Zawgyi

Call of Duty: Mobile ဂိမ္းက အခုေနာက္ပိုင္းမွာ PUBG Mobile လိုမ်ိဳးပဲ ေဆာ့ကစားသူမ်ားျပားလာတဲ့ Battle Royale ဂိမ္းတစ္ခုလို႔ ေျပာရမွာပါ။ အခုအခ်ိန္မွာေတာ့ Call of Duty: Mobile ေဆာ့ကစားသူေတြအတြက္ အေရးႀကီးတဲ့ Feature ၂ ခုပါဝင္လာတဲ့ Update အသစ္ကို မိတ္ဆက္လိုက္ပါၿပီ။

ဒါကေတာ့ Controller Support ျပဳလုပ္လာတာနဲ႔ Zombie Mode ပါဝင္လာတာပဲျဖစ္ပါတယ္။ Call of Duty: Mobile ရဲ႕ Developer ျဖစ္တဲ့ Activision ကေန အခုလအေစာပိုင္းတုန္းက Controller Support အတြက္ စတင္စမ္းသပ္ေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီးေတာ့ အခုအခ်ိန္မွာေတာ့ ေနာက္ဆုံးထြက္ Update နဲ႔အတူ Support ျပဳလုပ္လာခဲ့တာပါ။ ေလာေလာဆယ္မွာေတာ့ လက္ရွိ Bluetooth Controller ေတာ္ေတာ္မ်ားမ်ားနဲ႔ အသုံးျပဳလို႔ရမွာျဖစ္သလို ေနာက္ပိုင္းမွာလည္း တရားဝင္ Support လုပ္တဲ့ Controller ေတြကို ေဖာ္ျပေပးသြားမယ္လို႔လည္း သိရပါတယ္။

အခု Update အသစ္မွာဆိုရင္ Maps အသစ္ေတြ၊ Battle Pass Feature နဲ႔ ေတာင္းဆိုမႈမ်ားျပားတဲ့ Zombie Mode ကိုပါ ထည့္သြင္းလာမွာျဖစ္ပါတယ္။ အခု Update ကိုေတာ့ Region ေပၚမႈတည္ၿပီးေတာ့ ဒီ ႏိုဝင္ဘာလ ၂၂ ရက္၊ ၂၃ ရက္ေတြမွာ စတင္ Download ျပဳလုပ္ႏိုင္မယ္လို႔လည္း သိရပါတယ္။

က်န္တဲ့ Feature အသစ္ေတြကိုေတာ့ တရားဝင္ Update ထုတ္ေပးတဲ့အခ်ိန္မွာ သိရမွာျဖစ္သလို Battle Pass Feature အသစ္ကိုလည္း လာမယ့္ ႏိုဝင္ဘာလ ၂၅ ရက္ေန႔က စတင္ၿပီးေတာ့ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ Call of Duty: Mobile ေဆာ့ကစားသူေတြအတြက္ကေတာ့ သတင္းေကာင္းလို႔ ေျပာရမွာပါ။

Ref – Phone Arena

Unicode

Call of Duty: Mobile ဂိမ်းက အခုနောက်ပိုင်းမှာ PUBG Mobile လိုမျိုးပဲ ဆော့ကစားသူများပြားလာတဲ့ Battle Royale ဂိမ်းတစ်ခုလို့ ပြောရမှာပါ။ အခုအချိန်မှာတော့ Call of Duty: Mobile ဆော့ကစားသူတွေအတွက် အရေးကြီးတဲ့ Feature ၂ ခုပါဝင်လာတဲ့ Update အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

ဒါကတော့ Controller Support ပြုလုပ်လာတာနဲ့ Zombie Mode ပါဝင်လာတာပဲဖြစ်ပါတယ်။ Call of Duty: Mobile ရဲ့ Developer ဖြစ်တဲ့ Activision ကနေ အခုလအစောပိုင်းတုန်းက Controller Support အတွက် စတင်စမ်းသပ်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ နောက်ဆုံးထွက် Update နဲ့အတူ Support ပြုလုပ်လာခဲ့တာပါ။ လောလောဆယ်မှာတော့ လက်ရှိ Bluetooth Controller တော်တော်များများနဲ့ အသုံးပြုလို့ရမှာဖြစ်သလို နောက်ပိုင်းမှာလည်း တရားဝင် Support လုပ်တဲ့ Controller တွေကို ဖော်ပြပေးသွားမယ်လို့လည်း သိရပါတယ်။

အခု Update အသစ်မှာဆိုရင် Maps အသစ်တွေ၊ Battle Pass Feature နဲ့ တောင်းဆိုမှုများပြားတဲ့ Zombie Mode ကိုပါ ထည့်သွင်းလာမှာဖြစ်ပါတယ်။ အခု Update ကိုတော့ Region ပေါ်မှုတည်ပြီးတော့ ဒီ နိုဝင်ဘာလ ၂၂ ရက်၊ ၂၃ ရက်တွေမှာ စတင် Download ပြုလုပ်နိုင်မယ်လို့လည်း သိရပါတယ်။

ကျန်တဲ့ Feature အသစ်တွေကိုတော့ တရားဝင် Update ထုတ်ပေးတဲ့အချိန်မှာ သိရမှာဖြစ်သလို Battle Pass Feature အသစ်ကိုလည်း လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့က စတင်ပြီးတော့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Call of Duty: Mobile ဆော့ကစားသူတွေအတွက်ကတော့ သတင်းကောင်းလို့ ပြောရမှာပါ။

Ref – Phone Arena