တရုတ်က ဝေဟင်မှာ ကားပျံတွေကို မကြာခင် တွေ့လာရတော့မှာပါ။ တရုတ် လေကြောင်း စီမံခန့်ခွဲရေးဌာန (CAAC) က XPeng X2 ကားပျံကို မောင်းနှင်ခွင့်ပေးလိုက်ပါတယ်။

XPeng X2 ကို XPeng Aeroht က ထုတ်လုပ်ထားတာ ဖြစ်ပြီး တရုတ်မှာ ပျံသန်းခွင့်ရတဲ့ ပထမဆုံး eVTOL ဖြစ်ပါတယ်။ ကားပျံမှာ အလိုအလျှောက် မောင်းနှင်တဲ့ နည်းပညာ ပါပေမယ့် လက်ရှိမှာ လူကိုယ်တိုင် မောင်းနှင်ဖို့ပဲ ခွင့်ပြုထားတာ ဖြစ်ပြီး ခရီးသည် ပို့ဆောင်လို့ မရသေးသလို သတ်မှတ်ထားတဲ့ ဧရိယာမှာပဲ ပျံသန်းနိုင်ပါတယ်။

XPeng flying car completes its world first public flight in Dubai

XPeng X2 ဟာ XPeng ကားပျံ Series မှာ နောက်ဆုံးထုတ် eVTOL ဖြစ်ပြီး ကိုယ်ထည် တစ်ခုလုံးကို ကာဘွန်ဖိုက်ဘာနဲ့ တည်ဆောက်ထားပါတယ်။ လူ ၂ ယောက်စီးနင်းနိုင်ပြီး လူကိုယ်တိုင် မောင်းနှင်နိုင်သလို Autopilot Mode လည်း ပါပါတယ်။

ဝေဟင် အနိမ့်ပိုင်းမှာ ပျံသန်းဖို့ တည်ဆောက်ထားတာ ဖြစ်ပြီး အလေးချိန်က ၅၆၀ ကီလိုဂရမ် ရှိကာ ၃၅ မိနစ်ကြာ ပျံသန်းနိုင်ပါတယ်။ အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ၁၃၀ ကီလိုမီတာ ရှိပါတယ်။

XPeng Aeroht က မြို့ထဲမှာ ရှုခင်းကြည့်ဖို့နဲ့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ဖို့အတွက် ကားပျံကို ဖန်တီးထားတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က မိတ်ဆက်ပြီးကတည်းက XPeng X2 ကို ဒူဘိုင်းနဲ့ ယူအေအီးမှာ အကြိမ်ပေါင်း ၃,၀၀၀ ကျော် စမ်းသပ် ပျံသန်းပြီးပါပြီ။

Ref : gizmochina