တရုတ်က Blockchain Services Network (BSN) ဟာ NFT ကို ထောက်ပံ့တဲ့ အခြေခံ အဆောက်အဦးကို ဒီလထဲ ဖြန့်ချိမယ်လို့ South China Morning Post ကို ပြောပါတယ်။ တရုတ်မှာ Cryptocurrency တွေကို ပိတ်ပင်ထားတဲ့အတွက် အဲဒီ NFT တွေဟာ Cryptocurrency တွေနဲ့ ဆက်စပ်ပတ်သက်မှု မရှိဘူးလို့ သိရပါတယ်။

China's blockchain infrastructure project goes live in Hong Kong, Macau

BSN ကို နည်းပညာ ထောက်ပံ့ပေးနေတဲ့ Red Date Technology ရဲ့ CEO He Yifan က Non-fungible Token (NFT) တွေဟာ Cryptocurrency နဲ့ မပတ်သက်ရင် တရုတ်မှာ ဥပဒေအရ ပြဿနာ မရှိဘူးလို့ South China Morning Post ကို ပြောပါတယ်။ BSN ရဲ့ Distributed Digital Certificate (BSN-DDC) အခြေခံ အဆောက်အဦးဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ တစ်သီးပုဂ္ဂလတွေအတွက် Application Programming Interfaces ကို ထောက်ပံ့ပေးမှာ ဖြစ်ပြီး သူတို့ဟာ NFT တွေကို စီမံခန့်ခွဲဖို့အတွက် ကိုယ်ပိုင် User Portal သို့မဟုတ် App တွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ NFT တွေကို တရုတ် ယွမ်ငွေနဲ့ပဲ ဝယ်ယူရမှာ ဖြစ်ပါတယ်။

China to create its own NFT industry based on state-backed blockchain  network – South China Morning Post

Blockchain Services Network ကို ထောက်ပံ့ပေးနေတဲ့ Red Date Technology က ဒီလကုန် တရုတ်မှာ အခြေခံ အဆောက်အဦးကို ဖြန့်ချိမယ်လို့ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလက ကြေညာခဲ့ပါတယ်။

“ NFT တွေကို တရုတ်မှာ လာမယ့် ၅ နှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရက အဲဒီ နည်းပညာကို Cryptocurrency တွေနဲ့ မပတ်သက်စေချင်ပါဘူး။ “ လို့ Red Date CEO က အဲဒီအချိန်တုန်းက ပြောခဲ့ပါတယ်။

Ref : coindesk