Coinbase ဟာ FTX US, Crypto.com နဲ့ Visa တို့လိုပဲ NFTs ဈေးကွက်ထဲ ရောက်လာပါပြီ။ Coinbase ရဲ့ NFTs ဈေးကွက်ကို စိတ်ဝင်စားသူ အရမ်းများနေပြီး ပထမဆုံး ၂ ရက်အတွင်းမှာ စာရင်းပေးသူ ၁.၅ သန်းကျော်ရှိလာပါတယ်။

Potential Of NFTs In The Future

Coinbase ကို အသုံးပြုသူ သန်း ၆၀ ကျော်ရှိတဲ့အတွက် ကုမ္ပဏီရဲ့ NFTs ဈေးကွက်ကို စိတ်ဝင်စားသူ ဒီလောက်များနေတာ မထူးဆန်းပါဘူး။ NFTs တွေဟာ တော်တော် ရေပန်းစားနေပြီး ဒီနှစ် တတိယကွာတား ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ဒေါ်လာ ၁၀ ဘီလီယမ်ကျော်ဖိုး ရောင်းချခဲ့ရပါတယ်။ ဒုတိယ ကွာတား ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ရောင်းအား ဒေါ်လာ ၁.၃ ဘီလီယမ်ထက်ကို အများကြီး တိုးတက်လာပါတယ်။ ဩဂုတ်လ ၁ လထဲမှာတင် OpenSea ဟာ NFTs ရောင်းအား ဒေါ်လာ ၃.၄ ဘီလီယမ် ရှိခဲ့ပါတယ်။

Coinbase ရဲ့ NFTs ဈေးကွက် Waitlist မှာ စာရင်းပေးသူ အရေအတွက်ဟာ OpenSea ထက် အများကြီး သာလွန်နေပါတယ်။ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်းမှာ OpenSea User ပေါင်းဟာ ၂၆၁,၀၀၀ ပဲ ရှိပါတယ်။ Coinbase ရဲ့ NFTs ဈေးကွက်အတွက် လက်ခံတဲ့ ပထမဆုံး နေ့မှာတင် စာရင်းပေးသွင်းသူ ၁ သန်းကျော်သွားခဲ့တာပါ။

Coinbase ဟာ NFTs ဈေးကွက်ကို တည်ထောင်တဲ့ ပထမဆုံး ကုမ္ပဏီ မဟုတ်ပါဘူး။ မတ်လမှာ Crypto.com က NFTs ဈေးကွက်ကို ကြေညာခဲ့ပြီး FTX US က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Solana NFTs ဈေးကွက်ကို တည်ထောင်ခဲ့ပါတယ်။

Ref ; cryptobriefing