[Unicode]

Chinese Ministry of Industry and Information Technology (MIIT) က ၂၀၁၉ ခုနှစ်အတွက် ထိပ်တန်း တရုတ် ဆော့ဖ်ဝဲ ကုမ္ပဏီ ၁၀၀ စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါနဲ့ပါဆိုရင် စာရင်းထုတ်ပြန်တာ ၁၈ ကြိမ်မြောက်ဖြစ်ပါတယ်။ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာက Huawei Technologies ဖြစ်ပြီး ထိပ်ဆုံးနေရာကို ၁၈ ကြိမ်ဆက်တိုက် သိမ်းပိုက်ထားနိုင်တာက ချီးကျူးစရာပါ။ Huawei ရဲ့ နောက်မှာ Haier Group နဲ့ Alibaba Cloud Computing Co. Ltd တို့ ရပ်တည်နေပါတယ်။ Cloud Computing နဲ့ IT Enterprise နယ်ပယ်မှာ ဦးဆောင်နေတဲ့ Inspur Group က နံပါတ် ၄ နဲ့ Hisense က နံပါတ် ၅ နေရာကို ရထားပါတယ်။

Xiaomi က ပထမဆုံး အကြိမ်အနေနဲ့ နံပါတ် ၁၀ စာရင်းထဲ ဝင်လာပြီး နံပါတ် ၇ နေရာကို သိမ်းပိုက်လိုက်ပါတယ်။ Xiaomi ဟာ AI နဲ့ IoT နယ်ပယ်မှာ ပြီးခဲ့တဲ့နှစ်က များစွာ ရင်းနှီးမြှပ်နှံခဲ့တဲ့အတွက် အရင်နှစ် နံပါတ် ၁၁ နေရာကနေ ဒီနှစ်မှာ နံပါတ် ၇ နေရာကို တက်လာတာပါ။ China UnionPay Co. Ltd က နံပါတ် ၈ နေရာနဲ့ Nanrui Electric Co. Ltd က နံပါတ် ၉ နေရာကို သိမ်းပိုက်ထားပါတယ်။ E-commerce ဘီလူးကြီး Beijing Jingdong က နံပါတ် ၁၀ နေရာ ရသွားပါတယ်။

ထိပ်တန်း တရုတ် ဆော့ဖ်ဝဲ ကုမ္ပဏီ ၁၀၀ စာရင်းမှာ ပါတဲ့ တခြား နာမည်ကြီး ကုမ္ပဏီတွေထဲမှာ DJI က နံပါတ် ၄၂ နေရာကို ရထားပါတယ်။ Vivo က နံပါတ် ၇၉ နေရာမှာ ရပ်တည်နေပြီး အရင်နှစ် နံပါတ် ၄၂ ထက် အများကြီး အောက်ကျသွားပါတယ်။ OPPO ကတော့ ဒီနှစ် စာရင်းထဲ မပါလာခဲ့ပါဘူး။

Ref : gizmochina

[Zawgyi]

တ႐ုတ္က MIIT ရဲ႕ ထိပ္တန္း ေဆာ့ဖ္ဝဲ ကုမၸဏီ ၁၀၀ စာရင္းမွာ Huawei ဦးေဆာင္

Chinese Ministry of Industry and Information Technology (MIIT) က ၂၀၁၉ ခုႏွစ္အတြက္ ထိပ္တန္း တ႐ုတ္ ေဆာ့ဖ္ဝဲ ကုမၸဏီ ၁၀၀ စာရင္းကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ဒါနဲ႔ပါဆိုရင္ စာရင္းထုတ္ျပန္တာ ၁၈ ႀကိမ္ေျမာက္ျဖစ္ပါတယ္။ နံပါတ္ ၁ ေနရာကို သိမ္းပိုက္ထားတာက Huawei Technologies ျဖစ္ၿပီး ထိပ္ဆုံးေနရာကို ၁၈ ႀကိမ္ဆက္တိုက္ သိမ္းပိုက္ထားႏိုင္တာက ခ်ီးက်ဴးစရာပါ။ Huawei ရဲ႕ ေနာက္မွာ Haier Group နဲ႔ Alibaba Cloud Computing Co. Ltd တို႔ ရပ္တည္ေနပါတယ္။ Cloud Computing နဲ႔ IT Enterprise နယ္ပယ္မွာ ဦးေဆာင္ေနတဲ့ Inspur Group က နံပါတ္ ၄ နဲ႔ Hisense က နံပါတ္ ၅ ေနရာကို ရထားပါတယ္။

Xiaomi က ပထမဆုံး အႀကိမ္အေနနဲ႔ နံပါတ္ ၁၀ စာရင္းထဲ ဝင္လာၿပီး နံပါတ္ ၇ ေနရာကို သိမ္းပိုက္လိုက္ပါတယ္။ Xiaomi ဟာ AI နဲ႔ IoT နယ္ပယ္မွာ ၿပီးခဲ့တဲ့ႏွစ္က မ်ားစြာ ရင္းႏွီးျမႇပ္ႏွံခဲ့တဲ့အတြက္ အရင္ႏွစ္ နံပါတ္ ၁၁ ေနရာကေန ဒီႏွစ္မွာ နံပါတ္ ၇ ေနရာကို တက္လာတာပါ။ China UnionPay Co. Ltd က နံပါတ္ ၈ ေနရာနဲ႔ Nanrui Electric Co. Ltd က နံပါတ္ ၉ ေနရာကို သိမ္းပိုက္ထားပါတယ္။ E-commerce ဘီလူးႀကီး Beijing Jingdong က နံပါတ္ ၁၀ ေနရာ ရသြားပါတယ္။

ထိပ္တန္း တ႐ုတ္ ေဆာ့ဖ္ဝဲ ကုမၸဏီ ၁၀၀ စာရင္းမွာ ပါတဲ့ တျခား နာမည္ႀကီး ကုမၸဏီေတြထဲမွာ DJI က နံပါတ္ ၄၂ ေနရာကို ရထားပါတယ္။ Vivo က နံပါတ္ ၇၉ ေနရာမွာ ရပ္တည္ေနၿပီး အရင္ႏွစ္ နံပါတ္ ၄၂ ထက္ အမ်ားႀကီး ေအာက္က်သြားပါတယ္။ OPPO ကေတာ့ ဒီႏွစ္ စာရင္းထဲ မပါလာခဲ့ပါဘူး။

Ref : gizmochina