Caviar က Apple iPhone 13 Pro Series ရဲ့ Customized Version တွေကို ရောင်းချပေးလိုက်ပါတယ်။ အဲဒီအထဲမှာ ဒိုင်နိုဆောရဲ့ တကယ့် သွား အပိုင်းအစတွေပါတဲ့ ဒေါ်လာ ၉,၀၀၀ တန် iPhone 13 Pro မော်ဒယ် ပါဝင်ပြီး မြန်မာငွေနဲ့တွက်ရင် သိန်း ၁၅၀ ကျော်ပါတယ်။

Caviar က iPhone 13 Pro နဲ့ 13 Pro Max အတွက် Tyrannophone, Monsterphone နဲ့ Teradiamond မော်ဒယ်တွေကို ထုတ်လုပ်ပေးထားပါတယ်။ Teradiamond က အားလုံးထဲမှာ ဈေးအကြီးဆုံး ဖြစ်ပြီး ဒေါ်လာ ၄၉,၂၄၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်း ၈၀၀ ကျော်တောင် တန်ကြေးရှိပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးက Tyrannophone ဖြစ်ပြီး ဒိုင်နိုဆောရဲ့ တကယ့် သွား အပိုင်းအစတွေနဲ့ အလှဆင်ထားပါတယ်။ ဈေးအချိုဆုံး Monsterphone ကို ၇,၀၀၀ ဒေါ်လာနဲ့ ရောင်းချထားပြီး မြန်မာငွေ ၁၂၄ သိန်းလောက် ကျသင့်မှာပါ။

Caviar

Monsterphone မှာ မာကျော အကြမ်းခံတဲ့ တိုက်တေနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Teradiamond ရဲ့ အနောက်ဘက်မှာ စိန်ပွင့်ပေါင်း ၁,၀၀၀ ကျော်နဲ့ အလှဆင်ထားတာကြောင့် ဈေးအရမ်း မြောက်နေတာပါ။  iPhone 13 Pro Tyrannophone မော်ဒယ်မှာ သက်တမ်း နှစ်သန်းပေါင်း ၈၀ လောက်က တကယ့် T-Rex ရဲ့ သွား အပိုင်းအစတွေ တပ်ဆင်ထားပါတယ်။

Caviar

ဒါ့အပြင် ဖုန်း ထိပ်ပိုင်းမှာ ရွှေနဲ့ သွန်းလောင်း အလှဆင်ထားပါသေးတယ်။ အဲဒီ မော်ဒယ်ဟာ Limited Edition ဖြစ်ပြီး Caviar က စုစုပေါင်း ၇ လုံးပဲ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gizmochina