[Zawgyi]

Apple ရဲ႕ iPhone ေရာင္းခ်မႈေလ်ာ့နည္းေၾကာင္း သတင္းထုတ္ျပန္မႈအၿပီး တ႐ုတ္ႏိုင္ငံမွာရွိတဲ့ iPhone ေရာင္းခ်သူေတြဟာ ေဈးႏႈန္းေတြကို ေလွ်ာ့ခ်ခဲ့ၾကတယ္လို႔ သိရပါတယ္။ Suning နဲ႔ JD.com တို႔လို လက္လီေရာင္းခ်သူေတြဟာ iPhone XR ရဲ႕ ေဈးႏႈန္းကို မူရင္းေဈးထက္ $118 (၁သိန္း၈ေသာင္းဝန္းက်င္) အထိ ေလွ်ာ့ခ်ေပးခဲ့တယ္လို႔ Reuters နဲ႔ Yahoo Finance တို႔က ေဖာ္ျပခဲ့ၾကပါတယ္။

Suning ကေတာ့ 64GB iPhone XR ကို တ႐ုတ္ယြမ္ေငြ 5,699 ယြမ္ ($845၊ ျမန္မာေငြ ၁၂သိန္း၈ေသာင္းဝန္းက်င္) နဲ႔ စတင္ေရာင္းခ်ခဲ့တယ္လို႔ သိရပါတယ္။ Apple Chinese Site မွာေတာ့ iPhone XR ကို 6,499 ယြမ္ ($963၊ ျမန္မာေငြ ၁၄သိန္း ၇ေသာင္းဝန္းက်င္) အျဖစ္ ဆက္လက္သတ္မွတ္ထားရွိ ေနေသးတာလည္း ျဖစ္ပါတယ္။

အျခား ေမာ္ဒယ္တစ္ခုျဖစ္တဲ့ iPhone 8 ကိုလည္း ေလွ်ာ့ေဈးေတြနဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ 64GB iPhone 8 ဟာ 5,099 ယြမ္ ($756၊ ျမန္မာေငြ ၁၁သိန္း ၅ေသာင္းဝန္းက်င္) နဲ႔ Apple ကေရာင္းခ်ေနေပမယ့္ တ႐ုတ္မွာရွိတဲ့ ျပင္ပလက္လီေရာင္းခ်သူအခ်ိဳ႕ကေတာ့ 3,899 ယြမ္ ($578၊ ျမန္မာေငြ ၈သိန္း ၈ေသာင္းဝန္းက်င္) နဲ႔ ေရာင္းခ်ေနၾကတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံဟာ အေမရိကန္ႏိုင္ငံနဲ႔ ကုန္သြယ္ေရးစစ္ ျဖစ္ပြားေနၿပီး ႏွစ္ႏိုင္ငံအၾကား ေျပလည္တဲ့ ေျဖရွင္းမႈလည္း မျပဳလုပ္ႏိုင္ေသးဘဲ တင္းမာေနဆဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Qualcomm ရဲ႕ တရားစြဲဆိုမႈေၾကာင့္ Apple ရဲ႕ iPhone အခ်ိဳ႕ တ႐ုတ္ႏိုင္ငံတြင္း ေရာင္းခ်မႈတားျမစ္ခံရျခင္း ကလည္း Apple ရဲ႕ေရာင္းအားက်ဆင္းမႈကို တြန္းအားေပးေနသလို ျဖစ္ေနပါတယ္။

Ref: Cnet

[Unicode]

တရုတ်ကုန်သည်အချို့ iPhone တွေကို လျှော့ဈေးနဲ့ ရောင်းချလာကြ

Apple ရဲ့ iPhone ရောင်းချမှုလျော့နည်းကြောင်း သတင်းထုတ်ပြန်မှုအပြီး တရုတ်နိုင်ငံမှာရှိတဲ့ iPhone ရောင်းချသူတွေဟာ ဈေးနှုန်းတွေကို လျှော့ချခဲ့ကြတယ်လို့ သိရပါတယ်။ Suning နဲ့ JD.com တို့လို လက်လီရောင်းချသူတွေဟာ iPhone XR ရဲ့ ဈေးနှုန်းကို မူရင်းဈေးထက် $118 (၁သိန်း၈သောင်းဝန်းကျင်) အထိ လျှော့ချပေးခဲ့တယ်လို့ Reuters နဲ့ Yahoo Finance တို့က ဖော်ပြခဲ့ကြပါတယ်။

Suning ကတော့ 64GB iPhone XR ကို တရုတ်ယွမ်ငွေ 5,699 ယွမ် ($845၊ မြန်မာငွေ ၁၂သိန်း၈သောင်းဝန်းကျင်) နဲ့ စတင်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ Apple Chinese Site မှာတော့ iPhone XR ကို 6,499 ယွမ် ($963၊ မြန်မာငွေ ၁၄သိန်း ၇သောင်းဝန်းကျင်) အဖြစ် ဆက်လက်သတ်မှတ်ထားရှိ နေသေးတာလည်း ဖြစ်ပါတယ်။

အခြား မော်ဒယ်တစ်ခုဖြစ်တဲ့ iPhone 8 ကိုလည်း လျှော့ဈေးတွေနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ 64GB iPhone 8 ဟာ 5,099 ယွမ် ($756၊ မြန်မာငွေ ၁၁သိန်း ၅သောင်းဝန်းကျင်) နဲ့ Apple ကရောင်းချနေပေမယ့် တရုတ်မှာရှိတဲ့ ပြင်ပလက်လီရောင်းချသူအချို့ကတော့ 3,899 ယွမ် ($578၊ မြန်မာငွေ ၈သိန်း ၈သောင်းဝန်းကျင်) နဲ့ ရောင်းချနေကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ် ဖြစ်ပွားနေပြီး နှစ်နိုင်ငံအကြား ပြေလည်တဲ့ ဖြေရှင်းမှုလည်း မပြုလုပ်နိုင်သေးဘဲ တင်းမာနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် Qualcomm ရဲ့ တရားစွဲဆိုမှုကြောင့် Apple ရဲ့ iPhone အချို့ တရုတ်နိုင်ငံတွင်း ရောင်းချမှုတားမြစ်ခံရခြင်း ကလည်း Apple ရဲ့ရောင်းအားကျဆင်းမှုကို တွန်းအားပေးနေသလို ဖြစ်နေပါတယ်။

Ref: Cnet