YouTube Music ကတော့ Google ရဲ့ Music Streaming Service တစ်ခုပါ။ Google Play Music ရှိနေရဲ့သားနဲ့ ဘာလို့ YouTube Music ကိုအကောင်အထည် ဖော်ရတာလဲ။ အဖြေကရှင်းပါတယ်။ နှစ်ခုက မတူပါဘူး။

Google Play Music မှာ Singer တွေရဲ့ Official Songs တွေရနိုင်ပေမယ့် YouTube မှာတော့ Official Song တွေသာမက Cover Song တွေ၊ Remix တွေ အပြင် Music Video တွေပါရှိပါတယ်။ YouTube ကို ဝင်ကြည့်တဲ့သူအရေအတွက်မှာ Music အတွက် ဝင်ကြည့်တဲ့သူဟာ တစ်လကို တစ်ဘီလျံ ကျော်ရှိပါတယ်။ အဲ့လောက်ကောင်းတဲ့ ဈေးကွက်မှာ Streaming Service လုပ်တာထက် ပိုကောင်းတဲ့ အကြံဥာဏ် ရှိမယ်မထင်ပါဘူး။ YouTube Music ရဲ့ လစဉ်ကြေးကတော့ US မှာ $9.99 နဲ့ပါ။

YouTube Premium ဆိုတာ တကယ်တော့ YouTube Red ကို နာမည်ပြောင်းလိုက်တာပါပဲ။ Google ဟာ သူ့ရဲ့ YouTube Premium ကို Netflix ရဲ့ ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်အောင် လုပ်နေရတာနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။ သူ့ရဲ့ TV Show တွေ ဇာတ်လမ်းတွဲတွေဟာ ကောင်းပေမယ့်လည်း YouTube Premium ဟာ နေရာတိုင်း မရသေးတဲ့အတွက် Netflix နဲ့ယှဉ်ရင် အနည်းငယ်တော့ နောက်ကျနေပါသေးတယ်။ ပရိတ်သတ်ကြီးရော YouTube Premium သာ မြန်မာပြည်ရောက်လာခဲ့ရင် စမ်းကြည့်ဖို့ စဉ်းစားထားကြလား။

Source: TechRadar.com