လျှပ်စစ်ကားတွေ ထုတ်လုပ်နေတဲ့ တရုတ် ကုမ္ပဏီ Xpeng ဟာ Tesla ရဲ့ ပြိုင်ဖက် ဖြစ်ပြီး အောက်တိုဘာလနှောင်းပိုင်းက X3 အမည်ရ မိုးပျံကား နမူနာ မော်ဒယ်ကို ပြသခဲ့ပါတယ်။ မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်တဲ့ (VTOL) အမျိုးအစား ဖြစ်ပြီး ကုမ္ပဏီက X3 ဂိုဒေါင်ကနေထွက်ကာ ကောင်းကင်မှာ ပျံသန်းနေတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။

The Xpeng X3 flying car prototype.

ဗီဒီယိုမှာ X3 ဟာ မြေပြင်ကနေ ကောင်းကင်ကို ပျံတက်သွားပြီး၊ လေပေါ်ဝဲနေတာ၊ လှည့်ပတ်နေတာနဲ့ Launch Pad ကို ပြန်ဆင်းသွားတာကို မြင်ရပါတယ်။

ကုမ္ပဏီ အများစုရဲ့ မိုးပျံကားတွေဟာ လေထဲမှာ ပျံသန်းတာကို ဦးစားပေးထားပြီး ကားမောင်းဖို့ကို ဦးစားမပေးထားပါဘူး။ ဘီးတွေ မပါတဲ့ ကိုယ်ပိုင် လေယာဉ်တွေလို တည်ဆောက်ထားကြတာပါ။ ဒါပေမယ့် X3 ကို ကားလို မောင်းဖို့အတွက်ပါ ရည်ရွယ်ဖန်တီးထားပြီး ကားမှာ အရွယ်ကြီး ဒရုန်း တပ်ဆင်ထားသလို ဖြစ်ပါတယ်။

ကုမ္ပဏီက “ လေပေါ်မှာ ပျံသန်းဖို့အတွက်ရော၊ လမ်းပေါ်မှာ မောင်းနှင်ဖို့အတွက်ပါ ဒီဇိုင်းထုတ်ထားတဲ့ ကားပျံ ဖြစ်ပါတယ်။ ကားမောင်းတာနဲ့ ပျံသန်းတာကို လျှင်မြန်စွာ ပြောင်းလဲနိုင်အောင် ပြုလုပ်ထားပါတယ်။ ကားလမ်း ပိတ်တာ၊ အတားအဆီးနဲ့ မြစ်တွေကို ကျော်ဖြတ်မောင်းနှင်နိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။“ လို့ ပြောပါတယ်။ ကုမ္ပဏီက ကားပျံဌာန Aeroht ကို ၂၀၁၃ ခုနှစ်က တည်ထောင်ခဲ့တာပါ။

Ref : businessinsider