Google က လူသုံးများစေဖို့နဲ့ အသုံးဝင်စေဖို့ Chrome ရဲ့ New Tab Page မှာ ဝန်ဆောင်မှုတွေကို အမြဲ ထည့်သွင်းပေးနေပါတယ်။ မကြာခင်က Drive File Shortcuts ကို ထည့်ပေးပြီးနောက်မှာ အခုတော့ Google Photos Memories ကို ပြသဖို့ စမ်းသပ်နေပါတယ်။

ChromeStory က နောက်ဆုံးထုတ် Chrome Canary Build မှာ NTP Photos Module Flag အသစ် ၁ ခုပါလာတယ်လို့ ပြောပါတယ်။ အဲဒါကို Enable လုပ်ရင် New Tab Page မှာ Google Photos Memories တွေကို ပြသပေးပါတယ်။ Enable လုပ်ပြီးတဲ့အခါမှာ Browser က အဲဒီ ဓါတ်ပုံတွေ ပြသခွင့်ကို သင်က လက်ခံပေးရမှာပါ။ ပြီးရင်တော့ Chrome က သင် Log In ဝင်ထားတဲ့ အကောင့်ရဲ့ Memories တွေကို New Tab Page မှာ အလိုအလျှောက် ပြသပေးမှာပါ။

အဲဒီ Photos Module ဟာ Mac, Linux, Windows , ChromeOS တို့အတွက် ထုတ်ထားတဲ့ Chrome ရဲ့ Dev နဲ့ Beta Build တွေမှာလည်း ပါလာနိုင်ပါတယ်။

Google Photos ရဲ့ Memories လုပ်ဆောင်ချက်ဟာ အရမ်းကို မိုက်ပါတယ်။ ဒါပေမယ့် တချို့လူတွေက Photos App ကို သိပ်မဖွင့်ကြတဲ့အတွက် မတွေ့မြင်ကြပါဘူး။ Chrome New Tab Page ကို လူတွေ အမြဲတမ်း ဖွင့်နေကြတာ ဖြစ်တဲ့အတွက် Google Photos Memories တွေကို လူတွေ ပိုမြင်လာနိုင်ပါတယ်။

Ref : androidpolice