Zawgyi

အခုႏွစ္ပုိင္းအတြင္းမွာ PUBG နဲ႔ Fortnite ဂိမ္းေတြရဲ႕ေအာင္ျမင္မႈနဲ႔အတူ Battle Royale ဂိမ္းအမ်ဳိးအစားဟာ တစ္ကမာၻလုံးအတုိင္းအတာျဖင့္ ေအာင္ျမင္မႈရရွိေနၿပီး စမတ္ဖုန္းေတြေပၚကိုလည္း ျဖန္႔က်က္လာပါၿပီ။ စမတ္ဖုန္းထုတ္လုပ္သူေတြကလည္း Shooter ဂိမ္းေတြအတြက္ လုိက္ဖက္တဲ့ Specs ကို တုိးျမွင့္ေပးလာသလို Gaming ဦးစားေပးစမတ္ဖုန္းေတြျဖစ္တဲ့ Asus ROG II, Razer Phone 2, Black Shark 2 Pro တုိ႔လို ဟန္းဆက္အသစ္ေတြကို ထုတ္လုပ္လာခဲ့ပါတယ္။

Call of Duty ဂိမ္းဟာ ကမာၻေပၚမွာ လူႀကိဳက္အမ်ားဆုံး First-person Shooter (FPS) ဂိမ္းေတြထဲက တစ္ခုျဖစ္ၿပီး ကြန္ျပဴတာနဲ႔ ကြန္ဆုိးဂိမ္းစက္ေတြေပၚမွာ စီးရီးမ်ားစြာထြက္ရွိထားတဲ့ ဂိမ္းစီးရီးျဖစ္ပါတယ္။ ယေန႔မွာ CoD ရဲ႕ပုိင္ရွင္ Activision နဲ႔ Tencent Games တုိ႔ပူးေပါင္းကာ Call of Duty: Mobile ဂိမ္းအသစ္ကို Android မုိဘုိင္းပလက္ေဖာင္းေပၚသို႔ ပို႔ေဆာင္ေပးလိုက္ၿပီျဖစ္ပါတယ္။

ဒီဂိမ္းဟာ CoD စီးရီး အမာခံပရိသတ္ေတြေရာ၊ ပုံမွန္မုိဘုိင္းဂိမ္မာေတြကိုပါ ဆြဲေဆာင္ဖို႔ ႀကိဳးစားလာၿပီး Game Mode အေနနဲ႔ Free-For-All, Team Deathmatch, Frontline, Hardpoint, Domination စတာေတြအျပင္ ေနာက္ဆုံး Battle Royale Mode ကိုပါ ထည့္ေပးလာခဲ့ပါတယ္။ ကစားသူေတြအေနနဲ႔ FPS ရႈေထာင့္ကသာ မကဘဲ မုိဘုိင္းမွာျမင္ေနၾက Battle Royale ဂိမ္းေတြလို Third-person အျမင္ကေနလည္း ကစားလုိ႔ရမွာျဖစ္ပါတယ္။

ဒါ့အျပင္ အမာခံပရိသတ္ေတြ မုိဘုိင္းေပၚ လာေပ်ာ္လုိ႔ရေအာင္လည္း Classic Maps ေတြသာမက CoD စီးရီးထဲက လူသိမ်ား ဂိမ္းကာရုိက္တာေတြ၊ လက္နက္ေတြကို ျပန္ျမင္ရဦးမွာပါ။ ေလာေလာဆယ္မွာေတာ့ ထြက္ရွိၿပီး ဘယ္ေလာက္မွ မၾကာေသးခင္ ေဆာ့ကစားသူမ်ားျပားတဲ့အတြက္ အခ်ဳိ႕ကစားသူေတြ ဂိမ္းထဲဝင္လို႔မရတဲ့ထိ ျဖစ္ခဲ့ရပါတယ္။

Call of Duty: Mobile ကို အခုခ်ိန္မွာ Google Play Store ကေန အခမဲ့ Download ျပဳလုပ္ၿပီး ေဆာ့ကစားႏုိင္ပါၿပီ။ သတိျပဳဖုိ႔က သင့္ဖုန္းမွာ အနည္းဆုံး 2GB RAM မန္မုိရီရွိမွ ကစားႏုိင္မွာျဖစ္သလို File Size ကလည္း 1.7GB နီးပါး ရွိတာပါပဲ။ အခ်ဳိ႕ Feature ေတြကို ထုံးစံအတုိင္း ေငြေပးဝယ္ယူရမွာျဖစ္ေပမယ့္ ဂိမ္းကိုေတာ့ အခမဲ့ကစားႏုိင္မွာပါ။

Ref – GSM Arenaa

Unicode

အခုနှစ်ပိုင်းအတွင်းမှာ PUBG နဲ့ Fortnite ဂိမ်းတွေရဲ့အောင်မြင်မှုနဲ့အတူ Battle Royale ဂိမ်းအမျိုးအစားဟာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အောင်မြင်မှုရရှိနေပြီး စမတ်ဖုန်းတွေပေါ်ကိုလည်း ဖြန့်ကျက်လာပါပြီ။ စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း Shooter ဂိမ်းတွေအတွက် လိုက်ဖက်တဲ့ Specs ကို တိုးမြှင့်ပေးလာသလို Gaming ဦးစားပေးစမတ်ဖုန်းတွေဖြစ်တဲ့ Asus ROG II, Razer Phone 2, Black Shark 2 Pro တို့လို ဟန်းဆက်အသစ်တွေကို ထုတ်လုပ်လာခဲ့ပါတယ်။

Call of Duty ဂိမ်းဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး First-person Shooter (FPS) ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး ကွန်ပြူတာနဲ့ ကွန်ဆိုးဂိမ်းစက်တွေပေါ်မှာ စီးရီးများစွာထွက်ရှိထားတဲ့ ဂိမ်းစီးရီးဖြစ်ပါတယ်။ ယနေ့မှာ CoD ရဲ့ပိုင်ရှင် Activision နဲ့ Tencent Games တို့ပူးပေါင်းကာ Call of Duty: Mobile ဂိမ်းအသစ်ကို Android မိုဘိုင်းပလက်ဖောင်းပေါ်သို့ ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒီဂိမ်းဟာ CoD စီးရီး အမာခံပရိသတ်တွေရော၊ ပုံမှန်မိုဘိုင်းဂိမ်မာတွေကိုပါ ဆွဲဆောင်ဖို့ ကြိုးစားလာပြီး Game Mode အနေနဲ့ Free-For-All, Team Deathmatch, Frontline, Hardpoint, Domination စတာတွေအပြင် နောက်ဆုံး Battle Royale Mode ကိုပါ ထည့်ပေးလာခဲ့ပါတယ်။ ကစားသူတွေအနေနဲ့ FPS ရှုထောင့်ကသာ မကဘဲ မိုဘိုင်းမှာမြင်နေကြ Battle Royale ဂိမ်းတွေလို Third-person အမြင်ကနေလည်း ကစားလို့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အမာခံပရိသတ်တွေ မိုဘိုင်းပေါ် လာပျော်လို့ရအောင်လည်း Classic Maps တွေသာမက CoD စီးရီးထဲက လူသိများ ဂိမ်းကာရိုက်တာတွေ၊ လက်နက်တွေကို ပြန်မြင်ရဦးမှာပါ။ လောလောဆယ်မှာတော့ ထွက်ရှိပြီး ဘယ်လောက်မှ မကြာသေးခင် ဆော့ကစားသူများပြားတဲ့အတွက် အချို့ကစားသူတွေ ဂိမ်းထဲဝင်လို့မရတဲ့ထိ ဖြစ်ခဲ့ရပါတယ်။

Call of Duty: Mobile ကို အခုချိန်မှာ Google Play Store ကနေ အခမဲ့ Download ပြုလုပ်ပြီး ဆော့ကစားနိုင်ပါပြီ။ သတိပြုဖို့က သင့်ဖုန်းမှာ အနည်းဆုံး 2GB RAM မန်မိုရီရှိမှ ကစားနိုင်မှာဖြစ်သလို File Size ကလည်း 1.7GB နီးပါး ရှိတာပါပဲ။ အချို့ Feature တွေကို ထုံးစံအတိုင်း ငွေပေးဝယ်ယူရမှာဖြစ်ပေမယ့် ဂိမ်းကိုတော့ အခမဲ့ကစားနိုင်မှာပါ။

Ref – GSM Arenaa