[Zawgyi]

ၿပီးခဲ့တဲ့ၾကာသပေတးေန႔မွာ ဂ်ပန္နာမည္ႀကီးဂိမ္းကုမၸဏီ နင္တန္းဒိုးဟာ ဂိမ္းပရိသတ္ေတြ အၾကီးအက်ယ္ ေစာင့္ေမွ်ာ္ေနတဲ့ Mario Kart မုိဘုိင္းဗားရွင္း ဂိမ္းအသစ္အတြက္ Closed Beta စမ္းသပ္ေဆာ့ကစားခြင့္ေတြ ခ်ေပးခဲ့ပါတယ္။ နင္တန္းဒိုးဟာ Pokemon GO နဲ႔ပြဲဦးထြက္လွပခဲ့ၿပီးေနာက္မွာ နာမည္ေက်ာ္ Franchise ျဖစ္တဲ့ Mario ကိုပါ မုိဘုိင္းေပၚသုိ႔ ပို႔ေဆာင္ခဲ့ေသးေပမယ့္ Pokemon GO တုန္းက ရရွိခဲ့တဲ့ ေအာင္ျမင္မႈကိုေတာ့ ထပ္မရႏုိင္ေသးပါဘူး။

နင္တန္းဒုိးဟာ ၂၀၁၉ ခုႏွစ္မွာ Mario ဂိမ္းအသစ္အတြက္ ထြက္ရွိရက္ကို အရင္ေၾကျငာခဲ့ေသးတာပါ။ ဇႏၷဝါရီတုန္းကေတာ့ Dr Mario မုိဘုိင္းဂိမ္းကို ထပ္မံေၾကျငာခဲ့ၿပီးေနာက္ Mario Kart ကို မုိဘုိင္းပလက္ေဖာင္းေပၚသို႔ ၂၀၁၉ ေႏြရာသီမွ မိတ္ဆက္လာေတာ့မယ္လို႔ ေရႊ႕ဆုိင္းခဲ့တာ ျဖစ္ပါတယ္။

ေလာေလာဆယ္ ဘီတာအဆင့္ကို အေမရိကန္နဲ႔ ဂ်ပန္ Play Store သုံးစြဲသူေတြပဲ ေလွ်ာက္ထားခြင့္ ရွိေသးၿပီး ေလွ်ာက္ထားလိုသူဟာ Gmail အေကာင့္နဲ႔ခ်ိတ္ဆက္ထားတဲ့ Nintendo အေကာင့္လည္း လိုအပ္မွာ ျဖစ္ပါတယ္။ ေလွ်ာက္ထားသူေတြထဲက အခ်ဳိ႕ကိုပဲ နင္တန္းဒုိးက သူတုိ႔ရဲ႕ ဂိမ္းအသစ္ကို ေပးေဆာ့သြားမွာပါ။

မာရီယုိကားၿပိဳင္ပြဲလို႔ နင္တန္းဒိုးဂိမ္းစက္ေတြ တြင္က်ယ္စဥ္က ေခၚေဝၚေဆာ့ကစားခဲ့ၾကတဲ့ ဒီဂိမ္းဟာ မာရီယုိကမာၻထဲက ဇာတ္ေကာင္ကို အေျခခံၿပီး ၿပိဳင္ကားေမာင္းယွဥ္ၿပိဳင္ရတဲ့ Racing Action အမ်ဳိးအစား ျဖစ္ပါတယ္။ နင္တန္းဒုိးက မုိဘုိင္းဂိမ္းဗားရွင္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ လွ်ဳိ႕ဝွက္ထားဆဲပါ။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ဂျပန်နာမည်ကြီးဂိမ်းကုမ္ပဏီ နင်တန်းဒိုးဟာ ဂိမ်းပရိသတ်တွေ အကြီးအကျယ် စောင့်မျှော်နေတဲ့ Mario Kart မိုဘိုင်းဗားရှင်း ဂိမ်းအသစ်အတွက် Closed Beta စမ်းသပ်ဆော့ကစားခွင့်တွေ ချပေးခဲ့ပါတယ်။ နင်တန်းဒိုးဟာ Pokemon GO နဲ့ပွဲဦးထွက်လှပခဲ့ပြီးနောက်မှာ နာမည်ကျော် Franchise ဖြစ်တဲ့ Mario ကိုပါ မိုဘိုင်းပေါ်သို့ ပို့ဆောင်ခဲ့သေးပေမယ့် Pokemon GO တုန်းက ရရှိခဲ့တဲ့ အောင်မြင်မှုကိုတော့ ထပ်မရနိုင်သေးပါဘူး။

နင်တန်းဒိုးဟာ ၂၀၁၉ ခုနှစ်မှာ Mario ဂိမ်းအသစ်အတွက် ထွက်ရှိရက်ကို အရင်ကြေငြာခဲ့သေးတာပါ။ ဇန္နဝါရီတုန်းကတော့ Dr Mario မိုဘိုင်းဂိမ်းကို ထပ်မံကြေငြာခဲ့ပြီးနောက် Mario Kart ကို မိုဘိုင်းပလက်ဖောင်းပေါ်သို့ ၂၀၁၉ နွေရာသီမှ မိတ်ဆက်လာတော့မယ်လို့ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် ဘီတာအဆင့်ကို အမေရိကန်နဲ့ ဂျပန် Play Store သုံးစွဲသူတွေပဲ လျှောက်ထားခွင့် ရှိသေးပြီး လျှောက်ထားလိုသူဟာ Gmail အကောင့်နဲ့ချိတ်ဆက်ထားတဲ့ Nintendo အကောင့်လည်း လိုအပ်မှာ ဖြစ်ပါတယ်။ လျှောက်ထားသူတွေထဲက အချို့ကိုပဲ နင်တန်းဒိုးက သူတို့ရဲ့ ဂိမ်းအသစ်ကို ပေးဆော့သွားမှာပါ။

မာရီယိုကားပြိုင်ပွဲလို့ နင်တန်းဒိုးဂိမ်းစက်တွေ တွင်ကျယ်စဉ်က ခေါ်ဝေါ်ဆော့ကစားခဲ့ကြတဲ့ ဒီဂိမ်းဟာ မာရီယိုကမ္ဘာထဲက ဇာတ်ကောင်ကို အခြေခံပြီး ပြိုင်ကားမောင်းယှဉ်ပြိုင်ရတဲ့ Racing Action အမျိုးအစား ဖြစ်ပါတယ်။ နင်တန်းဒိုးက မိုဘိုင်းဂိမ်းဗားရှင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ လျှို့ဝှက်ထားဆဲပါ။

Ref – GSM Arena