Apple ထုတ်ကုန်တိုင်းဟာ အရည်အသွေးမြင့်သလို ဈေးနှုန်းလည်း မြင့်ပါတယ်။ Software ပိုင်းအရည်အသွေးကောင်းသလို၊ Hardware ပိုင်းမှာလည်း အရည်အသွေးကောင်းတဲ့ Material တွေကိုပဲ အသုံးပြုလေ့ရှိပါတယ်။

အခုတော့ ပြီးခဲ့တဲ့ ၂၀၂၀ မကုန်ခင်လေးမှာ $549 (၇ သိန်း ၃ သောင်းဝန်းကျင်) နဲ့ ရောင်းချခဲ့တဲ့ AirPods Max နားကြပ်ကို ဈေးနှုန်းသက်သာတဲ့ ဗားရှင်းအဖြစ် ရောင်းချနိုင်ဖို့ လုပ်ဆောင်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ဈေးနှုန်းနိမ့်ကျသွားတဲ့အတွက် Material အသုံးပြုမှုပိုင်းမှာတော့ အပြောင်းအလဲဖြစ်သွားတာကို လက်ခံရမှာပဲ ဖြစ်ပါတယ်။

နာမည်ကျော် Tipster LeaksApplePro ရဲ့ အဆိုအရ ဈေးနှုန်းချိုသာတဲ့ AirPods Max ဟာ အသံအရည်အသွေးတော့ မူလ AirPods Max နဲ့တူညီမှာဖြစ်ပြီး ပိုပြီးတော့ကျယ်ပြန့်တဲ့ ပရိသတ်တွေဆီရောက်ဖို့ ကြိုးစားထားတယ်လို့ သိရပါတယ်။ Material အရည်အသွေးလျော့ကျသွားမယ့် AirPods Max အသစ်ရဲ့ ဈေးနှုန်းဟာ $349 (၄ သိန်း ၆ သောင်းဝန်းကျင်)  ပဲ ရှိတော့မယ်လို့လည်း ဆိုပါတယ်။

ဈေးနှုန်းချိုသာတဲ့ AirPods Max အသစ်မှာ အလူမီနီယမ်နဲ့ သံမဏိတွေကို အသုံးပြုမယ့်အစား ပိုပြီးဈေးနှုန်းသက်သာတဲ့ ပလတ်စတစ်ကိုပဲ အသုံးပြုလာမှာ ဖြစ်ပါတယ်။ ဒီအတွက် AirPods Max အသစ်ဟာ ဈေးကွက်ထဲက အလေဆုံး Headphone တွေကြားမှာ ပေါ့ပါးတဲ့ အမျိုးအစားဖြစ်လာပါလိမ့်မယ်။ ဈေးချိုတဲ့ AirPods Max အသစ်ကို ဘယ်အချိန်မှာ ဈေးကွက်ထဲပို့ဆောင်မလဲဆိုတာကိုတော့ Tipster က ပြောဆိုသွားခြင်းမရှိပါဘူး။

Ref: GSM Arena