ပြီးခဲ့တဲ့ နှစ်က ထွက်ရှိခဲ့တဲ့ Call Of Duty WW2 ဟာ တော်တော်လေး အောင်မြင်ခဲ့တယ် လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခု အသစ်ထွက်ရှိလာမယ့် Call of Duty Black Ops 4 ကတော့ အရင်လို Single-Player Campaign တွေ မပါတော့ပဲနဲ့ Multiplayer Mode တွေ အရင်ထက် ပိုပါလာမယ်လို့ ဆိုပါတယ်။ Zombie Campaign ၃ ခု အပြင် Fortnite တို့ PUBG တို့ ကြိုက်တဲ့လူတွေ အတွက် Blackout လို့ခေါ်တဲ့ Mode လည်း ပါလာမယ်လို့ ဆိုပါတယ်။

Source: TechRadar

Call of Duty Black Ops 4 ကို အရင်ဂိမ်းတွေလိုပဲ Xbox One၊ PlayStation 4၊ PC တို့နဲ့ ဆော့လို့ ရပါမယ်။ တကယ်လို့ တချို့ ကောလဟာလ တွေသာ မှန်ခဲ့မယ်ဆိုရင် Nintendo Switch မှာပါ ဆော့လို့ရပါလိမ့်မယ်။

Source : TechRadar

လတ်တလော အတည်ပြုထားသမျှ သတင်းတွေ ကတော့ အဲ့လောက်ပါပဲ။ ဒီ Call of Duty Black Ops 4 ကိုတော့ လာမယ့် October 12 ကျရင် Release လုပ်သွားမှာပါ။ Zombie Mode တွေ Blackout တွေနဲ့ ဘယ်လိုတွေလာမလဲ ဆိုတာတော့ October ကျမှပဲ အတူတူ ဆော့ကြည့်ကြတာပေါ့။