Samsung Galaxy Note20+ က ဘယ်ဆီနေလဲ မသိသေးပေမယ့် Alibaba က ဈေးသည်တစ်ချို့ကတော့ Case တွေကို ရောင်းချဖို့ ပြင်ဆင်နေကြပါပြီ။ Galaxy Note20+ ရဲ့ Case cover ရောင်းဖို့အတွက် ဟန်းဆက်ရဲ့ Render အချို့ကိုလည်း ပြသခဲ့ကြပါတယ်။

Galaxy Note20+ ရဲ့ Render က အတိအကျကြီးမဟုတ်ပါဘူး။ အရှေ့ဘက်မျက်နှာပြင်က ခန့်မှန်းပြီးပုံဖော်ထားတာ ဖြစ်သလို၊ ကျောဘက်ကလည်း ဖြစ်နိုင်ခြေရှိတဲ့ပုံစံကို ဖော်ပြထားတာပါ။ ဒါပေမယ့် ဒီ Render တွေကိုကြည့်ပြီး Galaxy Note20+ ရဲ့ အရှေ့ဘက်မျက်နှာပြင်ဟာ Curved ဖြစ်ပြီး Note 20 ကတော့ Flat ပဲ ဖြစ်တယ်လို့ ယေဘုယျအားဖြင့် ကောက်ချက်ချထားနိုင်ပါတယ်။

Samsung အနေနဲ့ Galaxy Note20+ ကို Carved screen နဲ့ ဖန်တီးထားတယ်ဆိုပေမယ့် Side-mounted bezel အတွက် နေရာတွေတော့ ကျန်နေသေးတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ထိပ်ဘက်နဲ့အောက်ဘက်မှာလည်း မျက်နှာပြင်နဲ့ကိုယ်ထည် တွဲဖက်မှုအတွက် အနားကွပ်ကောင်းကို တွေ့မြင်ရပါတယ်။ ဒီ Render တွေက အတည်ပြုချက်မရသေးဘူးဆိုပေမယ့် အမှန်တကယ်ထွက်လာမယ့်ပုံစံနဲ့ သိပ်ပြီးကွာခြားမနေဘူးလို့ မျှော်လင့်ရပါတယ်။

Galaxy Note20 မှာတော့ Flat screen ပုံစံမျိုးပဲ တွေ့ရပါတယ်။ ဒီပုံစံကလည်း ကနဦးထွက်ပေါ်ထားတဲ့ Render အချို့နဲ့ တိုက်ဆိုင်ကြည့်ရင် တူညီတဲ့အချက်တွေရှိနေတာကို မြင်တွေ့ရပါတယ်။ အောက်ဘက်ခြမ်းမှာ USB-C, စပီကာပေါက်၊ mic ပေါက်၊ S Pen အတွက်အပေါက် စတာတွေကိုလည်း ဖောက်ထားပါသေးတယ်။

ကျောဘက်ကင်မရာတွေအတွက် နေရာချန်ထားပုံကတော့ ထွက်ခဲ့ပြီးသားသတင်းတွေအတိုင်းပဲ အပြောင်းအလဲမရှိပါဘူး။ စတုဂံပုံစံ ကင်မရာအိမ်အတွက် နေရာချန်ထားတာကလည်း ပုံမှန်ပဲလို့ ဆိုရပါလိမ့်မယ်။

Ref: GSM Arena