Zawgyi

လက္ရွိလူၾကိဳက္အမ်ားဆုံး Battle Royale ဂိမ္းတစ္ခုျဖစ္တဲ့ PlayerUnknown’s Battlegrounds ရဲ႕ မုိဘုိင္းဗားရွင္းကေတာ့ တရုတ္ျပည္တြင္းမွာ သူ႕ရဲ႕ထုတ္လုပ္သူ Tencent ကိုယ္တုိင္ပိတ္သိမ္းေပးလုိက္ပါတယ္။ တရုတ္အစုိးရရဲ႕ခြင့္ျပဳခ်က္ကို ရရွိေအာင္ မစြမ္းေဆာင္ႏုိင္ေတာ့တဲ့အတြက္ အျခားထုတ္ကုန္တစ္ခုနဲ႔ အစားထိုးၿပီး မူရင္းဂိမ္းကို ပိတ္လိုက္ရတာပါ။

Tencent ဟာ Pubg Mobile ေနရာမွာ တရုတ္အစုိးရက အတည္ျပဳေပးတဲ့ “Game for Peace” အမည္ရ မုိဘုိင္းဂိမ္းနဲ႔အစားထိုးေပးခဲ့ပါတယ္။ သူတုိ႔ရဲ႕ဝက္ဆုိက္မွာေတာ့ ကုမၸဏီက ဂိမ္းအသစ္ဟာ ဇာတိတရုတ္ျပည္ရဲ႕ ေကာင္းကင္ကုိ ေစာင့္ေရွာက္ေပးတဲ့ အျပာေရာင္ေကာင္းကင္စစ္သည္ေတြကို ရည္ညႊန္းထားတယ္လို႔ ဆုိတယ္။

“Game for Peace” ဂိမ္းမွာ PUBG လုိမ်ဳိး အစစ္အမွန္ဆန္တဲ့ ေသြးထြက္သံယုိေတြမပါဝင္ဘဲ မ်ဳိးခ်စ္စိတ္ကို ပိုဦးစားေပးတယ္လို႔ ကစားသမားေတြက Weibo မွာ မွတ္ခ်က္ခ်ထားၾကပါတယ္။ ဒီဂိမ္းထဲမွာ သင္ဟာ ၿပိဳင္ဘက္တစ္ေယာက္ကို သတ္လိုက္ရင္ အရင္လို ေလးဘက္ေထာက္က်သြားမွာမဟုတ္ဘဲ သူ႕ကို ပစ္လိုက္တဲ့သူကို လက္ျပန္ေဝွ႕ယမ္းျပမွာပါ။ ဒီအခ်က္ကလြဲရင္ေတာ့ Game for Peace ဟာ မူရင္း PUBG နဲ႔ တစ္ပုံစံထဲပါပဲ လို႔ ကစားသူေတြကဆုိပါတယ္။

ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတာက လက္ရွိ PUBG Mobile ကစားသူေတြဟာ ဂိမ္းအသစ္မွာ အစကေန ျပန္ကစားရမွာမဟုတ္ဘဲ သူတုိ႔ရဲ႕လက္ရွိ In-game အေျခအေနကို ဂိမ္းအသစ္သို႔ သယ္ယူလာခြင့္ ေပးထားပါတယ္။ ဒါဆုိရင္ေတာ့ Tencent ဟာရွိၿပီးသား တရုတ္ကစားသမားေတြကို လက္လႊတ္ရမွာ မဟုတ္ေတာ့ပါဘူး။ စစ္တမ္းေတြအရဆုိရင္ Pubg Mobile ကိုမပိတ္သိမ္းခင္က တရုတ္ႏုိင္ငံအတြင္းမွာ ေန႔စဥ္ ဝင္ေရာက္ေဆာ့ကစားသူဦးေရ သန္း ၇၀ ရွိတယ္လို႔ ဆုိပါတယ္။

Ref – Android Authority

Unicode

လက်ရှိလူကြိုက်အများဆုံး Battle Royale ဂိမ်းတစ်ခုဖြစ်တဲ့ PlayerUnknown’s Battlegrounds ရဲ့ မိုဘိုင်းဗားရှင်းကတော့ တရုတ်ပြည်တွင်းမှာ သူ့ရဲ့ထုတ်လုပ်သူ Tencent ကိုယ်တိုင်ပိတ်သိမ်းပေးလိုက်ပါတယ်။ တရုတ်အစိုးရရဲ့ခွင့်ပြုချက်ကို ရရှိအောင် မစွမ်းဆောင်နိုင်တော့တဲ့အတွက် အခြားထုတ်ကုန်တစ်ခုနဲ့ အစားထိုးပြီး မူရင်းဂိမ်းကို ပိတ်လိုက်ရတာပါ။

Tencent ဟာ Pubg Mobile နေရာမှာ တရုတ်အစိုးရက အတည်ပြုပေးတဲ့ “Game for Peace” အမည်ရ မိုဘိုင်းဂိမ်းနဲ့အစားထိုးပေးခဲ့ပါတယ်။ သူတို့ရဲ့ဝက်ဆိုက်မှာတော့ ကုမ္ပဏီက ဂိမ်းအသစ်ဟာ ဇာတိတရုတ်ပြည်ရဲ့ ကောင်းကင်ကို စောင့်ရှောက်ပေးတဲ့ အပြာရောင်ကောင်းကင်စစ်သည်တွေကို ရည်ညွှန်းထားတယ်လို့ ဆိုတယ်။

“Game for Peace” ဂိမ်းမှာ PUBG လိုမျိုး အစစ်အမှန်ဆန်တဲ့ သွေးထွက်သံယိုတွေမပါဝင်ဘဲ မျိုးချစ်စိတ်ကို ပိုဦးစားပေးတယ်လို့ ကစားသမားတွေက Weibo မှာ မှတ်ချက်ချထားကြပါတယ်။ ဒီဂိမ်းထဲမှာ သင်ဟာ ပြိုင်ဘက်တစ်ယောက်ကို သတ်လိုက်ရင် အရင်လို လေးဘက်ထောက်ကျသွားမှာမဟုတ်ဘဲ သူ့ကို ပစ်လိုက်တဲ့သူကို လက်ပြန်ဝှေ့ယမ်းပြမှာပါ။ ဒီအချက်ကလွဲရင်တော့ Game for Peace ဟာ မူရင်း PUBG နဲ့ တစ်ပုံစံထဲပါပဲ လို့ ကစားသူတွေကဆိုပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက လက်ရှိ PUBG Mobile ကစားသူတွေဟာ ဂိမ်းအသစ်မှာ အစကနေ ပြန်ကစားရမှာမဟုတ်ဘဲ သူတို့ရဲ့လက်ရှိ In-game အခြေအနေကို ဂိမ်းအသစ်သို့ သယ်ယူလာခွင့် ပေးထားပါတယ်။ ဒါဆိုရင်တော့ Tencent ဟာရှိပြီးသား တရုတ်ကစားသမားတွေကို လက်လွှတ်ရမှာ မဟုတ်တော့ပါဘူး။ စစ်တမ်းတွေအရဆိုရင် Pubg Mobile ကိုမပိတ်သိမ်းခင်က တရုတ်နိုင်ငံအတွင်းမှာ နေ့စဉ် ဝင်ရောက်ဆော့ကစားသူဦးရေ သန်း ၇၀ ရှိတယ်လို့ ဆိုပါတယ်။

Ref – Android Authority