SNE Research ရဲ့ သုတေသန စစ်တမ်းအရ တရုတ် CATL ရဲ့ ဒီနှစ် ပထမနှစ်ဝက် ကမ္ဘာ့လျှပ်စစ်ကား ဘက်ထရီ ဈေးကွက်ဝေစုဟာ ၃၄.၈ ရာခိုင်နှုန်း ရှိပြီး အရင်နှစ်ရဲ့ ၂၈.၈ ရာခိုင်နှုန်းထက် တိုးတက်လာပါတယ်။ ကုမ္ပဏီဟာ လျှပ်စစ်ကားတွေအတွက် ဘက်ထရီတွေထုတ်လုပ်တဲ့ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ ၁၀ ခုထဲမှာ ဦးဆောင်နေပါတယ်။

EV battery

CATL နဲ့ LG Energy Solution တို့ပြီးနောက် တတိယအကြီးဆုံး တရုတ်က BYD ရဲ့ ဈေးကွက်ဝေစုဟာ ၆.၈ ကနေ ၁၁.၈ ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။ ထိပ်တန်း ကုမ္ပဏီ ၁၀ ခုထဲမှာ CATL, BYD, CALB, Guoxuan , Sunwoda နဲ့ SVOLT စတဲ့ တရုတ် ကုမ္ပဏီ ၆ ခု၊ တောင်ကိုရီးယား ကုမ္ပဏီ ၃ ခုနဲ့ ဂျပန်က Panasonic တို့ ပါပါတယ်။

fuel vehicles vs electric vehicles

နံပါတ် ၂ နေရာကို LG Energy Solution က ပိုင်ဆိုင်ထားပြီး ဈေးကွက်ဝေစုက ၂၃.၈ ကနေ ၁၄.၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားပါတယ်။ တောင်ကိုရီးယား ကုမ္ပဏီတွေဟာ ဈေးကွက်ဝေစုတွေ လျော့နည်းလာကြပါတယ်။ ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း ဈေးကွက်ဝေစု ၃၄.၉ ရာခိုင်နှုန်း ရထားပြီး အခုတော့ ၂၅.၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ Samsung SDI ကလည်း ၅.၈ ကနေ ၄.၉ ရာခိုင်နှုန်း ကျဆင်းသွားပေမယ့် SK On ကတော့ ၅.၃ ကနေ ၆.၅ ရာခိုင်နှုန်းအထိ တက်လာပါတယ်။ ဂျပန်က Panasonic က ၁၅ ကနေ ၉.၆ ရာခိုင်နှုန်း တက်လာပါတယ်။

တရုတ် ကုမ္ပဏီတွေဟာ တောင်ကိုရီးယား ဈေးကွက်မှာတောင် အောင်မြင်နေပါတယ်။ ဥပမာအနေနဲ့ Kia Niro လျှပ်စစ်ကားမှာ CATL ဘက်ထရီကို သုံးထားပြီး SsangYong Moto ဟာ နောက်နှစ်မှာ BYD ဘက်ထရီ ပါတဲ့ လျှပ်စစ်ကားကို ရောင်းချဖို့ စီစဉ်နေပါတယ်။ Hyundai နဲ့ CATL တို့ဟာ ဘက်ထရီ နည်းပညာကို အတူတကွ ဖန်တီးဖို့ မကြာခင်က သဘောတူညီခဲ့ပါတယ်။

Ref : gizchina