည္။ ၿပိဳင္ပြဲစဥ္တစ္ခု လုံးကို Mobile Legends’ Myanmar တရားဝင္ Facebook စာမ်က္ႏွာတြင္ Live ျပသခဲ့သည္။

“နည္းပညာတီထြင္ဆန္းသစ္မႈႏွင့္ဒီဇိုင္းပညာတို႔ကို ေရာေႏွာေပါင္းစပ္ၿပီး အရည္အေသြးျမင့္ နည္းပညာျမင့္ ထုတ္ကုန္ ေတြကိုထုတ္လုပ္ၿပီးစားသုံးသူေတြဆီ ယူေဆာင္လာေပးဖို႔က Huawei ရဲ႕ ရည္မွန္းခ်က္ပဲ ျဖစ္ပါတယ္။ အခုလို အာရွမွာ နာမည္အေက်ာ္ၾကားဆုံး ဂိမ္းတစ္ခုျဖစ္တဲ့ Mobile Legends နဲ႔ လက္တြဲၿပီး ႏိုင္ငံတြင္းက အရည္အခ်င္းရွိ လူငယ္ကစားသမားေတြ၊အဖြဲ႕ေတြနဲ႔ ဝါသနာရွင္ေတြကိုစမတ္ဖုန္းေတြကေနအေကာင္းဆုံး ဂိမ္းကစားမႈအေတြ႕အႀကဳံကို ေပးစြမ္းႏိုင္တဲ့ အတြက္ဝမ္းသာမိပါတယ္” ဟုHuawei ၏ Marketing Director Huawei Consumer Business Group ျဖစ္သူမခင္ရတနာဝင္းက ေျပာၾကားခဲ့သည္။

MPL MM S3 ၿပိဳင္ပြဲတြင္အႏိုင္ရရွိသြားခဲ့ေသာ Burmese Ghouls ခ်န္ပီယံအသင္းကိုဆုေၾကးေငြ အေမရိကန္ေဒၚလာ ၁၃၀၀၀ အျပင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွထိပ္တန္းကစားသမားမ်ားႏွင့္ယွဥ္ၿပိဳင္ခြင့္ အခြင့္အေရးကိုလည္း ရရွိမည္ ျဖစ္သည္။ 1st Runner Up ရရွိသြားခဲ့သည့္ Team Cyanide အသင္းကို အေမရိကန္ေဒၚလာ ၆၀၀၀၊ 2nd Runner Up ရရရွိခဲ့သည့္ Claw Esports အသင္းကိုအေမရိကန္ေဒၚလာ ၃၀၀၀၊ 3rd Runner Up ရရွိခဲ့သည့္ Yangon Galacticos အသင္းကို အေမရိကန္ေဒၚလာ ၂၀၀၀၊ 4th and 5th Runner Up ရရွိခဲ့သည္ MEGA Myanmar အသင္းကိုႏွင့္ Out World Esports အသင္းကို အေမရိကန္ေဒၚလာ ၁၀၀၀ စီ ဆုေၾကးေငြမ်ား အသီးသီးခ်ီးျမႇင့္ေပးသြားခဲသည္။