တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခြင်းရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေထဲမှာ တရုတ်ဟာ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ပိုပြီးကောင်းမွန်တဲ့ နည်းပညာတွေကို ရှာဖွေလာနိုင်ခဲ့တာလို့ ဆိုရမှာပါ။ အမေရိကန်အပါအဝင် ဥရောပဈေးကွက်အချို့ကို ဆုံးရှုံးနိုင်ခြေရှိတဲ့ Huawei နဲ့ အခြားတရုတ်ကုမ္ပဏီတွေဟာ ကိုယ်တိုင်ရပ်တည်ဖို့ နည်းလမ်းသစ်တွေကို ရှာဖွေနေရတာလည်း ဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့သတင်းအရ တရုတ်ဟာ 5G chip ထုတ်လုပ်မှုမှာ ဦးဆောင်သူဖြစ်လာနိုင်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို စတင်နိုင်ခဲ့ပြီလို့ သိရပါတယ်။ တရုတ် သိပ္ပံအကယ်ဒမီ (Sinano) လက်အောက်မှာရှိတဲ့ Nano-tech နဲ့ Nano-Bionics တို့ဟာ ultra-high precision laser lithography နဲ့ဆက်စပ်တဲ့ အရေးကြီးအချက်တွေကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

Lithography machine တွေဟာ Chip ထုတ်လုပ်ခြင်းမှာ Transistors တွေကို နေရာချတဲ့အပိုင်းအတွက် တိတ်ဆိတ်တဲ့အခန်းကဏ္ဍကနေပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုရှာဖွေတွေ့ရှိမှုဟာ သီအိုရီအရသာဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့တော့ ငွေကြေးအမြောက်အများနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်နေပါသေးတယ်။

Laser lithography သီအိုရီအရ တွေ့ရှိထားတာဖြစ်ပေမယ့် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တရုတ်အတွက် ရှေ့ဆက်မယ့်အခွင့်အလမ်းကောင်းတွေ ဖြစ်ပေါ်စေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်ရဲ့ အကြီးဆုံး သတ္တုပုံလောင်းစက်ရုံဖြစ်တဲ့ SMIC ဟာ 14nm node process chipset တွေကို ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ တရုတ်ရဲ့ Chip ထုတ်လုပ်မှုနဲ့ပတ်တက်တဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုဟာ လျှင်လျှင်မြန်မြန်နဲ့တိုးတက်နေတာကြောင့် သင့်လျော်တဲ့ရင်းနှီးမြှုပ်နှံမှုတွေရရှိလာရင်တော့ SMIC နဲ့ အခြားတရုတ်ကုမ္ပဏီတွေအနေနဲ့ နောက်ဆုံးပေါ်နည်းပညာနဲ့ Chip တွေကို ထုတ်လုပ်နိုင်လာမှာ ဖြစ်ပါတယ်။

Ref: Gizmochina