Zawgyi

Apple ဟာ သူတုိ႔ရဲ႕အုိင္ဖုန္းအသစ္ကို iPhone 11 လို႔အမည္ေပးလာမွာျဖစ္ၿပီး လာမယ့္စက္တင္ဘာလမွာ မိတ္ဆက္လာေတာ့မွာပါ။ နာမည္ေက်ာ္ ႐ုရွားဇိမ္ခံပစၥည္းထုတ္လုပ္ေရးကုမၸဏီျဖစ္တဲ့ Caviar ကေတာ့ iPhone 11 အသစ္အတြက္ သူတုိ႔ရဲ႕ Luxury ဗားရွင္းေတြကို ႀကိဳတင္ၿပီးေတာ့ေတာင္ ခ်ျပလိုက္ပါၿပီ။

ေစ်းႀကီးၿပီးသားျဖစ္တဲ့ မူရင္းအုိင္ဖုန္းထက္ေတာင္ ေဒၚလာေထာင္ေပါင္းမ်ားစြာ ေစ်းပိုႀကီးတဲ့ Customized ဗားရွင္းေတြကုိ ဖန္တီးေလ့ရွိတဲ့ Caviar ဟာ ဒီတစ္ခါမွာေတာ့ ေစ်းအႀကီးဆုံးဗားရွင္းကို တကယ့္ ဥကၠာခဲ အပုိင္းအစ အစစ္အမွန္၊ ေက်ာက္မ်က္ရတနာအခ်ဳိ႕နဲ႔ ေက်ာဘက္မွာ တကယ္အလုပ္လုပ္တဲ့ Tourbillon တစ္ခုတုိ႔ ထည့္သြင္းဖန္တီးလာမွာျဖစ္တယ္လို႔ သူတုိ႔ရဲ႕ ဗီဒီယိုထဲမွာ ေတြ႕ရပါတယ္။

ဒီဖုန္းတစ္ခုလုံးအတြက္ စုစုေပါင္း အေမရိကန္ေဒၚလာ ၄၉,၉၉၀ (ျမန္မာေငြက်ပ္သိန္း ၇၆၀ ေက်ာ္) က်သင့္မွာျဖစ္ၿပီး တစ္လုံးထဲသာ ထုတ္လုပ္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီေစ်းႏႈန္းနဲ႔ အထက္မွာေဖာ္ျပခဲ့တဲ့ အရာေတြအျပင္ သင့္ရဲ႕ဖုန္းဟာ ကမာၻေပၚမွာ ပုံစံတူမရွိတဲ့ တစ္ခုတည္းေသာ စမတ္ဖုန္း ျဖစ္ေနမွာပါ။

ဒါကေတာ့ Caviar အတြက္ တစ္ႏွစ္မွာတစ္ခါဆုိသလို အုိင္ဖုန္းအရူးအမူးခ်စ္သူေတြအတြက္ သြားရည္က်စရာ ဖမ္းစားမႈျဖစ္ၿပီး စမတ္ဖုန္းတစ္လုံးအတြက္ ေဒၚလာေသာင္းခ်ီအသုံးမျပဳခ်င္သူေတြကေတာ့ ပိုၿပီးေစ်းခ်ဳိတဲ့ Caviar အုိင္ဖုန္းဗားရွင္းေတြကို ေဒၚလာ ၄,၄၀၀ (ျမန္မာေငြ ၆၇ သိန္းေက်ာ္) ကေန စၿပီး ဝယ္ယူႏုိင္မွာျဖစ္ပါတယ္။

ဥပမာ iPhone 11 Explorer ဗားရွင္းဆုိရင္ ေနာက္ဘက္မွာ တုိက္ေတနီယမ္နဲ႔ ေက်ာက္သားတစ္ခုတုိ႔ကို အာကာသထဲေရာက္ေနတဲ့ ၿဂိဳဟ္တုတစ္ခုသ႑ာန္ျဖစ္ေအာင္ ဖန္တီးထားပါတယ္။ ေစ်းအျမင့္ဆုံးနဲ႔ ေစ်းအခ်ဳိဆုံး တုိ႔ၾကားမွာေတာ့ Soyuz Edition ရွိေနၿပီး ရုရွနာမည္ေက်ာ္ၿဂိဳဟ္တုရဲ႕ နာမည္ကို ေပးထားတဲ့ Soyuz-MS-01 အထူးဗားရွင္းမွာ တကယ့္အာကာသယာဥ္မွ အစိတ္အပုိင္းကို ထည့္သြင္းထားတယ္လို႔ ဆုိပါတယ္။

ပုံမွန္အားျဖင့္ေတာ့ Luxury ဗားရွင္းဖုန္းေတြကို ထုတ္ေရာင္းတဲ့အခါ ဘယ္လို Specs ေတြပါမယ္ဆုိတာ စိတ္ဝင္စားေအာင္ ထည့္သြင္းမိတ္ဆက္ေလ့ရွိေပမယ့္ Apple iPhone နဲ႔ Caviar ကုမၸဏီတုိ႔ကေတာ့ ခၽြင္းခ်က္လို႔ ဆုိရမွာပါ။ ဒါ့အျပင္ စမတ္ဖုန္းတစ္လုံးအတြက္ ေဒၚလာငါးေသာင္းသုံးမယ့္သူေတြကလည္း Specs ကို ဒီေလာက္ဂရုစုိက္မွာမဟုတ္ပါဘူး။ ဒီေတာ့ Caviar ရဲ႕ေၾကညာမႈကေတာ့ iPhone 11 နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို တစ္စုံတစ္ရာ အတည္မျပဳေပးခဲ့ပါဘူး။

ျမန္မာေငြ သိန္း ၇၆၀ေက်ာ္ က်သင့္မယ့္ iPhone 11 ကို Pre-order မွာယူလိုပါက ဒီလင့္မွာ သြားေရာက္မွာယူႏိုင္ပါတယ္

Ref – GSM Arena

Unicode

Apple ဟာ သူတို့ရဲ့အိုင်ဖုန်းအသစ်ကို iPhone 11 လို့အမည်ပေးလာမှာဖြစ်ပြီး လာမယ့်စက်တင်ဘာလမှာ မိတ်ဆက်လာတော့မှာပါ။ နာမည်ကျော် ရုရှားဇိမ်ခံပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Caviar ကတော့ iPhone 11 အသစ်အတွက် သူတို့ရဲ့ Luxury ဗားရှင်းတွေကို ကြိုတင်ပြီးတော့တောင် ချပြလိုက်ပါပြီ။

ဈေးကြီးပြီးသားဖြစ်တဲ့ မူရင်းအိုင်ဖုန်းထက်တောင် ဒေါ်လာထောင်ပေါင်းများစွာ ဈေးပိုကြီးတဲ့ Customized ဗားရှင်းတွေကို ဖန်တီးလေ့ရှိတဲ့ Caviar ဟာ ဒီတစ်ခါမှာတော့ ဈေးအကြီးဆုံးဗားရှင်းကို တကယ့် ဥက္ကာခဲ အပိုင်းအစ အစစ်အမှန်၊ ကျောက်မျက်ရတနာအချို့နဲ့ ကျောဘက်မှာ တကယ်အလုပ်လုပ်တဲ့ Tourbillon တစ်ခုတို့ ထည့်သွင်းဖန်တီးလာမှာဖြစ်တယ်လို့ သူတို့ရဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

ဒီဖုန်းတစ်ခုလုံးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၉,၉၉၀ (မြန်မာငွေကျပ်သိန်း ၇၆၀ ကျော်) ကျသင့်မှာဖြစ်ပြီး တစ်လုံးထဲသာ ထုတ်လုပ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဈေးနှုန်းနဲ့ အထက်မှာဖော်ပြခဲ့တဲ့ အရာတွေအပြင် သင့်ရဲ့ဖုန်းဟာ ကမ္ဘာပေါ်မှာ ပုံစံတူမရှိတဲ့ တစ်ခုတည်းသော စမတ်ဖုန်း ဖြစ်နေမှာပါ။

ဒါကတော့ Caviar အတွက် တစ်နှစ်မှာတစ်ခါဆိုသလို အိုင်ဖုန်းအရူးအမူးချစ်သူတွေအတွက် သွားရည်ကျစရာ ဖမ်းစားမှုဖြစ်ပြီး စမတ်ဖုန်းတစ်လုံးအတွက် ဒေါ်လာသောင်းချီအသုံးမပြုချင်သူတွေကတော့ ပိုပြီးဈေးချိုတဲ့ Caviar အိုင်ဖုန်းဗားရှင်းတွေကို ဒေါ်လာ ၄,၄၀၀ (မြန်မာငွေ ၆၇ သိန်းကျော်) ကနေ စပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဥပမာ iPhone 11 Explorer ဗားရှင်းဆိုရင် နောက်ဘက်မှာ တိုက်တေနီယမ်နဲ့ ကျောက်သားတစ်ခုတို့ကို အာကာသထဲရောက်နေတဲ့ ဂြိုဟ်တုတစ်ခုသဏ္ဍာန်ဖြစ်အောင် ဖန်တီးထားပါတယ်။ ဈေးအမြင့်ဆုံးနဲ့ ဈေးအချိုဆုံး တို့ကြားမှာတော့ Soyuz Edition ရှိနေပြီး ရုရှနာမည်ကျော်ဂြိုဟ်တုရဲ့ နာမည်ကို ပေးထားတဲ့ Soyuz-MS-01 အထူးဗားရှင်းမှာ တကယ့်အာကာသယာဉ်မှ အစိတ်အပိုင်းကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့်တော့ Luxury ဗားရှင်းဖုန်းတွေကို ထုတ်ရောင်းတဲ့အခါ ဘယ်လို Specs တွေပါမယ်ဆိုတာ စိတ်ဝင်စားအောင် ထည့်သွင်းမိတ်ဆက်လေ့ရှိပေမယ့် Apple iPhone နဲ့ Caviar ကုမ္ပဏီတို့ကတော့ ချွင်းချက်လို့ ဆိုရမှာပါ။ ဒါ့အပြင် စမတ်ဖုန်းတစ်လုံးအတွက် ဒေါ်လာငါးသောင်းသုံးမယ့်သူတွေကလည်း Specs ကို ဒီလောက်ဂရုစိုက်မှာမဟုတ်ပါဘူး။ ဒီတော့ Caviar ရဲ့ကြေညာမှုကတော့ iPhone 11 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တစ်စုံတစ်ရာ အတည်မပြုပေးခဲ့ပါဘူး။

မြန်မာငွေ သိန်း ၇၆၀ကျော် ကျသင့်မယ့် iPhone 11 ကို Pre-order မှာယူလိုပါက ဒီလင့်မှာ သွားရောက်မှာယူနိုင်ပါတယ်

Ref – GSM Arena