Caviar က တရုတ် နှစ်သစ်ကူးကို ဂုဏ်ပြုတဲ့အနေနဲ့ အထူးထုတ် Samsung Galaxy S21 Ultra ဖုန်းတွေကို ကြေညာလိုက်ပါတယ်။ နွားနှစ်ကို ဂုဏ်ပြုတဲ့ မော်ဒယ် ၁ လုံးနဲ့ တခြား မော်ဒယ်တွေ ပါလာပါတယ်။

Galaxy S21 Ultra Gold Ox မှာ 3D ရုပ်ကြွ နွားခေါင်းကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ နွားခေါင်းနဲ့ ဖုန်း Ring ကို ၂၄ ကာရက် ရွှေနဲ့ သွန်းလောင်းထားတဲ့အတွက် ကမ္ဘာ့ ဈေးအကြီးဆုံး ဖုန်း Grip လို့ပြောနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ စိန်တုံး ၂ တုံးကို နွား မျက်လုံးမှာ ထည့်သွင်းထားတဲ့ဒီဇိုင်းက လန်းပါတယ်။ ၂၁ လုံးပဲ ရောင်းမှာ ဖြစ်ပြီး ဒေါ်လာ ၂၀,၀၀၀ တန်ကြေးရှိကာ မြန်မာငွေ ၂၆၅ သိန်းလောက် ကျသင့်ပါတယ်။

နောက်မော်ဒယ် ၁ လုံးက Golden Line ဖြစ်ပြီး အနောက်ဘက်ကို ရွှေနဲ့ အလှဆင်ထားပါတယ်။ မျက်စိပသာဒ ဖြစ်စေတဲ့ Texture ကို အသုံးပြုထားပါတယ်။

နောက်မော်ဒယ် ၂ လုံးမှာတော့ Automotive Carbon Fiber သို့မဟုတ် မိကျောင်းသားရေကို အနောက်ဘက်မှာ ဖုံးအုပ်ထားပါတယ်။ အဲဒီ မော်ဒယ် ၃ လုံးဟာ ဒေါ်လာ ၆,၀၀၀ လောက်ကျသင့်ပြီး သိန်း ၈၀ လောက်တန်ကြေးရှိပါတယ်။ ၉၉ လုံးပဲ ထုတ်လုပ်ရောင်းချမှာပါ။

နောက်ဆုံး မော်ဒယ် ၁ လုံးက Golden 21 ဖြစ်ပြီး ၁၈ ကာရက် ရွှေနဲ့ ပြုလုပ်ထားပါတယ်။ Galaxy S21 Ultra ဖြစ်လို့  နံပါတ် ၂၁ ကိုလည်း ရွေးထွင်းထားပြီး ဈေးက အရမ်းမြောက်ပါတယ်။ ၇၇,၂၃၀ ဒေါ်လာ သတ်မှတ်ထားပြီး သိန်း ၁ ထောင်ကျော် တန်ကြေးရှိပါတယ်။

Ref : gsmarena