[Zawgyi]

မၾကာေသးခင္က ထြက္ရွိလာတဲ့သတင္းေတြသာမွန္မယ္ဆိုရင္ Call of Duty ဂိမ္းကို ဖုန္းေတြမွာ ကစားရဖို႔ သိပ္မလိုေတာ့ပါဘူး။Call of Duty : Legends of War လို႔သိၾကတဲ့ ဒီ First-Person Shooter ဂိမ္းကို 2018ခုႏွစ္ေႏွာင္းပိုင္းမွာ မိတ္ဆက္ခဲ့ျပီးေတာ့ တစ္ခ်ိဳ႕ႏိုင္ငံေတြကို စမ္းသပ္ကစားခြင့္ေပးခဲ့ပါေသးတယ္။ ေနာက္ပိုင္းမွာေတာ့ Activision Companyဟာ ဂိမ္းရဲ႕နာမည္ကို Call of Duty : Mobile ျဖစ္တယ္လုိ႔ တရားဝင္ေၾကျငာခဲ့ျပီး Android နဲ႔ iOS ဖုန္းေတြအတြက္ Public Beta Versionကိုလည္း ထုတ္ေပးခဲ့ပါတယ္။

အိႏၵိယႏိုင္ငံရဲ႕ နည္းပညာ Website တစ္ခုျဖစ္တဲ့ Digit ရဲ႕အဆိုအရေတာ့ Call of Duty : Mobileကို (၂၀၁၉)ခုႏွစ္ ႏိုဝင္ဘာလ (၁၄)ရက္ေန႔ နဲ႔ (၁၅)ရက္ေန႔မွာ ျပဳလုပ္က်င္းပမယ့္ Unite India 2019 ပြဲမွာ တစ္ရားဝင္မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။အိႏၵိယႏိုင္ငံက စမ္းသပ္ကစားမယ့္သူေတြအတြက္ Beta Versionကိုေတာ့ ဇူလိုင္လကတည္းက ထုတ္ေပးသြားမွာျဖစ္ျပီး လက္ရွိမွာျဖစ္ေပၚေနတဲ့ PUBG Mobileအေပၚ ဆန္႔က်င္မွဳေတြဟာ Call of Duty : Mobile အေပၚမွာေကာ ရိုက္ခတ္လာႏိုင္မလားဆိုတာကလည္း စိတ္ဝင္စားေကာင္းေနပါတယ္။

Call of Duty ရဲ႕ မိုဘုိင္းလ္ Version ဟာ မူလဂိမ္းရဲ႕ ဇာတ္ေကာင္ေတြျဖစ္တဲ့ Ghost, Price တို႔ပါဝင္လာမွာျဖစ္ျပီး တစ္ျခားေသာ အစိတ္အပိုင္းေတြကိုလည္း ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Call of Duty Series ရဲ႕ ပရိတ္သတ္ ေတြရင္းႏွီးျပီးသား Nuketown, Killhouse, Hijacked, Crossfire, Standoff နဲ႔ Crashဆိုတဲ့ Map (၆)ခုလည္း ပါဝင္ဦးမွာျဖစ္ပါတယ္ Beta Versionမွာေတာ့ Free4all, Search and Destroy, Team Deathmatch နဲ႔ Frontline ဆိုတဲ့ multiplayer mode  (၄)မ်ိဳးပါဝင္လာမွာျဖစ္ျပီး Zombie Modeကိုလည္း ထည့္သြင္းေပးထားမယ္လို႔ သိရပါတယ္။တစ္ကမၻာလံုးကို တရားဝင္ျဖန္႔ခ်ိတဲ့အခါမွာေတာ့ PUBG Mobile တို႔ Fortnite တို႔လို Battle Royale Mode လည္းပါဝင္လာႏိုင္တယ္လို႔သိရပါတယ္။Call of Duty : Mobileရဲ႕ Official Trailer ေလးကိုေတာ့ ေအာက္မွာၾကည့္ရႈႏိုင္ပါတယ္။

Source : techrader

[Unicode]

မကြာသေးခင်က ထွက်ရှိလာတဲ့သတင်းတွေသာမှန်မယ်ဆိုရင် Call of Duty ဂိမ်းကို ဖုန်းတွေမှာ ကစားရဖို့ သိပ်မလိုတော့ပါဘူး။Call of Duty : Legends of War လို့သိကြတဲ့ ဒီ First-Person Shooter ဂိမ်းကို 2018ခုနှစ်နှောင်းပိုင်းမှာ မိတ်ဆက်ခဲ့ပြီးတော့ တစ်ချို့နိုင်ငံတွေကို စမ်းသပ်ကစားခွင့်ပေးခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ Activision Companyဟာ ဂိမ်းရဲ့နာမည်ကို Call of Duty : Mobile ဖြစ်တယ်လို့ တရားဝင်ကြေငြာခဲ့ပြီး Android နဲ့ iOS ဖုန်းတွေအတွက် Public Beta Versionကိုလည်း ထုတ်ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နည်းပညာ Website တစ်ခုဖြစ်တဲ့ Digit ရဲ့အဆိုအရတော့ Call of Duty : Mobileကို (၂၀၁၉)ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့ နဲ့ (၁၅)ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် Unite India 2019 ပွဲမှာ တစ်ရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။အိန္ဒိယနိုင်ငံက စမ်းသပ်ကစားမယ့်သူတွေအတွက် Beta Versionကိုတော့ ဇူလိုင်လကတည်းက ထုတ်ပေးသွားမှာဖြစ်ပြီး လက်ရှိမှာဖြစ်ပေါ်နေတဲ့ PUBG Mobileအပေါ် ဆန့်ကျင်မှုတွေဟာ Call of Duty : Mobile အပေါ်မှာကော ရိုက်ခတ်လာနိုင်မလားဆိုတာကလည်း စိတ်ဝင်စားကောင်းနေပါတယ်။

Call of Duty ရဲ့ မိုဘိုင်းလ် Version ဟာ မူလဂိမ်းရဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Ghost, Price တို့ပါဝင်လာမှာဖြစ်ပြီး တစ်ခြားသော အစိတ်အပိုင်းတွေကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Call of Duty Series ရဲ့ ပရိတ်သတ် တွေရင်းနှီးပြီးသား Nuketown, Killhouse, Hijacked, Crossfire, Standoff နဲ့ Crashဆိုတဲ့ Map (၆)ခုလည်း ပါဝင်ဦးမှာဖြစ်ပါတယ် Beta Versionမှာတော့ Free4all, Search and Destroy, Team Deathmatch နဲ့ Frontline ဆိုတဲ့ multiplayer mode  (၄)မျိုးပါဝင်လာမှာဖြစ်ပြီး Zombie Modeကိုလည်း ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။တစ်ကမ္ဘာလုံးကို တရားဝင်ဖြန့်ချိတဲ့အခါမှာတော့ PUBG Mobile တို့ Fortnite တို့လို Battle Royale Mode လည်းပါဝင်လာနိုင်တယ်လို့သိရပါတယ်။Call of Duty : Mobileရဲ့ Official Trailer လေးကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။

Source : techrader