Zawgyi

တ႐ုတ္နာမည္ႀကီး ဖုန္း ကုမၸဏီေတြထဲက တစ္ခုျဖစ္တဲ့ OPPO ဟာဆိုရင္ သူ႕ရဲ႕ ဖုန္းေတြမွာ အသုံးျပဳဖို႔အတြက္ Android OS ကို စိတ္တိုင္းက် ျခယ္လွယ္ထားတဲ့ ColorOS ဆိုတဲ့ Operating System ကို အသုံးျပဳထားပါတယ္။ OPPO ဖုန္းအသုံးျပဳသူတိုင္း ရင္းႏွီးေနမယ့္ နာမည္တစ္ခုျဖစ္ပါတယ္။ Xiaomi ရဲ႕ MIUI ေလာက္ လူႀကိဳက္မမ်ားေပမယ့္ အသုံးျပဳရလြယ္ကူတဲ့အတြက္ OPPO ဖုန္းအသုံးျပဳသူေတြၾကား အေျပာမ်ားတဲ့ OS တစ္ခုပါပဲ။

OPPO ကေန ေနာက္ဆုံးထုတ္ေပးထားတဲ့ ColorOS ဗားရွင္းကေတာ့ ColorOS 6 ျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ စမ္းသပ္အသုံးျပဳ အဆင့္ပဲရွိပါေသးတယ္။ ColorOS 6 ကို OPPO R15 မွာ စမ္းသပ္အသုံးျပဳလို႔ရေနခဲ့တာ ၾကာပါၿပီ။ တစ္ျခား OPPO ဖုန္း အသုံးျပဳသူေတြလည္း ColorOS 6 ကိုေစာင့္ေမွ်ာ္ေနၾကတာ ၾကာပါၿပီ။ ေနာက္ဆုံးမွာေတာ့ ColorOS 6 ကို မတ္လကုန္မွာ ထုတ္ေပးေတာ့မယ္လို႔ OPPO ဘက္က တရားဝင္ေျပာၾကားလိုက္ပါတယ္။

ColorOS 6 Update အေၾကာင္းကို OPPO ရဲ႕ Vice President ျဖစ္တဲ့ Brian Shen က မေန႕ကပဲ Weibo ဝဘ္ဆိုက္ေပၚတင္ၿပီး ေၾကညာခဲ့တာပါ။ ကုမၸဏီရဲ႕ အဆိုအရ အရင္ႏွစ္က ColorOS 6 အေၾကာင္းကို မိတ္ဆက္ေပးခဲ့တာျဖစ္ၿပီး ဒီႏွစ္မွာမွ ColorOS 6 ကို တရားဝင္ထုတ္ေပးမွာပါ။ OPPO ဖုန္းေတာ္ေတာ္မ်ားမ်ားအတြက္ ColorOS 6 Update ကို မတ္လအကုန္မွာ စတင္ထုတ္ေပးေတာ့မယ္လို႔ ဆိုပါတယ္။

အခုေလာေလာဆယ္မွာေတာ့ ColorOS 6 ကို အေသးစိတ္ျပဳျပင္ မြမ္းမံေနၿပီျဖစ္ၿပီး Error နဲ႕ Bug ေတြကင္းၿပီး အလုံးစုံ ၿပီးျပည့္စုံဖို႔အတြက္ေတာ့ စိတ္ရွည္ရွည္နဲ႕ ေစာင့္ေပးပါလို႔ OPPO ရဲ႕ တရားဝင္ Weibo Account ကေန သူ႕ရဲ႕ ပရိတ္သတ္ေတြကို ေျပာၾကားထားပါတယ္။ ColorOS 6 မွာ ဒီဇိုင္း အသြင္အျပင္ပိုင္း ေျပာင္းလဲမႈေတြလုပ္ထားၿပီး ေဘးေဘာင္လိုင္းေတြ မပါဝင္ေတာ့ပါဘူး။ OPPO ကေန ေဝမွ်ေပးထားတဲ့ ပုံေတြမွာေတာ့ ColorOS 6 ရဲ႕ UI အသစ္ဟာ ေရာင္ေျပးေတြကို အျဖဴနဲ႕ အနက္ေနာက္ခံေတြေပၚမွာ ေရးဆြဲထားတာကို ေတြ႕ရပါတယ္။ ဖုန္းရဲ႕ စြမ္းေဆာင္ရည္ကိုလည္း ပိုမိုတိုးျမႇင့္ေပးမွာျဖစ္ၿပီး Hyper Boost လို႔ေခၚတဲ့ ဂိမ္းေဆာ့တဲ့ေနရာမွာ သိသိသာသာ စြမ္းေဆာင္ရည္ပိုေကာင္းေစမယ့္ နည္းပညာအသစ္ တစ္မ်ိဳးကိုလည္း ထည့္သြင္းေပးထားပါေသးတယ္။

Ref: Gizmo China

Unicode

OPPO ဖုန်းတွေအတွက် ColorOS 6 ကို မတ်လကုန် ထုတ်ပေးတော့မည်

တရုတ်နာမည်ကြီး ဖုန်း ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ OPPO ဟာဆိုရင် သူ့ရဲ့ ဖုန်းတွေမှာ အသုံးပြုဖို့အတွက် Android OS ကို စိတ်တိုင်းကျ ခြယ်လှယ်ထားတဲ့ ColorOS ဆိုတဲ့ Operating System ကို အသုံးပြုထားပါတယ်။ OPPO ဖုန်းအသုံးပြုသူတိုင်း ရင်းနှီးနေမယ့် နာမည်တစ်ခုဖြစ်ပါတယ်။ Xiaomi ရဲ့ MIUI လောက် လူကြိုက်မများပေမယ့် အသုံးပြုရလွယ်ကူတဲ့အတွက် OPPO ဖုန်းအသုံးပြုသူတွေကြား အပြောများတဲ့ OS တစ်ခုပါပဲ။

OPPO ကနေ နောက်ဆုံးထုတ်ပေးထားတဲ့ ColorOS ဗားရှင်းကတော့ ColorOS 6 ဖြစ်ပြီး လောလောဆယ်မှာတော့ စမ်းသပ်အသုံးပြု အဆင့်ပဲရှိပါသေးတယ်။ ColorOS 6 ကို OPPO R15 မှာ စမ်းသပ်အသုံးပြုလို့ရနေခဲ့တာ ကြာပါပြီ။ တစ်ခြား OPPO ဖုန်း အသုံးပြုသူတွေလည်း ColorOS 6 ကိုစောင့်မျှော်နေကြတာ ကြာပါပြီ။ နောက်ဆုံးမှာတော့ ColorOS 6 ကို မတ်လကုန်မှာ ထုတ်ပေးတော့မယ်လို့ OPPO ဘက်က တရားဝင်ပြောကြားလိုက်ပါတယ်။

ColorOS 6 Update အကြောင်းကို OPPO ရဲ့ Vice President ဖြစ်တဲ့ Brian Shen က မနေ့ကပဲ Weibo ဝဘ်ဆိုက်ပေါ်တင်ပြီး ကြေညာခဲ့တာပါ။ ကုမ္ပဏီရဲ့ အဆိုအရ အရင်နှစ်က ColorOS 6 အကြောင်းကို မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ဒီနှစ်မှာမှ ColorOS 6 ကို တရားဝင်ထုတ်ပေးမှာပါ။ OPPO ဖုန်းတော်တော်များများအတွက် ColorOS 6 Update ကို မတ်လအကုန်မှာ စတင်ထုတ်ပေးတော့မယ်လို့ ဆိုပါတယ်။

အခုလောလောဆယ်မှာတော့ ColorOS 6 ကို အသေးစိတ်ပြုပြင် မွမ်းမံနေပြီဖြစ်ပြီး Error နဲ့ Bug တွေကင်းပြီး အလုံးစုံ ပြီးပြည့်စုံဖို့အတွက်တော့ စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါလို့ OPPO ရဲ့ တရားဝင် Weibo Account ကနေ သူ့ရဲ့ ပရိတ်သတ်တွေကို ပြောကြားထားပါတယ်။ ColorOS 6 မှာ ဒီဇိုင်း အသွင်အပြင်ပိုင်း ပြောင်းလဲမှုတွေလုပ်ထားပြီး ဘေးဘောင်လိုင်းတွေ မပါဝင်တော့ပါဘူး။ OPPO ကနေ ဝေမျှပေးထားတဲ့ ပုံတွေမှာတော့ ColorOS 6 ရဲ့ UI အသစ်ဟာ ရောင်ပြေးတွေကို အဖြူနဲ့ အနက်နောက်ခံတွေပေါ်မှာ ရေးဆွဲထားတာကို တွေ့ရပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုတိုးမြှင့်ပေးမှာဖြစ်ပြီး Hyper Boost လို့ခေါ်တဲ့ ဂိမ်းဆော့တဲ့နေရာမှာ သိသိသာသာ စွမ်းဆောင်ရည်ပိုကောင်းစေမယ့် နည်းပညာအသစ် တစ်မျိုးကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

Ref: Gizmo China