[Zawgyi]

တရုတ္ရဲ႕ Great Firewall ဟာ ကမာၻ႕နာမည္ႀကီး ၀က္ဘ္ဆိုက္ေပါင္း ၁,၀၀၀ ေက်ာ္ကို ပိတ္ပင္ထားၿပီး ႏုိင္ငံျခား ကုမၸဏီေတြဟာ အလုပ္ကိစၥေတြအတြက္ အဲဒီ ၀က္ဘ္ဆိုက္ေတြကို ၀င္ႏုိင္ဖို႔ VPN Services ေတြကို အသံုးျပဳေနရပါတယ္။ အခုေတာ့ တရုတ္က ႏုိင္ငံျခား ရင္းႏွီးျမွပ္ႏွံမႈေတြကို စြဲေဆာင္ဖို႔ အတြက္ VPN Services ေတြကို ရင္းႏွီးျမွပ္ႏွံဖို႔ ခြင့္ျပဳေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒီႏွစ္ကုန္မွာ တရုတ္ရဲ႕ ဇုန္ ၁ ခုမွာ VPN Services ေတြကို စမ္းသပ္ခြင့္ျပဳေတာ့မွာပါ။

VPN လုပ္ငန္းမွာ ႏုိင္ငံျခားသား ပိုင္ဆိုင္မႈကို ၅၀ ရာခုိင္ႏႈန္း ကန္႔သတ္ထားတယ္လို႔ Beijing Municipal Bureau of Commerce က ေျပာပါတယ္။ တရုတ္ အစိုးရက ေဘဂ်င္းမွ ႏုိင္ငံျခား ကုမၸဏီေတြအတြက္ VPN Services ေတြကို ပံ့ပိုးေပးဖို႔ ႏုိင္ငံျခား ဆက္သြယ္ေရး ကုမၸဏီေတြကို အလိုရွိေနပါတယ္။ VPN Providers ေတြကို  ေျဖေလွ်ာ့ေပးမယ့္ အစီအစဥ္ကို ဇန္န၀ါရီလက ေၾကညာခဲ့တာ ျဖစ္ပါတယ္။

တရုတ္ရဲ႕ စီးပြားေရးဟာ ၂၀၁၉ ခုႏွစ္ ပထမႏွစ္၀က္မွာ ၆.၃ ရာခုိင္ႏႈန္း က်ဆင္းခဲ့ၿပီးေနာက္မွာ Beijing Municipal Government က ၀န္ေဆာင္မႈ က႑ကို ေျဖေလွ်ာ့ေပးလိုက္တာျဖစ္ပါတယ္။ အခု မူ၀ါဒ အသစ္ဟာ ၃ ႏွစ္ စီမံကိန္းရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။ Beijing Municipal Government က Online Game , Video နဲ႔ Audio Programs ေတြမွာလည္း ႏုိင္ငံျခား ကုမၸဏီေတြ ရင္းႏွီးျမွပ္ႏွံဖို႔ ဖိတ္ေခၚမယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ကုမၸဏီေတြဟာ တရုတ္ရဲ႕ ေဒတာ လံုျခံဳေရး စံႏႈန္းေတြကို လိုက္နာရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ Online News, Publishing , Audio နဲ႔ Video ေတြကို တရုတ္မွာ နည္းပညာအရ ပိတ္ပင္ထားဆဲပါ။

Ref : techradar

[Unicode]

VPN တွေကို ဖြေလျှော့ပေးမယ့် တရုတ်

တရုတ်ရဲ့ Great Firewall ဟာ ကမ္ဘာ့နာမည်ကြီး ဝက်ဘ်ဆိုက်ပေါင်း ၁,၀၀၀ ကျော်ကို ပိတ်ပင်ထားပြီး နိုင်ငံခြား ကုမ္ပဏီတွေဟာ အလုပ်ကိစ္စတွေအတွက် အဲဒီ ဝက်ဘ်ဆိုက်တွေကို ဝင်နိုင်ဖို့ VPN Services တွေကို အသုံးပြုနေရပါတယ်။ အခုတော့ တရုတ်က နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေကို စွဲဆောင်ဖို့ အတွက် VPN Services တွေကို ရင်းနှီးမြှပ်နှံဖို့ ခွင့်ပြုတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီနှစ်ကုန်မှာ တရုတ်ရဲ့ ဇုန် ၁ ခုမှာ VPN Services တွေကို စမ်းသပ်ခွင့်ပြုတော့မှာပါ။

VPN လုပ်ငန်းမှာ နိုင်ငံခြားသား ပိုင်ဆိုင်မှုကို ၅၀ ရာခိုင်နှုန်း ကန့်သတ်ထားတယ်လို့ Beijing Municipal Bureau of Commerce က ပြောပါတယ်။ တရုတ် အစိုးရက ဘေဂျင်းမှ နိုင်ငံခြား ကုမ္ပဏီတွေအတွက် VPN Services တွေကို ပံ့ပိုးပေးဖို့ နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီတွေကို အလိုရှိနေပါတယ်။ VPN Providers တွေကို ဖြေလျှော့ပေးမယ့် အစီအစဉ်ကို ဇန်နဝါရီလက ကြေညာခဲ့တာ ဖြစ်ပါတယ်။

တရုတ်ရဲ့ စီးပွားရေးဟာ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်မှာ ၆.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက်မှာ Beijing Municipal Government က ဝန်ဆောင်မှု ကဏ္ဍကို ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။ အခု မူဝါဒ အသစ်ဟာ ၃ နှစ် စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ Beijing Municipal Government က Online Game , Video နဲ့ Audio Programs တွေမှာလည်း နိုင်ငံခြား ကုမ္ပဏီတွေ ရင်းနှီးမြှပ်နှံဖို့ ဖိတ်ခေါ်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကုမ္ပဏီတွေဟာ တရုတ်ရဲ့ ဒေတာ လုံခြုံရေး စံနှုန်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ Online News, Publishing , Audio နဲ့ Video တွေကို တရုတ်မှာ နည်းပညာအရ ပိတ်ပင်ထားဆဲပါ။

Ref : techradar