Apple ဟာ Android နဲ့ Windows ထက် လုံခြုံရေး ပိုကောင်းအောင် Apple App Store ကို ဖန်တီးထားပါတယ်။ ဒါပေမယ့် Apple App Store မှာလည်း လုံခြုံရေးဟာကွက်တွေ ရှိနေပါတယ်။ ဆိုက်ဘာ လုံခြုံရေး သုတေသနပညာရှင် Alex Kleber က macOS App Store မှာ တရုတ် Malware တွေပါနေတယ်လို့ ပြောပါတယ်။

Apple macOS App Store

တရုတ် Apple Developer အကောင့် ၇ ခုရဲ့ App တွေမှာ ဆာဗာကနေ အမိန့်ပေးနိုင်တဲ့ Malware တွေ ဖွက်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီ နည်းပညာကို အသုံးပြုကာ Developer ဟာ App ရဲ့ Interface ကို လုံးဝ ပြောင်းလဲနိုင်ပြီး ခြေရာခံဖို့ ခက်ခဲအောင် ဆက်သွယ်မှု အားလုံးကို Cloudflare  နဲ့ GoDaddy တို့လို Domain ဝန်ဆောင်မှုတွေကို အသုံးပြုထားပါတယ်။

Apple App Store

အဲဒီအထဲက App ၁ ခုက macOS ရဲ့ App Store မှာ အကြိမ်ပေါင်းများစွာ Download လုပ်ထားတဲ့ PDF Reader ဖြစ်ပါတယ်။ အဲဒီ App ကို အခပေး အသုံးပြုရတာ ဖြစ်ပေမယ့် အခမဲ့ ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အားလုံးကို အသုံးပြုခွင့်ပေးထားပါတယ်။

အဲဒီ App ကို လူတွေ ယုံကြည်ပြီး အသုံးပြုမှုများအောင် ကွန်းမန့် အတုတွေကို ရေးသားထားပါတယ်။ အဲဒီ သတင်းကို သိသိချင်းပဲ Apple က ကွန်းမန့် အတုတွေကို ဖျက်ပစ်ခဲ့ပြီး Malware ပါတဲ့ App တချို့ကို App Store ကနေ လုံးဝ ဖယ်ရှားခဲ့ပါတယ်။

Ref ; gizchina