[Zawgyi]

တရုတ္ နယ္ျခားေစာင့္ရဲမ်ားက ႏုိင္ငံတြင္း ၀င္လာတဲ့ ႏုိင္ငံျခားသား ခရီးသြားမ်ားရဲ႕ ဖုန္းမ်ားမွာ ေထာက္လွမ္းေရး App ထည့္သြင္းၿပီး သူတို႔ရဲ႕ အီးေမး၊ စာမ်ား၊ ဆက္သြယ္မႈ သတင္းအခ်က္အလက္မ်ားနဲ႔ အျခား ေဒတာမ်ားကို ရယူေနတယ္လို႔သိရပါတယ္။ Xinjiang ေဒသကို လည္ပတ္သူမ်ားဟာ သူတို႔ရဲ႕ ဖုန္းမ်ားမွာ Spyware ကို ေတြ႕တယ္လို႔ The Guardian က ေရးသားထားပါတယ္။

နယ္ျခားေစာင့္ရဲမ်ားက ခရီးသြားမ်ားရဲ႕ ဖုန္းကို အတင္းအၾကပ္ Unlock လုပ္ခိုင္းၿပီး App ကို အျခား တစ္ေနရာမွာ သြားထည့္တယ္လို႔ သိရပါတယ္။ ၿပီးေတာ့မွ ဖုန္းကို ျပန္ေပးပါတယ္။ Spyware ထည့္ထားတာကိုလည္း မေျပာပါဘူး။ ခရီးသြားမ်ားက သူတို႔ရဲ႕ အန္းဒရြိဳက္ဖုန္းမ်ားမွာ Spyware ကို ေတြ႕ရွိခဲ့ပါတယ္။ ခရီးသြားမ်ားက ရဲမ်ားဟာ သူတို႔ရဲ႕ အိုင္ဖုန္းမ်ားကို Reader တစ္ခုမွာ ခ်ိတ္ၿပီး Scan လုပ္တယ္လို႔လည္း ေျပာပါတယ္။

အဲဒီ App က အစြန္းေရာက္ အစၥလာမ္ အယူ၀ါဒမ်ားလို အစိုးရအတြက္ ျပႆနာ ျဖစ္ေစမယ့္ ေဒတာမ်ားကို ရွာေဖြပါတယ္။ အစၥလာမ္မ်ားရဲ႕ ရာမာဒန္၊ ဒလိုင္းလားမားရဲ႕ အယူ၀ါဒမ်ားကိုလည္း ရွာေဖြတယ္လို႔ သိရပါတယ္။ ခရီးသြား အမ်ားစုက သူတို႔ ဖုန္း ျပန္ရတဲ့ အခါမွာ App ကို မေတြ႕ရေတာ့ဘူးလို႔ ေျပာပါတယ္။ အခ်ိဳ႕ကေတာ့ ဖုန္းထဲမွာ ရွိေနတယ္လို႔ ေျပာပါတယ္။ Kyrgyzstan ကေန Xinjiang ကို ၀င္လာသူမ်ားကို ေစာင့္ၾကည့္ဖို႔ နယ္ျခားေစာင့္ရဲမ်ားက App ကို သံုးတယ္လို႔ ထင္စရာပါ။

တရုတ္ အစိုးရဟာ အဲဒီေဒသမွာ လူနည္းစု မြတ္စလင္မ်ားကို ေထာက္လွမ္းဖို႔အတြက္ Spyware နဲ႔ Facial Recognition မ်ားကို အသံုးျပဳေနတယ္လို႔ Human Rights Watch က ေျပာပါတယ္။ အဲဒီအဖြဲ႕အစည္းက အစိုးရဟာ သူတို႔ရဲ႕ ႏုိင္ငံေရး ခံယူခ်က္မ်ားကို သြတ္သင္းဖို႔ လူတစ္သန္းကို စခန္းသြင္းထားတယ္လို႔ ေျပာပါတယ္။

Ref : digitaltrends

[Unicode]

တရုတ် နယ်ခြားစောင့်ရဲများက နိုင်ငံခြားသားများရဲ့ ဖုန်းများမှာ Spyware ထည့်သွင်းနေ

တရုတ် နယ်ခြားစောင့်ရဲများက နိုင်ငံတွင်း ဝင်လာတဲ့ နိုင်ငံခြားသား ခရီးသွားများရဲ့ ဖုန်းများမှာ ထောက်လှမ်းရေး App ထည့်သွင်းပြီး သူတို့ရဲ့ အီးမေး၊ စာများ၊ ဆက်သွယ်မှု သတင်းအချက်အလက်များနဲ့ အခြား ဒေတာများကို ရယူနေတယ်လို့သိရပါတယ်။ Xinjiang ဒေသကို လည်ပတ်သူများဟာ သူတို့ရဲ့ ဖုန်းများမှာ Spyware ကို တွေ့တယ်လို့ The Guardian က ရေးသားထားပါတယ်။

နယ်ခြားစောင့်ရဲများက ခရီးသွားများရဲ့ ဖုန်းကို အတင်းအကြပ် Unlock လုပ်ခိုင်းပြီး App ကို အခြား တစ်နေရာမှာ သွားထည့်တယ်လို့ သိရပါတယ်။ ပြီးတော့မှ ဖုန်းကို ပြန်ပေးပါတယ်။ Spyware ထည့်ထားတာကိုလည်း မပြောပါဘူး။ ခရီးသွားများက သူတို့ရဲ့ အန်းဒရွိုက်ဖုန်းများမှာ Spyware ကို တွေ့ရှိခဲ့ပါတယ်။ ခရီးသွားများက ရဲများဟာ သူတို့ရဲ့ အိုင်ဖုန်းများကို Reader တစ်ခုမှာ ချိတ်ပြီး Scan လုပ်တယ်လို့လည်း ပြောပါတယ်။

အဲဒီ App က အစွန်းရောက် အစ္စလာမ် အယူဝါဒများလို အစိုးရအတွက် ပြဿနာ ဖြစ်စေမယ့် ဒေတာများကို ရှာဖွေပါတယ်။ အစ္စလာမ်များရဲ့ ရာမာဒန်၊ ဒလိုင်းလားမားရဲ့ အယူဝါဒများကိုလည်း ရှာဖွေတယ်လို့ သိရပါတယ်။ ခရီးသွား အများစုက သူတို့ ဖုန်း ပြန်ရတဲ့ အခါမှာ App ကို မတွေ့ရတော့ဘူးလို့ ပြောပါတယ်။ အချို့ကတော့ ဖုန်းထဲမှာ ရှိနေတယ်လို့ ပြောပါတယ်။ Kyrgyzstan ကနေ Xinjiang ကို ဝင်လာသူများကို စောင့်ကြည့်ဖို့ နယ်ခြားစောင့်ရဲများက App ကို သုံးတယ်လို့ ထင်စရာပါ။

တရုတ် အစိုးရဟာ အဲဒီဒေသမှာ လူနည်းစု မွတ်စလင်များကို ထောက်လှမ်းဖို့အတွက် Spyware နဲ့ Facial Recognition များကို အသုံးပြုနေတယ်လို့ Human Rights Watch က ပြောပါတယ်။ အဲဒီအဖွဲ့အစည်းက အစိုးရဟာ သူတို့ရဲ့ နိုင်ငံရေး ခံယူချက်များကို သွတ်သင်းဖို့ လူတစ်သန်းကို စခန်းသွင်းထားတယ်လို့ ပြောပါတယ်။

Ref : digitaltrends