[Unicode]

Cat ဟာ ဆောက်လုပ်ရေး ယန္တရားတွေ ထုတ်တဲ့ ကုမ္ပဏီ အဖြစ် နာမည်ကြီးပါတယ်။ ဒါပေမယ့် Cat ဟာ စမတ်ဖုန်းတွေ ထုတ်နေတာ နှစ်အနည်းငယ်ရှိပါပြီ။ အခုတော့ Cat S32 ကို ချပြလိုက်ပါတယ်။ အဲဒီဖုန်းမှာ စွမ်းရည်မြင့် Processor နဲ့ Full Screen Display တော့ မပါပါဘူး။ ဘက်ထရီ သက်တမ်းနဲ့ အကြမ်းခ ံ စွမ်းရည်ကတော့ လန်ထွက်နေပါတ ယ်။စျေးနှုန်းကို ချိုသာအောင် ပြုလုပ်ပေးထားပါတယ်။

Cat S32 မှာ ၅.၅ လက်မ 720p Display တပ်ဆင်ထားပြီး မျက်နှာပြင်အချိုးက 18:9 ဖြစ်ပါတယ်။ Display ကို DragonTrail Pro Glass နဲ့ ကာကွယ်ထားပြီး ရေစိုလက်ဲနဲ့ သုံးနိုင်သလို လက်အိတ်၀တ်ထားရင်လည်း အိုကေပါတယ်။ IP68 ရေစိုခံစံနှုန်းပါလာပြီး ရေအနက် ၁.၅ မီတာမှာ ၃၅ မိနစ် သုံးနိုင်ပါတယ်။ MIL SPEC 810G စံနှုန်းပါလာပြီး တုန်ခါမှုကို ခံနိုင်သလို အမြင့် ၁.၈ မီတာကနေ ပြုတ်ကျတာကို ခံနိုင်ပါတယ်။ ကိုယ်ထည်ကို ရာဘာ ဒြပ်ထုနဲ့ တည်ဆောက်ထားပြီး ကိုင်တွယ်ရတာ မြဲမြံပါတယ်။ Push-to-talk Apps တွေအတွက် အသုံဝင်တဲ့ ခလုတ်ကို ဘယ်ဘက်မှာ တပ်ဆင်ထားပါတယ်။

S32 မှာ MediaTek Helio A20 Quad-core Chipset , 3GB RAM နဲ့ 32GB Storage တွေ ပါပါတယ်။ အဲဒီ Specs တွေက သိပ်မလန်းပါဘူး။ ဒါပေမယ့် ၂ ရက်လောက် အသုံးခံတဲ့ 4,200mAh ဘက်ထရီက လန်းပါတယ်။ CAT 6 LTE Speeds VoLTE , Wi-Fi calling. Bluetooth 5.0, NFC နဲ့ 3.5mm Headphone Jack တွေ ပါပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာတွေ ထည့်ထားပါတယ်။

S32 ကို www.CatPhones.com ကနေ ၂၉၉ ယူရိုနဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၄၈၀,၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena

[Zawgyi]

ေဆာက္လုပ္ေရး ယႏၲရားေတြ ထုတ္တဲ့ Cat က အၾကမ္းခံ စမတ္ဖုန္းကို မိတ္ဆက္

Cat ဟာ ေဆာက္လုပ္ေရး ယႏၲရားေတြ ထုတ္တဲ့ ကုမၸဏီ အျဖစ္ နာမည္ႀကီးပါတယ္။ ဒါေပမယ့္ Cat ဟာ စမတ္ဖုန္းေတြ ထုတ္ေနတာ ႏွစ္အနည္းငယ္ရွိပါၿပီ။ အခုေတာ့ Cat S32 ကို ခ်ျပလိုက္ပါတယ္။ အဲဒီဖုန္းမွာ စြမ္းရည္ျမင့္ Processor နဲ႔ Full Screen Display ေတာ့ မပါပါဘူး။ ဘက္ထရီ သက္တမ္းနဲ႔ အၾကမ္းခ ံ စြမ္းရည္ကေတာ့ လန္ထြက္ေနပါတယ္။ ေစ်းႏႈန္းကို ခ်ိဳသာေအာင္ ျပဳလုပ္ေပးထားပါတယ္။

Cat S32 မွာ ၅.၅ လက္မ 720p Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္အခ်ိဳးက 18:9 ျဖစ္ပါတယ္။ Display ကို DragonTrail Pro Glass နဲ႔ ကာကြယ္ထားၿပီး ေရစိုလက္ဲနဲ႔ သုံးႏိုင္သလို လက္အိတ္၀တ္ထားရင္လည္း အိုေကပါတယ္။ IP68 ေရစိုခံစံႏႈန္းပါလာၿပီး ေရအနက္ ၁.၅ မီတာမွာ ၃၅ မိနစ္ သုံးႏိုင္ပါတယ္။ MIL SPEC 810G စံႏႈန္းပါလာၿပီး တုန္ခါမႈကို ခံႏိုင္သလို အျမင့္ ၁.၈ မီတာကေန ျပဳတ္က်တာကို ခံႏိုင္ပါတယ္။ ကိုယ္ထည္ကို ရာဘာ ျဒပ္ထုနဲ႔ တည္ေဆာက္ထားၿပီး ကိုင္တြယ္ရတာ ၿမဲၿမံပါတယ္။ Push-to-talk Apps ေတြအတြက္ အသုံဝင္တဲ့ ခလုတ္ကို ဘယ္ဘက္မွာ တပ္ဆင္ထားပါတယ္။

S32 မွာ MediaTek Helio A20 Quad-core Chipset , 3GB RAM နဲ႔ 32GB Storage ေတြ ပါပါတယ္။ အဲဒီ Specs ေတြက သိပ္မလန္းပါဘူး။ ဒါေပမယ့္ ၂ ရက္ေလာက္ အသုံးခံတဲ့ 4,200mAh ဘက္ထရီက လန္းပါတယ္။ CAT 6 LTE Speeds VoLTE , Wi-Fi calling. Bluetooth 5.0, NFC နဲ႔ 3.5mm Headphone Jack ေတြ ပါပါတယ္။ အေနာက္ဘက္မွာ 13MP နဲ႔ အေရွ႕ဘက္မွာ 5MP ကင္မရာေတြ ထည့္ထားပါတယ္။

S32 ကို www.CatPhones.com ကေန ၂၉၉ ယူ႐ိုနဲ႔ ေရာင္းေပးထားၿပီး ျမန္မာေငြ ၄၈၀,၀၀၀ ေလာက္ရွိပါတယ္။

Ref : gsmarena