နိုဝင်ဘာလ ၆ ရက်နေ့မှာ တရုတ်နိုင်ငံ ရှန်ဇီ ပြည်နယ်မြောက်ပိုင်း Taiyuanj Satellite Launch Center ကနေ Long March 6 ဂြိုလ်တုကို လွှတ်တင်လိုက်ပါတယ်။ အဲဒီနောက်မှာ တရုတ်ရဲ့ University of Electronic Science and Technology က ကမ္ဘာ့ ပထမဆုံး 6G စမ်းသပ် ဂြိုလ်တုလို့ WeChat ကနေ တရားဝင် ကြေညာခဲ့ပါတယ်။ Long March 6 ဂြိုလ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အခုဆိုရင် သတ်မှတ်ထားတဲ့အတိုင်း ကမ္ဘာပတ်လမ်းကြောင်းထဲကို ရောက်သွားပါပြီ။

အဲဒီ ဂြိုလ်တုမှာ University of Electronic Science and Technology နဲ့ ထိပ်တန်း သိပ္ပံ နည်းပညာ အဖွဲ့တွေ ပူးပေါင်း ဖန်တီးထားတဲ့ Terahertz Satellite Communication Payload တပ်ဆင်ထားတယ်လို့ သိရပါတယ်။ University of Electronic Science and Technology က အာကာသမှာ ကမ္ဘာ့ ပထမဆုံး Terahertz ဆက်သွယ်ရေး နည်းပညာကို စမ်းသပ်တာလို့ ပြောပါတယ်။

6G: What It Is & When to Expect It

Satellite Technology Research Institute တက္ကသိုလ်ရဲ့ ဒါရိုက်တာနဲ့ Chinese Academy of Engineering ရဲ့  ပါမောက္ခ ဖြစ်သူ Xu Yangsheng က အာကာသမှာ Terahertz ဆက်သွယ်ရေး နည်းပညာကို စမ်းသပ်တဲ့ တရုတ်ရဲ့ သမိုင်းမှတ်တိုင်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက အဲဒီ ဂြိုလ်တုကို 6G စမ်းသပ်တာ အပြင် ခေတ်မှီ မြို့တော် တည်ဆောက်ရေး၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးတို့အတွက်ပါ အသုံးပြုမယ်လို့ ပြောပါတယ်။

Ref : gizmochina