[Zawgyi]

တရုတ္မွာ က်င္းပေနတဲ့ World 5G Conference မွာ Huawei ရဲ႕ Chairman Xu Zhijun က စင္ေပၚတက္ၿပီး ေဆြးေႏြးေျပာဆိုခဲ့ပါတယ္။ သူက တရုတ္ဟာ ကမာၻမွာ အေကာင္းဆံုး 5G ကို ဖန္တီးႏုိင္တယ္လို႔ ေျပာပါတယ္။

အစိုးရနဲ႔ ကုမၸဏီေတြရဲ႕ ေထာက္ပံ့ေပးမႈ၊ သံုးစြဲသူေတြရဲ႕ ဗဟုသုတ ၾကြယ္၀မႈေတြေၾကာင့္ တရုတ္ဟာ 5G ကို ဖန္တီးဖို႔ အားသာခ်က္ေတြ အမ်ားအျပား ရွိေနတယ္လို႔ သူက ေျပာပါတယ္။ ဒါ့အျပင္ တရုတ္ဟာ 5G ရဲ႕ အေျခခံ အေဆာက္အဦးေတြ တည္ေဆာက္ထားၿပီ ျဖစ္ၿပီး 5G ဆက္သြယ္မႈေတြကို စတင္အသံုးျပဳႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

Xu Zhujun က “ တရုတ္ရဲ႕ 5G ထုတ္ကုန္ေတြကို ကမာၻအ၀န္းမွာ အသံုးျပဳေနၾကၿပီး ၀ယ္လိုအား ျမင့္မားလာေနပါၿပီ။ ၂၀၂၀ ခုႏွစ္ကုန္မွာ 5G သံုးစြဲသူ တရုတ္မွာ သန္း ၂၀၀ ေက်ာ္ရွိမွာ ျဖစ္ပါတယ္။ မိုဘိုင္းဆက္သြယ္ေရး နည္းပညာ မ်ိဳးဆက္သစ္ ၁ ခုထြက္ေပၚလာတာနဲ႔ ျပႆနာ အနည္းငယ္ ရွိတတ္ၾကပါတယ္။ ဒါေပမယ့္ ဒါဟာ ဘာမွမေျပာပေလာက္ဘဲ ႀကီးမားတဲ့ အက်ိဳးေက်းဇူးေတြ ရရွိေစတယ္ဆိုတာ သမိုင္းက သက္ေသျပၿပီးပါၿပီ။ “ လို႔ ေျပာပါတယ္။

နာမည္ေက်ာ္ ဆက္သြယ္ေရး ကုမၸဏီ ၃ ခုျဖစ္တဲ့ China Mobile , China Unicorn နဲ႔ China Telecom တို႔ဟာ တရုတ္ႏိုင္ငံ အ၀န္းမွာ 5G ဆက္သြယ္မႈကို ၀န္ေဆာင္မႈေပးဖို႔ ႀကိဳးစားေနၾကပါတယ္။ 5G သံုးဖို႔ စာရင္းေပးသြင္းထားသူ ၉.၃ သန္းေက်ာ္ရွိေနၿပီလို႔ သိရပါတယ္။

Ref : gizmochina

[Unicode]

တရုတ်ဟာ ကမ္ဘာမှာ အကောင်းဆုံး 5G ကို ဖန်တီးနိုင်တယ်လို့ Huawei ရဲ့ Chairman ပြော

တရုတ်မှာ ကျင်းပနေတဲ့ World 5G Conference မှာ Huawei ရဲ့ Chairman Xu Zhijun က စင်ပေါ်တက်ပြီး ဆွေးနွေးပြောဆိုခဲ့ပါတယ်။ သူက တရုတ်ဟာ ကမ္ဘာမှာ အကောင်းဆုံး 5G ကို ဖန်တီးနိုင်တယ်လို့ ပြောပါတယ်။

အစိုးရနဲ့ ကုမ္ပဏီတွေရဲ့ ထောက်ပံ့ပေးမှု၊ သုံးစွဲသူတွေရဲ့ ဗဟုသုတ ကြွယ်ဝမှုတွေကြောင့် တရုတ်ဟာ 5G ကို ဖန်တီးဖို့ အားသာချက်တွေ အများအပြား ရှိနေတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် တရုတ်ဟာ 5G ရဲ့ အခြေခံ အဆောက်အဦးတွေ တည်ဆောက်ထားပြီ ဖြစ်ပြီး 5G ဆက်သွယ်မှုတွေကို စတင်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Xu Zhujun က “ တရုတ်ရဲ့ 5G ထုတ်ကုန်တွေကို ကမ္ဘာအဝန်းမှာ အသုံးပြုနေကြပြီး ဝယ်လိုအား မြင့်မားလာနေပါပြီ။ ၂၀၂၀ ခုနှစ်ကုန်မှာ 5G သုံးစွဲသူ တရုတ်မှာ သန်း ၂၀၀ ကျော်ရှိမှာ ဖြစ်ပါတယ်။ မိုဘိုင်းဆက်သွယ်ရေး နည်းပညာ မျိုးဆက်သစ် ၁ ခုထွက်ပေါ်လာတာနဲ့ ပြဿနာ အနည်းငယ် ရှိတတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ ဘာမှမပြောပလောက်ဘဲ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေတယ်ဆိုတာ သမိုင်းက သက်သေပြပြီးပါပြီ။ “ လို့ ပြောပါတယ်။

နာမည်ကျော် ဆက်သွယ်ရေး ကုမ္ပဏီ ၃ ခုဖြစ်တဲ့ China Mobile , China Unicorn နဲ့ China Telecom တို့ဟာ တရုတ်နိုင်ငံ အဝန်းမှာ 5G ဆက်သွယ်မှုကို ဝန်ဆောင်မှုပေးဖို့ ကြိုးစားနေကြပါတယ်။ 5G သုံးဖို့ စာရင်းပေးသွင်းထားသူ ၉.၃ သန်းကျော်ရှိနေပြီလို့ သိရပါတယ်။

Ref : gizmochina