Zawgyi

တရုတ္အေျခစိုက္ ဖုန္းထုတ္လုပ္သူ Oppo ဟာ မႏွစ္ ႏုိဝင္ဘာတုန္းကမွ မုိဘုိင္းစက္ႏွင္စနစ္အသစ္ျဖစ္တဲ့ ColorOS 6 ကိုမိတ္ဆက္ခဲ့တာပါ။ ဒါေပမယ့္ ဒီႏွစ္မွာလည္း ColorOS 7 ကို ထပ္မံမိတ္ဆက္လာဖို႔ ျပင္ဆင္ေနၿပီး လာမယ့္ ႏုိဝင္ဘာ ၂၀ ရက္ေန႔က်ရင္ တရုတ္ႏုိင္ငံ ေဘက်င္းၿမိဳ႕မွာ မိတ္ဆက္သြားေတာ့မွာပဲျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ColorOS 7 နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ထုတ္မျပေသးပါဘူး။ ဒါေပမယ့္ သူ႕ရဲ႕ Custom Skin ဟာ Android 10 OS အသစ္ကို အေျခခံလာမယ္လို႔ ယူဆရၿပီး Dark Mode, Focus Mode ေတြနဲ႔အတူ ဂိမ္းကစားျခင္းနဲ႔ စြမ္းေဆာင္ရည္ပုိင္းကိုလည္း ေျပာင္းလဲျမွင့္တင္မႈေတြ ပါဝင္လာႏုိင္ပါတယ္။

ColorOS 7 ကိုအသုံးျပဳႏုိင္မယ့္ ဟန္းဆက္ေတြရဲ႕ စာရင္းကိုလည္း ႏုိဝင္ဘာ ၂၀ ရက္ေန႔ မိတ္ဆက္ပြဲမွာပဲ တၿပိဳင္တည္း ျမင္သြားရဖို႔ရွိႏုိင္ၿပီး ကုမၸဏီရဲ႕ Vice President ကေတာ့ Oppo Reno 10x Zoom ဟာ ColorOS 7 ရရွိႏုိင္မယ့္ ဖုန္းတစ္လုံးျဖစ္ေၾကာင္း ေျပာၾကားထားၿပီးပါၿပီ။ Oppo အျပင္ Realme စမတ္ဖုန္းေတြမွာလည္း ColorOS 7 ကို ျမင္ေတြ႕ရမွာပါ။ ဒါေပမယ့္ Realme ဖုန္းေတြမွာေတာ့ Stock Android ဗားရွင္းနဲ႔ ပုိနီးစပ္တဲ့ OS ဗားရွင္းကို ျမင္ရမွာျဖစ္ပါတယ္။

Realme ကလည္း အဆုိပါေန႔စြဲမွာပဲ အိႏၵိယႏုိင္ငံမွာ X2 Pro စမတ္ဖုန္းသစ္ကို အိႏၵိယေစ်းကြက္အတြက္ မိတ္ဆက္လာဦးမွာပါ။ ဒါေပမယ့္ ဟန္းဆက္အသစ္အျပင္ Fitness Band နဲ႔ VOOC အားသြင္းစနစ္ပါတဲ့ Power Bank တုိ႔ကိုပါ မိတ္ဆက္ၿပီး သူတုိ႔ရဲ႕ အမွတ္တံဆိပ္ကို ခ်ဲ႕ထြင္လာႏုိင္ပါတယ္။ အဲဒီပြဲမွာလည္း ColorOS 7 ရဲ႕ Realme ဗားရွင္းကို ျမင္ရႏုိင္ပါတယ္။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက် ဖုန်းထုတ်လုပ်သူ Oppo ဟာ မနှစ် နိုဝင်ဘာတုန်းကမှ မိုဘိုင်းစက်နှင်စနစ်အသစ်ဖြစ်တဲ့ ColorOS 6 ကိုမိတ်ဆက်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်မှာလည်း ColorOS 7 ကို ထပ်မံမိတ်ဆက်လာဖို့ ပြင်ဆင်နေပြီး လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့ကျရင် တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ColorOS 7 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်မပြသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ Custom Skin ဟာ Android 10 OS အသစ်ကို အခြေခံလာမယ်လို့ ယူဆရပြီး Dark Mode, Focus Mode တွေနဲ့အတူ ဂိမ်းကစားခြင်းနဲ့ စွမ်းဆောင်ရည်ပိုင်းကိုလည်း ပြောင်းလဲမြှင့်တင်မှုတွေ ပါဝင်လာနိုင်ပါတယ်။

ColorOS 7 ကိုအသုံးပြုနိုင်မယ့် ဟန်းဆက်တွေရဲ့ စာရင်းကိုလည်း နိုဝင်ဘာ ၂၀ ရက်နေ့ မိတ်ဆက်ပွဲမှာပဲ တပြိုင်တည်း မြင်သွားရဖို့ရှိနိုင်ပြီး ကုမ္ပဏီရဲ့ Vice President ကတော့ Oppo Reno 10x Zoom ဟာ ColorOS 7 ရရှိနိုင်မယ့် ဖုန်းတစ်လုံးဖြစ်ကြောင်း ပြောကြားထားပြီးပါပြီ။ Oppo အပြင် Realme စမတ်ဖုန်းတွေမှာလည်း ColorOS 7 ကို မြင်တွေ့ရမှာပါ။ ဒါပေမယ့် Realme ဖုန်းတွေမှာတော့ Stock Android ဗားရှင်းနဲ့ ပိုနီးစပ်တဲ့ OS ဗားရှင်းကို မြင်ရမှာဖြစ်ပါတယ်။

Realme ကလည်း အဆိုပါနေ့စွဲမှာပဲ အိန္ဒိယနိုင်ငံမှာ X2 Pro စမတ်ဖုန်းသစ်ကို အိန္ဒိယဈေးကွက်အတွက် မိတ်ဆက်လာဦးမှာပါ။ ဒါပေမယ့် ဟန်းဆက်အသစ်အပြင် Fitness Band နဲ့ VOOC အားသွင်းစနစ်ပါတဲ့ Power Bank တို့ကိုပါ မိတ်ဆက်ပြီး သူတို့ရဲ့ အမှတ်တံဆိပ်ကို ချဲ့ထွင်လာနိုင်ပါတယ်။ အဲဒီပွဲမှာလည်း ColorOS 7 ရဲ့ Realme ဗားရှင်းကို မြင်ရနိုင်ပါတယ်။

Ref – GSM Arena