[Zawgyi]

Huawei ကုမၸဏီဟာ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ ဗဟိုအမ်ိဳးသားလုံၿခဳံေရးေကာ္မရွင္ထံကေန ေထာက္ပံ့မႈေတြကို ရရွိခဲ့ေၾကာင္း ဗဟိုေထာက္လွမ္းေရးေအဂ်င္စီ (CIA) က ၾသစေတးလ်၊ ကေနဒါ၊ နယူးဇီလန္နဲ႔ ၿဗိတိန္ ႏိုင္ငံေတြကို အသိေပးခဲ့တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

CIA ရဲ႕ ေျပာဆိုမႈအရ Huawei ဟာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ရဲ႕ တတိယ ဌာနခြဲတစ္ခုျဖစ္တဲ့ တ႐ုတ္ႏိုင္ငံပိုင္ ေထာက္လွမ္းေရးကြန္ရက္နဲ႔ ပူးေပါင္းမႈရွိတယ္ဆိုတဲ့ အဓိပၸါယ္ပဲ ျဖစ္ပါတယ္။ ဒီသတင္းကို The Sunday Times က ဦးဆုံးေဖာ္ျပခဲ့ၿပီး အျခားမီဒီယာေတြမွာလည္း ထပ္မံေဖာ္ျပျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္တဲ့ အေသးစိတ္အေၾကာင္းအရာကို ၿဗိတိန္ရဲ႕ အႀကီးတန္းအရာရွိအခ်ိဳ႕သာ သိရွိၾကေၾကာင္း ၿဗိတိန္ေန အမည္မေဖာ္ျပတဲ့ သတင္းရင္းျမစ္တစ္ခုရဲ႕ အဆိုအရလည္း သိရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး CIA ကေတာ့ အေလးအနက္ထားေစာင့္ၾကည့္ေနတယ္လို႔လည္း ဆိုပါတယ္။

Huawei ကေတာ့ ဒီစြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး မဟုတ္မွန္ေၾကာင္း ကုမၸဏီဟာ တ႐ုတ္အစိုးရအတြက္ လုပ္ေဆာင္ေပးျခင္းမရွိဘဲ စီးပြားေရးသက္သက္သာ လုပ္ကိုင္ေၾကာင္း အခိုင္အမာျငင္းဆန္ေနခဲ့ေပမယ့္ အေမရိကန္ ေထာက္လွမ္းေရးအသိုင္းအဝိုင္းကေတာ့ စိုးရိမ္ၿမဲစိုးရိမ္ေနဆဲ ျဖစ္ပါတယ္။

Huawei ရဲ႕ တည္ေထာင္သူ ရန္က်န႔္ေဖးဟာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ အရာရွိေဟာင္း ျဖစ္ျခင္းက တ႐ုတ္နည္းပညာကုမၸဏီအေနနဲ႔ တ႐ုတ္အစိုးရရဲ႕ ၾသဇာအာဏာသက္ေရာက္မႈေအာက္ကေန လြတ္ေျမာက္မွာ မဟုတ္ဘူးဆိုတဲ့ သံသယကို ပိုၿပီး ခိုင္မာေစတာလည္း ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

Huawei ဟာ တရုတ်လုံခြုံရေးအေဂျင်စီတွေရဲ့ ထောက်ပံ့မှုကို ရရှိနေတယ်လို့ CIA ပြောဆို

Huawei ကုမ္ပဏီဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုအမျိုးသားလုံခြုံရေးကော်မရှင်ထံကနေ ထောက်ပံ့မှုတွေကို ရရှိခဲ့ကြောင်း ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) က သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်နဲ့ ဗြိတိန် နိုင်ငံတွေကို အသိပေးခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

CIA ရဲ့ ပြောဆိုမှုအရ Huawei ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ တတိယ ဌာနခွဲတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံပိုင် ထောက်လှမ်းရေးကွန်ရက်နဲ့ ပူးပေါင်းမှုရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒီသတင်းကို The Sunday Times က ဦးဆုံးဖော်ပြခဲ့ပြီး အခြားမီဒီယာတွေမှာလည်း ထပ်မံဖော်ပြခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာကို ဗြိတိန်ရဲ့ အကြီးတန်းအရာရှိအချို့သာ သိရှိကြကြောင်း ဗြိတိန်နေ အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရလည်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး CIA ကတော့ အလေးအနက်ထားစောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

Huawei ကတော့ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ကုမ္ပဏီဟာ တရုတ်အစိုးရအတွက် လုပ်ဆောင်ပေးခြင်းမရှိဘဲ စီးပွားရေးသက်သက်သာ လုပ်ကိုင်ကြောင်း အခိုင်အမာငြင်းဆန်နေခဲ့ပေမယ့် အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းကတော့ စိုးရိမ်မြဲစိုးရိမ်နေဆဲ ဖြစ်ပါတယ်။

Huawei ရဲ့ တည်ထောင်သူ ရန်ကျန့်ဖေးဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရာရှိဟောင်း ဖြစ်ခြင်းက တရုတ်နည်းပညာကုမ္ပဏီအနေနဲ့ တရုတ်အစိုးရရဲ့ သြဇာအာဏာသက်ရောက်မှုအောက်ကနေ လွတ်မြောက်မှာ မဟုတ်ဘူးဆိုတဲ့ သံသယကို ပိုပြီး ခိုင်မာစေတာလည်း ဖြစ်ပါတယ်။

Ref: The Verge