NFT တွေဟာ ကားနယ်ပယ်ထဲမှာ Trend ၁ ခု ဖြစ်လာပြီ ဖြစ်ပြီး NFT နယ်ပယ်ထဲ ဝင်ရောက်လာတဲ့ နောက်ဆုံး ကုမ္ပဏီက Chevrolet ဖြစ်ပါတယ်။ Chevrolet ဟာ Corvette Theme NFT ကို လေလံဆွဲခွင့်ပေးမှာ ဖြစ်ပြီး ထူးခြားတာက အနိုင်ရသူဟာ NFT သာမကဘဲ အဲဒီ NFT အနုပညာလက်ရာမှာ ပါတဲ့ တကယ့် Sports ကားကိုပါ ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

Sports Car NFT

အဲဒီ NFT ကို နာမည်ကြီး အနုပညာရှင် Nick Sullo က ဖန်တီးထားတာ ဖြစ်ပြီး သူ့ကို Xsullo လို့ လူသိများပါတယ်။ NFT မှာ Neon Green Corvette Z06 ကားကို ရေးဆွဲထားပြီး Sullo ရဲ့ NFT နဲ့အတူ Custom-painted 2023 Corvette Z06 ကိုပါ လေလံဆွဲခွင့်ပေးမှာ ဖြစ်ပါတယ်။

This 1-of-1 2023 Chevrolet Corvette Z06 NFT Comes With Actual 1-of-1 Z06, Too

နာမည်ကြီး ကားထုတ်လုပ်သူတွေဟာ အီတလီ နာမည်တွေကို ပေးလာကြတဲ့ သဘော ဖြစ်ပါတယ်။ Chevrolet Z06 မှာ 5.5 Liter V-8 အင်ဂျင် ထည့်သွင်းထားပြီး ၂၀၂၃ ခုနှစ်မှာ ရောင်းချမှာ ဖြစ်ကာ ၂၀၂၂ ခုနှစ်မှာ စတင် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

NFT Marketplace SuperRare က NFT လေလံပွဲကို ပြုလုပ်မှာ ဖြစ်ပြီး Ethereum နဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်ကနေ ၂၄ ရက်အတွင်း လေလံပွဲကို ကျင်းပမှာ ဖြစ်ပြီး Chevrolet က ရရှိတဲ့ ငွေကြေး အားလုံးကို ပညာရေး ပရဟိတ အဖွဲ့အစည်း DonorsChoose ကို ပေးမယ်လို့ ပြောပါတယ်။

Ref : techstory