ရုရှားရဲ့ အထင်ကရ Luxury အမှတ်တံဆိပ်ဖြစ်တဲ့ Caviar ဟာ Samsung Galaxy Note 20 Ultra Limited Edition ကို မော်ဒယ်လေးမျိုး ထုတ်ထားပါတယ်။ လေးမျိုးစလုံးက Marble နဲ့ Rose gold ရောယှက်ထားတဲ့ Luxury ဒီဇိုင်းတွေပဲဖြစ်ပါတယ်။

Caviar ဟာ ဒီ Samsung Galaxy Note 20 Ultra Limited Edition လေးမျိုးလုံးရဲ့ နာမည်တွေကို အထင်ကရနေရာတွေအဖြစ် သတ်မှတ်ထားပါတယ်။ သုံးမျိုးကတော့ ဥရောပမှာဖြစ်ပြီး တစ်မျိုးကတော့ တရုတ်မှာ ဖြစ်ပါတယ်။ ရုရှားက St. Basils Cathedral, တူရကီက Hagia Sophia, ဂရိက Parthenon နဲ့ တရုတ်က Forbidden City တို့ ဖြစ်ပါတယ်။

Galaxy Note 20 Ultra Hagia Sophia ဗားရှင်းကို အနက်ရောင် စကျင်ကျောက်နဲ့ ပြုလုပ်ထားပါတယ်။ အလုံးရေ ၉၉ လုံးသာ ထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းကတော့ $5830 (၇၈ သိန်း ၆သောင်းခွဲဝန်းကျင်) သတ်မှတ်ထားပါတယ်။ Galaxy Note 20 Ultra Parthenon ဗားရှင်းကတော့ အဖြူနဲ့ မီးခိုးရောင်ဖျော့ စကျင်ကျောက်သားနဲ့ ပြုလုပ်ထားပြီး အပြင်ဘက်အလွှာကို Rose Gold ဗိမာန်တိုင်သုံးလုံးပုံစံ အလှဆင်ထားတာပါ။ သူလည်း ၉၉ လုံးပဲ ထုတ်မှာဖြစ်ပြီး ဈေးနှုန်းက $5750 (၇၇ သိန်း ၅ သောင်းခွဲဝန်းကျင်) ဖြစ်ပါတယ်။

Galaxy Note 20 Ultra Forbidden City Edition ကတော့ မီးခိုးနဲ့အစိမ်းရောင်ရောယှက်နေတဲ့ စကျင်ကျောက်သားကို အသုံးပြုပေးထားတာ ဖြစ်ပါတယ်။ အပြင်ဘက်အလွှာကို ရွှေနှင်းဆီပုံစံဒီဇိုင်းနဲ့ အလှဆင်ထားပါတယ်။ ၉၉ လုံးပဲ ထုတ်မှာဖြစ်ပြီး တန်ဖိုးကို $6060 (၈၁ သိန်း ၇ သောင်းခွဲဝန်းကျင်) သတ်မှတ်ထားပါတယ်။ Galaxy Note 20 Ultra Saint Basil’s Cathedral Edition ကတော့ မော်စကိုမှာရှိတဲ့ ရုရှားရဲ့ နာမည်ကျော် ဘုရားကျောင်းကို ကိုယ်စားပြုတာပါ။ အနီရောင်စကျင်ကျောက်သားကို သုံးထားပြီး ရွှေရောင် ကနုတ်ဖောင်းကြွဒီဇိုင်းဖော်ထားပါတယ်။ ကန့်သတ်အလုံးရေ ၉၉ လုံးပဲဖြစ်ပြီး ဈေးနှုန်းက $6260 (၈၄ သိန်း ၄ သောင်းခွဲဝန်းကျင်)  ဖြစ်ပါတယ်။

Specs တွေကတော့ သာမန် Galaxy Note 20 Ultra limited edition တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ 6.9-inch curved AMOLED မျက်နှာပြင်၊ 120Hz refresh rate နဲ့ ဖြစ်ပါတယ်။ 12GB of RAM, သိုလှောင်မှုက 256GB လည်း ဖြစ်ပါတယ်။ Caviar တွေကို ဝယ်ယူမယ်ဆိုရင်တော့ ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို အခမဲ့ ပို့ဆောင်ပေးမှာလည်း ဖြစ်ပါတယ်။

Caviar

Ref: GSM Arena