Apple ဟာ ဒီနှစ်ရဲ့ ဇာတ်လိုက်ကျော်တွေ ဖြစ်တဲ့ iPhone 12 , 12 Pro , 12 Pro Max နဲ့ 12 mini တို့ကို ပူပူနွေးနွေး ကြေညာထားပါတယ်။ အဲဒီဖုန်း အားလုံးကို Apple အွန်လိုင်းစတိုးမှာ စာရင်းတင်ထားပြီ ဖြစ်ပြီး Accessory တွေရဲ့ ဈေးနှုန်းကို သိလာရပါပြီ။

iPhone 12/12 Pro ရဲ့ Silicone Case အတွက် အရောင် ၈ မျိုးထုတ်လုပ်ထားပြီး MagSafe Wireless Charger ကို နေရာတကျ ကပ်နိုင်တဲ့ သံလိုက် ထည့်သွင်းထားပါတယ်။ အမေရိကန်မှာ ၄၉ ဒေါ်လာနဲ့ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၆ သောင်း ၄ ထောင်လောက် ကျသင့်မှာပါ။

iPhone 12/12 Pro ရဲ့ Clear Case ဟာ အကြည်ရောင် ပလတ်စတစ်နဲ့ ကွေးညွှတ်နိုင်တဲ့ ဒြပ်ထုတွေ ပေါင်းစပ် ဖန်တီးထားပြီး MagSafe နဲ့ ကပ်နိုင်တဲ့ သံလိုက်ပါလာပါတယ်။ ၄၉ ဒေါ်လာပဲ ဖြစ်ပြီး မြန်မာငွေ ၆ သောင်း ၄ ထောင်လောက် ကျသင့်မှာပါ။

Leather Wallet ကိုတော့ iPhone အသစ် အားလုံးနဲ့ တွဲဖက် သုံးနိုင်ပါတယ်။ အနောက်ဘက်မှာ ကပ်ထားနိုင်ပြီး ID နဲ့ Credit Card တွေ ထည့်သွင်းနိုင်ပါတယ်။ ၄ ရောင်ထုတ်လုပ်ထားပြီး နာမည်အတိုင်း သားရေနဲ့ တည်ဆောက်ထားတာပါ။ ၅၉ ဒေါ်လာ သတ်မှတ်ထားပြီး ၇ သောင်း ၇ ထောင်လောက် တန်ကြေးရှိပါတယ်။

MagSafe Wireless Charger က 15W နှုန်းနဲ့ အားသွင်းပေးနိုင်ပြီး ၃၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၅ သောင်းလောက် တန်ကြေးရှိပါတယ်။ တခြား Qi Charger တွေနဲ့လည်း အားသွင်းနိုင်ပေမယ့် 7.5W ပဲ ရမှာပါ။

Apple USB-C 20W Wall Charger ကတော့ အသစ် မဟုတ်ဘဲ နောက်ဆုံးထုတ် ၁၀.၅ လက်မ iPad မှာ ထည့်ထားပါတယ်။ အခု ဖုန်း အသစ်တွေမှာ Charger မပါတဲ့အတွက် USB-C 20W ကို သုံးနိုင်ပြီး Wireless Charger ထက် အားသွင်းနှုန်း ပိုမြန်ပါတယ်။ ၁၉ ဒေါ်လာ တန်ကြေးရှိပြီး ၂ သောင်းခွဲလောက် ကျသင့်မှာပါ။

အဲဒီ Accessory တွေကို မကြာခင် ရောင်းမယ်လို့ ထင်ပါတယ်။ (မြန်မာနိုင်ငံမှာတော့ အခွန်နဲ့ Transportation Charges တွေ ထပ်ပေါင်းရမှာမို့ အထက်ဖော်ပြပါ စျေးနှုန်းတွေထက် ပိုများပါလိမ့်မယ်။)

Ref : gsmarena