တရုတ် လျှပ်စစ်ကား ကုမ္ပဏီ BYD က စင်ကာပူမှာ ATTO 3 SUV ကို ရောင်းချလိုက်ပါတယ်။ ATTO 3 ဟာ BYD ရဲ့ စွမ်းရည်အမြင့်ဆုံး လျှပ်စစ်ကား ဖြစ်ပြီး စင်ကာပူရဲ့ လျှပ်စစ်ကား ဈေးကွက်မှာ အပြိုင်အဆိုင် ပိုများလာပါပြီ။

Atto 3 Launch

BYD ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က စင်ကာပူ ဈေးကွက်ကို ဝင်ရောက်ပြီးကတည်းက  တက္ကစီ၊ ဘတ်စ်၊ ထရပ်၊ ကုန်တင် အပါအဝင် လျှပ်စစ်ကားများစွာကို မိတ်ဆက်ပြီးပါပြီ။ ကုမ္ပဏီဟာ အရှေ့တောင်အာရှမှာ ဈေးကွက် တိုးချဲ့နေပါတယ်။

202-BYD-Atto-3-singapore-

BYD ATTO 3 ဟာ MG HS Plug-in Hybrid နဲ့ Hyundai Kona Electric တို့အတွက် ပြိုင်ဖက်ကောင်း ဖြစ်လာမှာပါ။ BYD က ATTO 3 ကို တရုတ်မှာ Yuan Plus အမည်နဲ့ ရောင်းချထားတာ ဖြစ်ပါတယ်။ ATTO 3 ကို စွမ်းဆောင်ရည်မြင့်မားဖို့၊ လှပဖို့၊ စွမ်းအင် စားသုံးမှု သက်သာဖို့နဲ့ ဘေးကင်းစေဖို့အတွက် ရည်ရွယ်ဖန်တီးထားပါတယ်။

ATTO 3 မှာ BYD ရဲ့ Dragon Face 3.0 Design Language ကို အသုံးပြုထားပြီး အတွင်းဘက် Design ဟာ Sport ဆန်ပါတယ်။ လူငယ်တွေအတွက် အထူး ထုတ်လုပ်ထားတာ ဖြစ်ပြီး BYD ရဲ့ Designer ချုပ် Wolfgang Egger ရဲ့ လက်ရာ ဖြစ်ပါတယ်။ အရွယ်အစား အပြည့်အစုံက 4455/1875/1615mm ဖြစ်ပြီး Wheelbase က 2720mm ဖြစ်ပါတယ်။ ၇.၃ စက္ကန့်အတွင်း 0 ကနေ 100 km/h အထိ အရှိန်မြှင့်နိုင်တဲ့ 150kW Motor တပ်ဆင်ထားပြီး ၁ ခါ အားအပြည့်သွင်းထားရင် ၄၈၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

BYD ATTO 3 ရဲ့ စျေးနှုန်းကို စင်ကာပူ ဒေါ်လာ ၁၇၈,၈၈၈ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၂,၃၀၀ ဝန်းကျင် ရှိပါတယ်။

Ref : gizmochina