Zawgyi

တရုတ္ျပည္တြင္းမွာ Luxury ေစ်းႀကီးစမတ္ဖုန္းေတြကို ထုတ္လုပ္သူ 8848 ဟာ ယေန႔မွာ သူတုိ႔ရဲ႕ အနာဂါတ္အစီအစဥ္ေတြကိုေဆြးေႏြးပြဲ က်င္းပခဲ့ၿပီး အခုႏွစ္မွာ သက္တမ္းငါးႏွစ္ျပည့္ခဲ့တဲ့ ကုမၸဏီဟာ သူတုိ႔ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းျဖစ္တဲ့ 8848 Titanium M6 ကိုပါ မိတ္ဆက္ေၾကညာခဲ့ပါတယ္။

8848 ရဲ႕ Titanium M6 စမတ္ဖုန္းဟာ ပထမဆုံး Luxury 5G စမတ္ဖုန္းျဖစ္ရုံသာမကဘဲ ပထမဆုံး Snapdragon 865 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ္လို႔ ေၾကညာခဲ့တဲ့ စမတ္ဖုန္းလည္း ျဖစ္လာခဲ့ပါတယ္။ သူ႕မွာ 6.01” လက္မအရြယ္ AMOLED Display တစ္ခု ပါဝင္မွာျဖစ္ၿပီး 12GB RAM နဲ႔ 1TB Storage ပမာဏနဲ႔ ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ 64MP အဓိက Sensor တစ္ခုလည္းပါဝင္မယ့္ ကင္မရာစနစ္ဟာ 100MP ဓါတ္ပုံေတြကို ရုိက္ကူးႏုိင္မယ္လို႔ပါ ဆိုခဲ့တယ္။

က်န္ေသးတဲ့ Specs ေတြကိုေတာ့ မသိရေသးပါဘူး။ ဒီဖုန္းဟာ Qualcomm က သူ႕ရဲ႕ေနာက္မ်ဳိးဆက္ Snapdragon 865 ခ်စ္ပ္ဆက္ေတြကို ေစ်းကြက္ထဲ ပို႔ေလာက္တဲ့အခ်ိန္ ၂၀၂၀ ခုႏွစ္ ပထမသုံးလပတ္ေလာက္မွသာ ထြက္ရွိလာမွာျဖစ္လို႔ပါ။

8848 ဟာ ႏုိင္ငံတကာေစ်းကြက္ကိုေတာ့ ထုိးေဖာက္မလာေသးဘဲ တရုတ္ျပည္တြင္းမွာသာ သူတို႔ရဲ႕ ထုတ္ကုန္ေတြကို ေရာင္းခ်ဆဲျဖစ္ပါတယ္။ ဒါေပမယ့္ သူတုိ႔ရဲ႕ Titanium M6 ဖုန္းအသစ္ဟာ တစ္ကမာၻလုံးက စမတ္ဖုန္းေစ်းကြက္ကို ႀကိဳတင္စိန္ေခၚလိုက္သလို ျဖစ္ေနမွာေတာ့ အမွန္ပါပဲ။

Ref – GizmoChina

Unicode

တရုတ်ပြည်တွင်းမှာ Luxury ဈေးကြီးစမတ်ဖုန်းတွေကို ထုတ်လုပ်သူ 8848 ဟာ ယနေ့မှာ သူတို့ရဲ့ အနာဂါတ်အစီအစဉ်တွေကိုဆွေးနွေးပွဲ ကျင်းပခဲ့ပြီး အခုနှစ်မှာ သက်တမ်းငါးနှစ်ပြည့်ခဲ့တဲ့ ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်တဲ့ 8848 Titanium M6 ကိုပါ မိတ်ဆက်ကြေညာခဲ့ပါတယ်။

8848 ရဲ့ Titanium M6 စမတ်ဖုန်းဟာ ပထမဆုံး Luxury 5G စမတ်ဖုန်းဖြစ်ရုံသာမကဘဲ ပထမဆုံး Snapdragon 865 ချစ်ပ်ဆက်ကို အသုံးပြုလာမယ်လို့ ကြေညာခဲ့တဲ့ စမတ်ဖုန်းလည်း ဖြစ်လာခဲ့ပါတယ်။ သူ့မှာ 6.01” လက်မအရွယ် AMOLED Display တစ်ခု ပါဝင်မှာဖြစ်ပြီး 12GB RAM နဲ့ 1TB Storage ပမာဏနဲ့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် 64MP အဓိက Sensor တစ်ခုလည်းပါဝင်မယ့် ကင်မရာစနစ်ဟာ 100MP ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မယ်လို့ပါ ဆိုခဲ့တယ်။

ကျန်သေးတဲ့ Specs တွေကိုတော့ မသိရသေးပါဘူး။ ဒီဖုန်းဟာ Qualcomm က သူ့ရဲ့နောက်မျိုးဆက် Snapdragon 865 ချစ်ပ်ဆက်တွေကို ဈေးကွက်ထဲ ပို့လောက်တဲ့အချိန် ၂၀၂၀ ခုနှစ် ပထမသုံးလပတ်လောက်မှသာ ထွက်ရှိလာမှာဖြစ်လို့ပါ။

8848 ဟာ နိုင်ငံတကာဈေးကွက်ကိုတော့ ထိုးဖောက်မလာသေးဘဲ တရုတ်ပြည်တွင်းမှာသာ သူတို့ရဲ့ ထုတ်ကုန်တွေကို ရောင်းချဆဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ Titanium M6 ဖုန်းအသစ်ဟာ တစ်ကမ္ဘာလုံးက စမတ်ဖုန်းဈေးကွက်ကို ကြိုတင်စိန်ခေါ်လိုက်သလို ဖြစ်နေမှာတော့ အမှန်ပါပဲ။

Ref – GizmoChina