[Unicode]

လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်စမတ်ဖုန်းထုတ်လုပ်ရေးလုပ်ငန်းအများစုအတွက် မှန်ဘီလူး ဝယ်လိုအားတွေ တိုးမြင့်လာမယ်လို့ စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ထဲကနေတစ်ဆင့် သတင်းထွက်ပေါ်လာပါတယ်။ အထူးသဖြင့် Huawei, OPPO, Vivo နဲ့ Xiaomi တို့လိုအမှတ်တံဆိပ်တွေမှာ ပြိုင်ဆိုင်မှုတွေ ပိုပြီးပြင်းထန်လာဖွယ် ရှိတာပါ။

တရုတ်နိုင်ငံရဲ့ ဦးဆောင်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကတော့ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ စမတ်ဖုန်းအလုံးရေ သန်း ၂၀၀ လောက် တင်ပို့ရောင်းချဖို့ ပြင်ဆင်နေတဲ့အကြောင်း သတင်းထွက်ပေါ်လာပါတယ်။ အခြားတစ်ဖက်မှာတော့ OPPO, Vivo နဲ့ Xiaomi စတဲ့အမှတ်တံဆိပ်တွေကလည်း အနည်းဆုံး စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ လောက် တင်ပို့ရောင်းချလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

စမတ်ဖုန်းထုတ်လုပ်ရောင်းချမှု မြင့်တက်လာတာနဲ့အမျှ ကင်မရာအတွက် မှန်ဘီလူးလိုအပ်ချက်ကလည်း ပိုပြီးများပြားလာမှာဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ စမတ်ဖုန်းအများစုမှာ အနည်းဆုံး ကင်မရာသုံးလုံးလောက် ပါဝင်လာဖွယ်ရှိပါတယ်။ နောက်တစ်ဆင့်ကတော့ ကင်မရာလေးလုံး ခေတ်ကို ပိုပြီးအရှိန်မြှင့်တင်လာမှာလည်း ဖြစ်ပါတယ်။

ဒီသတင်းရဲ့နောက်မှာ တရုတ်ရဲ့နာမည်ကြီး စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုတည်းကတင် ၂၀၂၀ အတွက် Optical lens အရေအတွက် သန်း ၄၀၀ ကနေ သန်း ၅၀၀ ကြား မှာယူတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာပါတယ်။ ၂၀၁၉ ခုနှစ်တတိယသုံးလပတ်အထိ ဈေးကွက်ဝေစုအခြေအနေနဲ့ စမတ်ဖုန်းဝယ်လိုအားအခြေအနေကိုကြည့်ရင်လည်း လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ပိုမိုများပြားတဲ့ ရောင်းဝယ်ဖောက်ကားမှု ဖြစ်ပေါ်လာမယ်လို့ ခန့်မှန်းနိုင်ပါတယ်။

Ref: Gizmochina

[Zawgyi]

Optical Lens ဝယ်လိုအားများပြားလာမယ့် လာမယ့် ၂၀၂၀ တရုတ်စမတ်ဖုန်းဈေးကွက်





Ref: Gizmochina