လက်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ အမေရိကန်ရဲ့ Huawei အပေါ် ပိတ်ဆို့မှုတွေဟာ အနည်းငယ် ပြေလျော့လာပြီလို့ သုံးသပ်ရပါတယ်။ ရာနှုန်းပြည့်ပြေလျော့သွားတာမဟုတ်ပေမယ့် အနည်းဆုံးတော့ မိုလ်ဘိုင်းဌာနခွဲအတွက် ဖြေလျှော့မှုတွေစတင်လာပြီလို့ ပြောနိုင်ပါတယ်။

Financial Times ရဲ့ ဖော်ပြချက်အရ ကုမ္ပဏီတွေအနေနဲ့ 5G အသုံးပြုမှုမဟုတ်တဲ့ အစိတ်အပိုင်းတွေကို Huawei ဆီထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။ အထူးသဖြင့် ကုမ္ပဏီရဲ့ 5G ကွန်ရက် ပစ္စည်းကိရိယာတွေမှာ အသုံးပြုမှာမဟုတ်တဲ့ Components တွေလို့ ဆိုပါတယ်။

Asian Semiconductor ရဲ့ အမှုဆောင်အရာရှိတစ်ဦးကတော့ “မိုလ်ဘိုင်းထုတ်ကုန်တွေအတွက် Chip တွေက ပြဿနာမဟုတ်ဘူးဆိုတာကို ရည်ညွှန်းနေတာပါပဲ” လို့ ဆိုပါတယ်။ Jefferies က လေ့လာဆန်းစစ်သူ Mr. Lee ကလည်း Samsung Display ဟာအစောကတည်းက လိုင်စင်ရပြီးသားဖြစ်သလို၊ Sony နဲ့ OmniVision တို့အနေနဲ့လည်း Huawei ကို Image Sensors ထောက်ပံ့ပေးဖို့ မီးစိမ်းပြထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Sony ဟာ Huawei ကို တင်ပို့ရောင်းချမှုရပ်တန့်ဖို့ ဖိအားပေးခံခဲ့ရတဲ့နောက် ရောင်းအားလည်း ကျဆင်းခဲ့ပါတယ်။ Qualcomm နဲ့ MediaTek တို့လည်း ခွင့်ပြုလိုင်စင်ရလာလိမ့်မယ်လို့ Mr. Lee က ယုံကြည်နေပါတယ်။ TSMC နဲ့ပတ်သက်ပြီးတော့ ဘာဆက်ဖြစ်မယ်ဆိုတဲ့အကြောင်းကိုတော့ Mr. Lee က မှတ်ချက်ပေးပြောဆိုခဲ့ခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။

ထုတ်လုပ်မှုနယ်ပယ်တွင်းက ကျွမ်းကျင်သူအချို့ကလည်း Qualcomm နဲ့ MediaTek တို့ဟာ ခွင့်ပြလိုင်စင်တွေ ပြန်လည်ရရှိမှာဖြစ်ပြီး၊ လက်ရှိစီမံခန့်ခွဲမှုတွေဟာ မှားယွင်းတဲ့မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေဖြစ်နေကြောင်းကို ပြသလိမ့်မယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

Mobile Software နဲ့ Online Service တို့ရဲ့အခြေအနေကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။ Google Mobile Services တွေကို Huawei နဲ့ Honor device တွေမှာ ပြန်လည်အသုံးပြုနိုင်ခြင်းကတော့ ကြီးမားတဲ့သက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေမှာအမှန်ပါပဲ။

Ref: GSM Arena