[Zawgyi]

တရုတ္ရဲ႕ နာမည္ႀကီး Ride-hailing Company ၁ ခု ျဖစ္တဲ့ Didi Chuxing က ရွန္ဟိုင္းမွာ စက္ရုပ္ တကၠစီကားေတြကို စမ္းသပ္ ေျပးဆြဲေတာ့မွာျဖစ္ပါတယ္။ ရွန္ဟိုင္း အစိုးရက  Jiading District မွ အမ်ားျပည္သူ လမ္းမေတြမွာ Didi ရဲ႕ စက္ရုပ္ တကၠစီကားေတြ စမ္းသပ္ ေျပးဆြဲခြင့္ကို မၾကာခင္က ေပးခဲ့တာပါ။ ကုမၸဏီကေတာ့ ၂၀၂၁ ခုႏွစ္မွာ အျခား ေဒသေတြမွာ တိုးခ်ဲ႕ စမ္းသပ္မယ္လို႔ ေျပာပါတယ္။

Didi က L4 Autonomous နည္းပညာပါတဲ့ မတူညီတဲ့ ကားေမာ္ဒယ္ ၃၀ နဲ႔ ေျပးဆြဲမယ္လို႔ ေျပာပါတယ္။ Level 4 ေမာင္းသူမဲ့ နည္းပညာ ပါတဲ့အတြက္ ကားဟာ ဧရိယာ ၁ ခုအတြင္းမွာ ယာဥ္ေမာင္း မပါဘဲ ေမာင္းႏွင္ႏုိင္ပါတယ္။ လူေတြက Didi App ကို သံုးၿပီး စက္ရုပ္ တကၠစီေတြကို ေခၚႏုိင္ပါတယ္။ စမ္းသပ္ ကာလအတြင္းမွာေတာ့ ၀န္ထမ္း ၁ ေယာက္က ယာဥ္ေမာင္းထိုင္ခံုမွာ လိုက္ပါ ေစာင့္ၾကည့္မယ္လို႔ ထင္ပါတယ္။

Didi မွာ စိတ္၀င္စားစရာေကာင္းတဲ့ ႏွစ္ေတြ ရွိခဲ့ပါတယ္။ Apple က Didi မွာ ေဒၚလာ ၁ ဘီလီယမ္ ရင္းႏွီးျမွပ္ႏွံထားတယ္လို႔ ေၾကညာခဲ့တဲ့ ၂၀၁၆ ခုႏွစ္မွာ တရုတ္ ကုမၸဏီကို လူေတြ သိလာခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက Didi ဟာ တရုတ္မွာေတာ့ Uber လို လူသံုးမ်ားတဲ့ တကၠစီ ကုမၸဏီ ျဖစ္ခဲ့ပါတယ္။ အဲဒီအခ်ိန္ကတည္းက Didi ဟာ စက္ရုပ္ တကၠစီ စီမံကိန္းအတြက္ ဆီလီကြန္ေတာင္ၾကားမွ အင္ဂ်င္နီယာေတြကို စတင္ ခ်ဥ္းကပ္ခဲ့ပါတယ္။

တရုတ္မွာ Didi နဲ႔ Uber ဟာ ၿပိဳင္ဖက္ေတြ ျဖစ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လမွာ Uber က Didi ထံက ရွယ္ယာ ၁၇.၇ ရာခုိင္ႏႈန္းကို ရယူၿပီး တရုတ္မွ ကုမၸဏီရဲ႕ လုပ္ငန္းကို Didi အား ေရာင္းခ်မယ္လို႔ ေၾကညာခဲ့ပါတယ္။ အျပန္အလွန္အားျဖင့္ Didi ကလည္း Uber မွာ ေဒၚလာ ၁ ဘီလီယမ္ ရင္းႏွီးျမွပ္ႏွံခဲ့ပါတယ္။

Ref : theverge

[Unicode]

တရုတ်မှာ Didi Chuxing က စက်ရုပ် တက္ကစီကားတွေကို စမ်းသပ် ပြေးဆွဲ

တရုတ်ရဲ့ နာမည်ကြီး Ride-hailing Company ၁ ခု ဖြစ်တဲ့ Didi Chuxing က ရှန်ဟိုင်းမှာ စက်ရုပ် တက္ကစီကားတွေကို စမ်းသပ် ပြေးဆွဲတော့မှာဖြစ်ပါတယ်။ ရှန်ဟိုင်း အစိုးရက Jiading District မှ အများပြည်သူ လမ်းမတွေမှာ Didi ရဲ့ စက်ရုပ် တက္ကစီကားတွေ စမ်းသပ် ပြေးဆွဲခွင့်ကို မကြာခင်က ပေးခဲ့တာပါ။ ကုမ္ပဏီကတော့ ၂၀၂၁ ခုနှစ်မှာ အခြား ဒေသတွေမှာ တိုးချဲ့ စမ်းသပ်မယ်လို့ ပြောပါတယ်။

Didi က L4 Autonomous နည်းပညာပါတဲ့ မတူညီတဲ့ ကားမော်ဒယ် ၃၀ နဲ့ ပြေးဆွဲမယ်လို့ ပြောပါတယ်။ Level 4 မောင်းသူမဲ့ နည်းပညာ ပါတဲ့အတွက် ကားဟာ ဧရိယာ ၁ ခုအတွင်းမှာ ယာဉ်မောင်း မပါဘဲ မောင်းနှင်နိုင်ပါတယ်။ လူတွေက Didi App ကို သုံးပြီး စက်ရုပ် တက္ကစီတွေကို ခေါ်နိုင်ပါတယ်။ စမ်းသပ် ကာလအတွင်းမှာတော့ ဝန်ထမ်း ၁ ယောက်က ယာဉ်မောင်းထိုင်ခုံမှာ လိုက်ပါ စောင့်ကြည့်မယ်လို့ ထင်ပါတယ်။

Didi မှာ စိတ်ဝင်စားစရာကောင်းတဲ့ နှစ်တွေ ရှိခဲ့ပါတယ်။ Apple က Didi မှာ ဒေါ်လာ ၁ ဘီလီယမ် ရင်းနှီးမြှပ်နှံထားတယ်လို့ ကြေညာခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ တရုတ် ကုမ္ပဏီကို လူတွေ သိလာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Didi ဟာ တရုတ်မှာတော့ Uber လို လူသုံးများတဲ့ တက္ကစီ ကုမ္ပဏီ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက Didi ဟာ စက်ရုပ် တက္ကစီ စီမံကိန်းအတွက် ဆီလီကွန်တောင်ကြားမှ အင်ဂျင်နီယာတွေကို စတင် ချဉ်းကပ်ခဲ့ပါတယ်။

တရုတ်မှာ Didi နဲ့ Uber ဟာ ပြိုင်ဖက်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ် သြဂုတ်လမှာ Uber က Didi ထံက ရှယ်ယာ ၁၇.၇ ရာခိုင်နှုန်းကို ရယူပြီး တရုတ်မှ ကုမ္ပဏီရဲ့ လုပ်ငန်းကို Didi အား ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် Didi ကလည်း Uber မှာ ဒေါ်လာ ၁ ဘီလီယမ် ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

Ref : theverge