တရုတ်တရားရုံးတော်ဟာ တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Gionee ပါဝင်ပတ်သက်နေတဲ့ အမှုကို စီရင်ချက်ချလိုက်ပြီ ဖြစ်ပါတယ်။ Gionee ရဲ့ ပြစ်မှုကတော့ ဒီအမှတ်တံဆိပ်ပါ စမတ်ဖုန်းသုံးစွဲသူတွေကို အသိပေးခြင်းမရှိဘဲ မလိုလားအပ်တဲ့ကြော်ငြာတွေကတစ်ဆင့် ဝင်ငွေရှာဖွေခဲ့လို့ ဖြစ်ပါတယ်။

Gionee ဟာ Trojan Horse ကို Device ပေါင်း သန်း ၂၀ ကျော်မှာ ထည့်သွင်းခဲ့ပြီး ဒီကနေတစ်ဆင့် မလိုလားအပ်တဲ့ကြော်ငြာတွေနဲ့ အခြား အန္တရာယ်ရှိတဲ့လုပ်ဆောင်မှုအချို့ကို အသုံးပြုသူမသိစေဘဲ ထည့်သွင်းလုပ်ဆောင်ပြီး ဝင်ငွေရှာခဲ့တာကြောင့် ဖြစ်ပါတယ်။ Trojan Horse ကို တိုက်ရိုက်သွင်းတာမဟုတ်ဘဲ Software update ကတစ်ဆင့် ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

Gionee ရဲ့ လက် အောက်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့ ShenZen Zhipu Technology Co. Ltd ဟာ “Story Lock Screen” လို့ခေါ်တဲ့ App ကတစ်ဆင့် Software update ပြုလုပ်ပြီး Trojan Horse ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ “Dark Horse Program” ရဲ့ ကူးစက်မှုခံရတဲ့ပထမဆုံး Device ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဒီဇင်ဘာမှာ တွေ့ရှိခဲ့ပါတယ်။

ဒီလုပ်ငန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ ဆက်လက်ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီအတောအတွင်းမှာ ကုမ္ပဏီဟာ ဝင်ငွေ ဒေါ်လာ ၄.၂ သန်းဝန်းကျင် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သက်ရောက်ခဲ့တဲ့ စမတ်ဖုန်းအလုံးရေကတော့ ၂၁.၇၅ သန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁.၃ သန်းအောက်သာရှိခဲ့ပါတယ်။

Xu LI, Zhu Ying, Jia Zhengqiang နဲ့ Pan Qi တို့ဟာ Mobile Device တွေကို တရားမဝင်ထိန်းချုပ်တဲ့ဖြစ်စဉ်မှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရတဲ့အတွက် ဒဏ်ငွေ CNY 200,000 (~$30,000) (၃၉၆ သိန်းဝန်းကျင်) နဲ့အတူ ထောင်ဒဏ် ၃ နှစ်ကနေ ၃ နှစ်ခွဲအထိ ချမှတ်ခြင်းလည်း ခံခဲ့ကြရပါတယ်။ ဒါဟာ ဈေးနှုန်းချိုသာတဲ့ တရုတ်စမတ်ဖုန်းအမှတ်တံဆိပ်အချို့အတွက်တော့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေပြီး၊ အလားတူပြဿနာမျိုးကို ကျူးလွန်သူတွေထဲမှာ တခြားသော တရုတ်စမတ်ဖုန်းကုမ္ပဏီတချိူ့လည်း ပါဝင်တယ်လို့ သိရပါတယ်။

Ref: GSM Arena