Zawgyi Font Version

Chrome ကိုထုတ္ခဲ့တာ အခုဆိုရင္ ဆယ္ႏွစ္ျပည့္ျပီျဖစ္ျပီး လူတိုင္းနီးပါး Internet Browsing အတြက္ Chrome ကိုပဲသံုးလာၾကပါျပီ။ ဆယ္ႏွစ္ျပည့္အထိမ္္းအမွတ္အျဖစ္ အျပင္အဆင္အသစ္ေတြကိုျမင္ရမွာပါ။

Google ရဲ႕ Material Design 2 အေပၚအေျခခံထားတဲ့ Design ေတြကိုသံုးထားျပီး Browser တစ္ခုလံုးရဲ႕ အသြင္အျပင္ေတာ္ေတာ္မ်ားမ်ားကို ခပ္ဝိုင္းဝိုင္းေလးေတြအျဖစ္ျမင္ရမွာပါ။

 

Icon အသစ္ေတြနဲ႔ထပ္ျဖည့္ထားပါတယ္။ အသြင္အျပင္ပိုင္းတင္မဟုတ္ပဲ Browser ရဲ႕ Omni Box နဲ႔ တစ္ျခားအစိတ္အပိုင္းေတြကိုပါ Update လုပ္ေပးထားပါတယ္။

ပိုျပီးစိတ္ဝင္စားဖို႔ေကာင္းတဲ့ Update တစ္ခုကေတာ့ Password Manager ပါ။ အရင္လို Password ေတြကို မွတ္ထားႏိုင္ရံုမကေတာ့ပဲ Password အသစ္လုပ္စရာရွိရင္ လံုျခံဳစိတ္ခ်ရတဲ့ Password အသစ္တစ္ခုကို Auto လုပ္ေပးျပီးအလိုအေလ်ာက္မွတ္သားေပးထားမွာပါ။

မၾကာခင္အခ်ိန္အတြင္းမွာ Chrome ထဲကဖြင့္ခဲ့သမွ် Tab ေတြကို Google Drive မွာ Save မွတ္ထားႏိုင္ျပီး လိုတဲ့အခ်ိန္ ျပန္ၾကည့္ႏိုင္မွာပါ။

Google ရဲ႕ Product Management ပိုင္းက ေျပာေရးဆိုခြင့္ရွိသူ Rahul Roy-Chowdhury က AI Feature ေတြကို Chrome မွာအသံုးျပဳႏိုင္ဖို႔အတြက္ အဖြဲ႔လိုက္ၾကိဳးစားေဆာင္ရြက္ေနပါျပီလို႔ေျပာခဲ့ပါတယ္။ အနာဂတ္မွာ AI Feature ေတြအျပည့္နဲ႔ ပိုျပီး အသိဥာဏ္ရွိတဲ့ Chrome ကိုျမင္ရေတာ့မွာပါ။

Google ရဲ႕ အပိုင္ Web Browser တစ္ခုျဖစ္တဲ့ Chrome ဟာ PC ေတြေရာ Mobile Device ေတြ မွာပါ အသံုးအမ်ားဆံုး Web Browser တစ္ခုပါ။ အရင္တုန္းက PC ေတြမွာဆိုရင္ Firefox သံုးခဲ့ၾကေပမယ့္ အဆင္မေျပေတာ့လို႔ လူတိုင္း Chrome ဘက္လွည့္လာၾကပါတယ္။

အရင္တုန္းကဆိုရင္ Chrome ဟာ Firefox နဲ႔ Internet Explorer တို႔နဲ႔ အျပင္းအထန္ယွဥ္ျပိဳင္ခဲ့ၾကေပမယ့္ ျပိဳင္ဘက္ Browser ေတြဆီက အဆိုး၊အေကာင္းေတြကိုေလ့လာျပီး အတည္ျငိမ္ဆံုးနဲ႔ ေခတ္နဲ႔အကိုက္ညီဆံုး Browser တစ္ခုအျဖစ္ ေျပာင္းလဲလာခဲ့ႏိုင္လို႔ လူၾကိဳက္အမ်ားဆံုး Web Browser တစ္ခုျဖစ္လာပါတယ္။

Chrome ရဲ႕ ဆယ္ႏွစ္ျပည့္ အထိမ္းအမွတ္ျဖစ္တဲ့ အသြင္အျပင္အသစ္ကိုျမင္ေတြ႔ရဖို႔အတြက္ Chrome ကို ေနာက္ဆံုး Version Update လုပ္ထားဖို႔လိုျပီး တစ္ခ်ိဳ႕ Region ေတြအတြက္ေတာ့ Update ရတာေနာက္က်ပါလိမ့္မယ္။

Chrome ဟာ သူ႔ရဲ႕ အသြင္အျပင္ကို ဆယ္ႏွစ္ျပည့္အျဖစ္ ခဏတာ ေျပာင္းလဲတာမဟုတ္ပဲ အသြင္အျပင္အသစ္ကိုပဲ ေတာက္ေလ်ာက္ဆက္သံုးသြားမွာပါ။ Chrome ရဲ႕ ေခတ္ဆန္ျပီး လွပတဲ့ အသြင္အသစ္ေလးကို အတူတူေစာင့္ၾကည့္လိုက္ရေအာင္။

Unicode Version

Chrome ကိုထုတ်ခဲ့တာ အခုဆိုရင် ဆယ်နှစ်ပြည့်ပြီဖြစ်ပြီး လူတိုင်းနီးပါး Internet Browsing အတွက် Chrome ကိုပဲသုံးလာကြပါပြီ။ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အပြင်အဆင်အသစ်တွေကိုမြင်ရမှာပါ။

Google ရဲ့ Material Design 2 အပေါ်အခြေခံထားတဲ့ Design တွေကိုသုံးထားပြီး Browser တစ်ခုလုံးရဲ့ အသွင်အပြင်တော်တော်များများကို ခပ်ဝိုင်းဝိုင်းလေးတွေအဖြစ်မြင်ရမှာပါ။ Icon အသစ်တွေနဲ့ထပ်ဖြည့်ထားပါတယ်။

အသွင်အပြင်ပိုင်းတင်မဟုတ်ပဲ Browser ရဲ့ Omni Box နဲ့ တစ်ခြားအစိတ်အပိုင်းတွေကိုပါ Update လုပ်ပေးထားပါတယ်။

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ Update တစ်ခုကတော့ Password Manager ပါ။ အရင်လို Password တွေကို မှတ်ထားနိုင်ရုံမကတော့ပဲ Password အသစ်လုပ်စရာရှိရင် လုံခြုံစိတ်ချရတဲ့ Password အသစ်တစ်ခုကို Auto လုပ်ပေးပြီးအလိုအလျောက်မှတ်သားပေးထားမှာပါ။

မကြာခင်အချိန်အတွင်းမှာ Chrome ထဲကဖွင့်ခဲ့သမျှ Tab တွေကို Google Drive မှာ Save မှတ်ထားနိုင်ပြီး လိုတဲ့အချိန် ပြန်ကြည့်နိုင်မှာပါ။

Google ရဲ့ Product Management ပိုင်းက ပြောရေးဆိုခွင့်ရှိသူ Rahul Roy-Chowdhury က AI Feature တွေကို Chrome မှာအသုံးပြုနိုင်ဖို့အတွက် အဖွဲ့လိုက်ကြိုးစားဆောင်ရွက်နေပါပြီလို့ပြောခဲ့ပါတယ်။ အနာဂတ်မှာ AI Feature တွေအပြည့်နဲ့ ပိုပြီး အသိဉာဏ်ရှိတဲ့ Chrome ကိုမြင်ရတော့မှာပါ။

Google ရဲ့ အပိုင် Web Browser တစ်ခုဖြစ်တဲ့ Chrome ဟာ PC တွေရော Mobile Device တွေ မှာပါ အသုံးအများဆုံး Web Browser တစ်ခုပါ။ အရင်တုန်းက PC တွေမှာဆိုရင် Firefox သုံးခဲ့ကြပေမယ့် အဆင်မပြေတော့လို့ လူတိုင်း Chrome ဘက်လှည့်လာကြပါတယ်။

အရင်တုန်းကဆိုရင် Chrome ဟာ Firefox နဲ့ Internet Explorer တို့နဲ့ အပြင်းအထန်ယှဉ်ပြိုင်ခဲ့ကြပေမယ့် ပြိုင်ဘက် Browser တွေဆီက အဆိုး၊အကောင်းတွေကိုလေ့လာပြီး အတည်ငြိမ်ဆုံးနဲ့ ခေတ်နဲ့အကိုက်ညီဆုံး Browser တစ်ခုအဖြစ် ပြောင်းလဲလာခဲ့နိုင်လို့ လူကြိုက်အများဆုံး Web Browser တစ်ခုဖြစ်လာပါတယ်။

Chrome ရဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ်ဖြစ်တဲ့ အသွင်အပြင်အသစ်ကိုမြင်တွေ့ရဖို့အတွက် Chrome ကို နောက်ဆုံး Version Update လုပ်ထားဖို့လိုပြီး တစ်ချို့ Region တွေအတွက်တော့ Update ရတာနောက်ကျပါလိမ့်မယ်။

Chrome ဟာ သူ့ရဲ့ အသွင်အပြင်ကို ဆယ်နှစ်ပြည့်အဖြစ် ခဏတာ ပြောင်းလဲတာမဟုတ်ပဲ အသွင်အပြင်အသစ်ကိုပဲ တောက်လျောက်ဆက်သုံးသွားမှာပါ။ Chrome ရဲ့ ခေတ်ဆန်ပြီး လှပတဲ့ အသွင်အသစ်လေးကို အတူတူစောင့်ကြည့်လိုက်ရအောင်။

Ref: Tech Crunch