COVID-19 ကပ်ရောဂါဆိုးဟာ လူတိုင်းရဲ့ နေ့စဉ်ဘဝတွေကို ဆိုးကျိုးတွေပေးနေပါတယ်။ ဒါပေမယ့်လည်း စမတ်ဖုန်းတွေကို ဈေးချိုချိုနဲ့ ဝယ်နိုင်မယ့် အခွင့်အရေးကောင်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်ကြောင့် Apple ရဲ့ ထုတ်ကုန်တွေ ရောင်းအားကျနေတဲ့အတွက် ဈေးချရောင်းရတော့မှာပါ။

ရောင်းအား ပြန်တက်အောင် တရုတ် စတိုးတွေက iPhone 11  နဲ့ iPhone 11 Pro ကို ဈေးချရောင်းပေးနေပါတယ်။ Suning က iPhone 11 64GB ကို ယွမ် ၅၀၀ ဈေးချပြီး ၄,၉၉၉ ယွမ်နဲ့ ရောင်းပေးနေပါတယ်။ iPhone 11 Pro 64GB ကို ၇,၄၉၉ ယွမ်နဲ့ ဈေးချရောင်းပေးနေပြီး မြန်မာငွေ ၁၀ သိန်းနဲ့ ၁၅ သိန်းလောက် အသီးသီး ကျသင့်ပါတယ်။

TMall က Apple ရဲ့ Authorized စတိုးတွေ အပါအဝင် တခြား အွန်လိုင်း စတိုးတွေကလည်း တရုတ်မှာ iPhone 11 Series တွေကို အလားတူဈေးတွေနဲ့ ရောင်းပေးနေပါတယ်။ လက်ရှိမှာ လူတွေဟာ အရေးကြီးတဲ့ ကုန်ပစ္စည်းတွေကိုပဲ ဝယ်ယူနေတဲ့ အတွက် စမတ်ဖုန်း ရောင်းအား ကျဆင်းနေပါတယ်။ အဲဒီအတွက် ၂၀၂၀ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ ထိုင်ဝမ်က Apple ပါတနာတွေဟာ ထုတ်လုပ်မှု လျှော့ချမှာ ဖြစ်ပါတယ်။ တရုတ် စတိုးတွေက အခုလို ဈေးချရောင်းပေးနေတာဟာ ကုန်ပစ္စည်းလက်ကျန်တွေကို ရှင်းချင်လို့ ဖြစ်ပါတယ်။

Ref : gsmarena