[Zawgyi]

Samsung ရဲ႕ Galaxy Note Series ေတြဟာ ဘယ္တုန္းကမွ ေဈးသက္သာတဲ့ အမ်ိဳးအစားထဲမွာ မပါဝင္ခဲ့ပါဘူး။ ဒါေပမယ့္ အခုေနာက္ပိုင္းကာလေတြမွာေတာ့ ကိုရီးယားနည္းပညာကုမၸပဏီႀကီးဟာ Note ကိုလည္း အနည္းငယ္ေဈးသက္သာတဲ့ အမ်ိဳးအစားေတြ ထည့္သြင္းထုတ္လုပ္ေပးလာခဲ့ၿပီ ျဖစ္ပါတယ္။

Galaxy Note 10 နဲ႔ Note 10 Plus တို႔ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက တရားဝင္မိတ္ဆက္ခဲ့တာပါ။ ဒီ Galaxy Note 10 series မိတ္မဆက္ခင္ကတည္းက Samsung ဟာ ဒီႏွစ္ထဲမွာ ေဈးႏႈန္းသက္သာတဲ့ Note အမ်ိဳးအစားလည္း ထည့္သြင္းလာမယ္လို႔ ႀကိဳတင္ေကာလာဟလေတြ ထြက္ေနခဲ့တာပါ။

တကယ္တမ္းမိတ္ဆက္သြားခ်ိန္မွာ Note 10 ႏွစ္မ်ိဳးတည္းျဖစ္တာေၾကာင့္ ေဈးသက္သာတဲ့ Note ဆိုတာက ေကာလာဟလသတင္းေတြနဲ႔အတူ ေလထဲမွာပဲ ေပ်ာက္ကြယ္သြားခဲ့ရပါတယ္။ အခုေတာ့ ေနာက္တစ္ခါ ျပန္ၿပီးအသက္ဝင္ ႏိုးထလာတဲ့ သတင္းျဖစ္ေနပါၿပီ။ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းရင္းျမစ္ကေတာ့ ကုမၸဏီဟာ ေဈးသက္သာတဲ့ Note ကို Galaxy Note 10 Lite လို႔ နာမည္ေပးမွာ ျဖစ္တယ္လို႔ အခိုင္အမာ ေျပာခဲ့ပါတယ္။

ေမာ္ဒယ္နံပါတ္ SM-N770F ကို Galaxy Note10 Lite အျဖစ္ သတ္မွတ္လိုက္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ဘဲ အတြင္းအစိတ္အပိုင္းေတြအေၾကာင္းကို အခုထိ မသိရေသးဘဲ ျဖစ္ေနပါတယ္။ အခုထိသိရတာက Note 10 Lite ဟာ ေဈးသက္သာတယ္ဆိုေပမယ့္ S Pen ေတာ့ ဆက္လက္ပါဝင္ေနဦးမယ္ဆိုတာပါပဲ။

Ref: GSM Arena

[Unicode]

ဈေးသက်သာတဲ့ Note ဟာ Galaxy Note 10 Lite ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာ

Samsung ရဲ့ Galaxy Note Series တွေဟာ ဘယ်တုန်းကမှ ဈေးသက်သာတဲ့ အမျိုးအစားထဲမှာ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းကာလတွေမှာတော့ ကိုရီးယားနည်းပညာကုမ္ပပဏီကြီးဟာ Note ကိုလည်း အနည်းငယ်ဈေးသက်သာတဲ့ အမျိုးအစားတွေ ထည့်သွင်းထုတ်လုပ်ပေးလာခဲ့ပြီ ဖြစ်ပါတယ်။

Galaxy Note 10 နဲ့ Note 10 Plus တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက တရားဝင်မိတ်ဆက်ခဲ့တာပါ။ ဒီ Galaxy Note 10 series မိတ်မဆက်ခင်ကတည်းက Samsung ဟာ ဒီနှစ်ထဲမှာ ဈေးနှုန်းသက်သာတဲ့ Note အမျိုးအစားလည်း ထည့်သွင်းလာမယ်လို့ ကြိုတင်ကောလာဟလတွေ ထွက်နေခဲ့တာပါ။

တကယ်တမ်းမိတ်ဆက်သွားချိန်မှာ Note 10 နှစ်မျိုးတည်းဖြစ်တာကြောင့် ဈေးသက်သာတဲ့ Note ဆိုတာက ကောလာဟလသတင်းတွေနဲ့အတူ လေထဲမှာပဲ ပျောက်ကွယ်သွားခဲ့ရပါတယ်။ အခုတော့ နောက်တစ်ခါ ပြန်ပြီးအသက်ဝင် နိုးထလာတဲ့ သတင်းဖြစ်နေပါပြီ။ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်ကတော့ ကုမ္ပဏီဟာ ဈေးသက်သာတဲ့ Note ကို Galaxy Note 10 Lite လို့ နာမည်ပေးမှာ ဖြစ်တယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

မော်ဒယ်နံပါတ် SM-N770F ကို Galaxy Note10 Lite အဖြစ် သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ဘဲ အတွင်းအစိတ်အပိုင်းတွေအကြောင်းကို အခုထိ မသိရသေးဘဲ ဖြစ်နေပါတယ်။ အခုထိသိရတာက Note 10 Lite ဟာ ဈေးသက်သာတယ်ဆိုပေမယ့် S Pen တော့ ဆက်လက်ပါဝင်နေဦးမယ်ဆိုတာပါပဲ။

Ref: GSM Arena