Redmi Note 9 စီးရီးကို အိန္ဒိယဈေးကွက်တွင်း ဖြန့်ချိခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပါပြီ။ ဒါကြောင့် နောက်ထပ်မျိုးဆက်သစ်မော်ဒယ်ကို ဖြန့်ချိဖို့တောင်းဆိုနေကြပြီလို ဆိုရတော့မှာပါ။ ကုမ္ပဏီကလည်း Redmi Note 9 စီးရီးကို ဆက်ခံဖို့အတွက် Redmi Note 10 စီးရီးကို ပြုလုပ်နေတာလည်း တွေ့မြင်နိုင်ပါတယ်။

Redmi Note 10 စီးရီးမှာ Note 10 နဲ့ Note 10 Pro တို့ပါဝင်ပြီး ဒီဟန်းဆက်နှစ်ခုနဲ့ပတ်သက်တဲ့ အချက်အလက်အချို့နဲ့ Certification ရရှိမှုအခြေအနေအကြောင်းတွေလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းကတော့ အိန္ဒိယဈေးကွက်မှာမိတ်ဆက်မယ့် Note 10 နဲ့ Note 10 Pro တို့ရဲ့ အရောင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။

Ishan Agarwal ကပေးပို့တဲ့ ပေါက်ကြားသတင်းကို MySmartPrice ရဲ့ဖော်ပြမှုအရ Redmi Note 10 Pro ဟာ RAM အမျိုးအစား ၂ မျိုး၊ သိုလှောင်မှုပမာဏ ပုံစံသုံးမျိုးနဲ့ ရရှိမယ်လို့ သိရပါတယ်။ အခြေခံဖွဲ့စည်းမှုမှာ 6GB of RAM + 64GB storage ဖြစ်ပါတယ်။ 6GB/128GB အမျိုးအစားလည်းရှိပြီး၊ 8GB of RAM နဲ့ 128GB storage အတွဲအဖက်လည်း ရှိတယ်လို့ သိရပါတယ်။ Redmi Note 10 Pro ရဲ့ အရောင်တွေကတော့ Bronze, Blue နဲ့ Gray တို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အနည်းဆုံး နောက်ထပ်အရောင်သစ်တစ်မျိုးလည်း ထွက်ပေါ်လာဖွယ်ရှိသေးတယ်လို့ ဆိုပါတယ်။

Redmi Note 10 ကတော့ Configuration နှစ်မျိုး ဖြစ်ပါတယ်။ အခြေခံဖွဲ့စည်းမှုမှာ 4GB of RAM နဲ့ 64GB storage တို့ဖြစ်ပြီး၊ ဒုတိယအမျိုးအစားကတော့ 6GB of RAM နဲ့ 64GB storage အတွဲအဖက်ပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာတော့ နောက်ထပ် Configuration တစ်မျိုးကိုလည်း ထပ်ပြီးတွေ့မြင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။ အရောင်တွေကတော့ White, Green နဲ့ Gray တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဒီဟန်းဆက်တွေကို လာမယ့်ဖေဖော်ဝါရီမှာ မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina