[Zawgyi]

ႏွစ္စဥ္ Taiwan ႏိုင္ငံ Taipei ၿမိဳ႕မွာ ျပဳလုပ္တဲ့ Computex Event ဟာ ဒီႏွစ္မွာလည္း လာမယ့္ ေမလ ၂၈ ရက္ေန႔ကေန ဇြန္လ ၁ ရက္ေန႔အထိ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ လာမယ့္ Computex 2019 မွာ ဘယ္လိုမ်ိဳး Product ေတြကို မိတ္ဆက္သြားႏိုင္မလဲဆိုတာကို မေျပာခင္မႏွစ္တုန္းက မိတ္ဆက္ခဲ့တဲ့ Product ေတြကို ျပန္ၿပီး ၾကည့္လိုက္ရေအာင္။

ASUS ROG Phone

Computex Event ဟာ မ်ားေသာအားျဖင့္ ကြန္ပ်ဴတာနဲ႔ တျခားေသာ ဆက္စပ္ပစၥည္းေတြကို အဓိကျပသတဲ့ Event တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ မႏွစ္တုန္းက ASUS ကေန ဒီအစဥ္အလာကို ROG Phone နဲ႔ ခ်ိဳးေဖာက္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆုံး Gaming Phone တစ္ခုအျဖစ္ ရပ္တည္ခဲ့တာျဖစ္ပါတယ္။

ဒီလိုမ်ိဳး ROG ဖုန္းက ေအာင္ျမင္ခဲ့တာကလည္း အဓိကအခ်က္ေတြအေနနဲ႔ Qualcomm Snapdragon 845 Processor ကို သာမန္ထက္ပိုၿပီး ျမန္ဆန္ဖို႔အတြက္ 2.96Ghz အထိ Overclock ျပဳလုပ္ေပးထားတာနဲ႔ Display ကလည္း OLED Display ကိုမွ 90Hz အထိ Support ျပဳလုပ္တာေၾကာင့္ နာမည္ႀကီးခဲ့တာျဖစ္ပါတယ္။

ASUS Precog Laptop
ASUS ကေန မႏွစ္တုန္းက Computex မွာ Laptop ေတြရဲ႕ အနာဂတ္လို႔ ေျပာႏိုင္မယ့္ Laptop Prototype တစ္ခုကို ျပသခဲ့ပါတယ္။ ဒါကေတာ့ ASUS Precog ပဲျဖစ္ပါတယ္။

ဒီ ASUS Precog Laptop က သာမန္ ျမင္ေနၾက Laptop ေတြလိုမ်ိဳး Keyboard ပါဝင္မွာမဟုတ္ေတာ့ဘဲ Dual Display ကို အသုံးျပဳထားတာလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ ယခင္ Keyboard ေနရာကို အစားထိုးထားတဲ့ Display က Virtual Keyboard သို႔မဟုတ္ အသုံးျပဳေနတဲ့ Application ပၚမႈတည္ၿပီး ေျပာင္းလဲသြားမွာလည္းျဖစ္ပါတယ္။

ASUS Zenbook Pro
ASUS က အေပၚက Precog အျပင္ သာမန္ Business Class Laptop ေတြျဖစ္တဲ့ Zenbook Pro Series ကိုလည္း မိတ္ဆက္ခဲ့ၿပီး အဆိုပါ Zenbook Pro Laptop ေတြက Intel i9 Processor ကို ပထမဆုံးအသုံးျပဳလာတဲ့ Laptop ေတြျဖစ္သလို Touchpad ေနရာမွာလည္း ပုံမွန္ Touchpad အစား Secondary Display တျဖစ္လဲ Screen Pad နည္းပညာကို အသုံးျပဳခဲ့တာလည္းျဖစ္ပါတယ္။

MSI Prestige Laptop
MSI ကလည္း မႏွစ္တုန္းက Computex 2018 မွာ Gaming Ready Hardware ေတြနဲ႔ လွပတဲ့ Design ေတြကို ေပါင္းစပ္ထားတဲ့ Prestige Laptop ေတြကို စတင္မိတ္ဆက္လာခဲ့ပါတယ္။ ဒီ MSI Prestige Laptop ေတြဟာ ပုံမွန္အလုပ္ကို သက္ေသာင့္သက္သာယူသြားလို႔ရတဲ့အထိကို ဒီဇိုင္းပိုင္းလွပသလို Performance ပိုင္းကလည္း Gaming Laptop နီးပါးရွိေနတဲ့အတြက္ ေအာင္ျမင္ခဲ့တဲ့ Laptop ေတြဆိုရင္လည္းမမွားပါဘူး။

ဒါကေတာ့ မႏွစ္တုန္းက Computex 2018 မွာ ျပသခဲ့တဲ့ Product ေတြထဲက တကယ့္ နာမည္ရရွိခဲ့တဲ့ Product အခ်ိဳ႕ပဲျဖစ္ပါတယ္။ အဲ့ဒီလိုပဲ ဒီႏွစ္မွာ ဘာ Product ေတြ မိတ္ဆက္သြားမလဲဆိုတာကလည္း စိတ္ဝင္စားစရာပါ။ အဲ့ေတာ့ ဒီႏွစ္ Computex မွာလည္း ဘယ္လို Product ေတြျမင္ရမလည္းဆိုတာကို ခန႔္မွန္းေဖာ္ျပေပးလိုက္ပါတယ္။

ASUS ROG Phone 2
မႏွစ္ကလိုမ်ိဳးပဲ ဒီႏွစ္မွာလည္း Star of Computex က ASUS ရဲ႕ မႏွစ္ကအေကာင္းဆုံး Gaming Phone ROG Phone ရဲ႕ မ်ိဳးဆက္သစ္ျဖစ္လာႏိုင္ပါတယ္။ မႏွစ္တုန္းက 90Hz OLED Display ကို ROG Phone မွာ အရင္ဆုံးျမင္ခဲ့ရသလိုပဲ ဒီႏွစ္မွာလည္း 120Hz Refresh Rate Display နဲ႔ ROG Phone 2 ကို ျမင္ရမလားဆိုတာက စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။

ASUS Zenbook
Intel ကေန 9th Generation Mobile Processor ေတြကို မိတ္ဆက္သြားၿပီးျဖစ္တဲ့အတြက္ ဒီႏွစ္ Computex မွာလည္း ဒီလိုမ်ိဳး 9th Gen Processor အသစ္ေတြနဲ႔ ASUS ရဲ႕ Zenbook ေတြကို ေတြ႕ျမင္ရဖို႔ရွိေနပါတယ္။ ဒါ့အျပင္ ဒီႏွစ္က ASUS အတြက္ ႏွစ္ ၃၀ ျပည့္ Anniversary လည္းျဖစ္ေနတဲ့အတြက္ Zenbook လိုမ်ိဳး ကုမၸဏီရဲ႕ Flagship Laptop ေတြမွာ Special Edition ေတြေတာင္ ေတြ႕ျမင္ရဖြယ္ရွိေနပါတယ္။

Dual Display Laptops
မႏွစ္တုန္းက ASUS က ျပသသြားခဲ့တဲ့ ASUS Precog ကို တကယ္တရားဝင္ေရာင္းခ်ဖို႔ ထုတ္လုပ္လာမယ့္ Dual Display Laptop ေတြကလည္း ဒီႏွစ္အတြက္ Computex မွာ ျပသလာႏိုင္ပါတယ္။ မၾကာေသးခင္ကလည္း Lenovo ကေန Dual Display Laptop Prototype တစ္ခုကို ျပသသြားတဲ့အတြက္ ေနာက္ပိုင္း Laptop ေတြရဲ႕ အနာဂတ္ကဘယ္လိုျဖစ္လာႏိုင္လဲဆိုတာကို ဒီ Computex 2019 မွာ ျမင္ရဖို႔ရွိေနပါတယ္။

More Computer Parts

Computex Event ဟာ Computer ေတြကို အဓိကထားတဲ့ Event ျဖစ္တဲ့အတြက္ စမတ္ဖုန္းေတြထက္ စိတ္ဝင္စားဖြယ္ ကြန္ပ်ဴတာနဲ႔ သက္ဆိုင္တဲ့နည္းပညာေတြကို ျမင္ေတြ႕ရမွာကေတာ့ ေသခ်ာပါတယ္။ MyTech Myanmar အေနနဲ႔လည္း ေနာက္လာမယ့္ အပတ္ၾကရင္ Computex မွာ မိတ္ဆက္သြားတဲ့သတင္းေတြကို အေသးစိတ္ေဖာ္ျပသြားမွာျဖစ္တဲ့အတြက္ ဆက္လက္ၿပီး ေစာင့္ၾကည့္ေပးသြားပါဦး။

[Unicode]

Computex 2019 ပွဲကြီးမှာ ASUS ဆီက ဘာတွေမြင်တွေ့နိုင်မလဲ ?

နှစ်စဉ် Taiwan နိုင်ငံ Taipei မြို့မှာ ပြုလုပ်တဲ့ Computex Event ဟာ ဒီနှစ်မှာလည်း လာမယ့် မေလ ၂၈ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လာမယ့် Computex 2019 မှာ ဘယ်လိုမျိုး Product တွေကို မိတ်ဆက်သွားနိုင်မလဲဆိုတာကို မပြောခင်မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Product တွေကို ပြန်ပြီး ကြည့်လိုက်ရအောင်။

ASUS ROG Phone

Computex Event ဟာ များသောအားဖြင့် ကွန်ပျူတာနဲ့ တခြားသော ဆက်စပ်ပစ္စည်းတွေကို အဓိကပြသတဲ့ Event တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် မနှစ်တုန်းက ASUS ကနေ ဒီအစဉ်အလာကို ROG Phone နဲ့ ချိုးဖောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး Gaming Phone တစ်ခုအဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး ROG ဖုန်းက အောင်မြင်ခဲ့တာကလည်း အဓိကအချက်တွေအနေနဲ့ Qualcomm Snapdragon 845 Processor ကို သာမန်ထက်ပိုပြီး မြန်ဆန်ဖို့အတွက် 2.96Ghz အထိ Overclock ပြုလုပ်ပေးထားတာနဲ့ Display ကလည်း OLED Display ကိုမှ 90Hz အထိ Support ပြုလုပ်တာကြောင့် နာမည်ကြီးခဲ့တာဖြစ်ပါတယ်။

ASUS Precog Laptop

ASUS ကနေ မနှစ်တုန်းက Computex မှာ Laptop တွေရဲ့ အနာဂတ်လို့ ပြောနိုင်မယ့် Laptop Prototype တစ်ခုကို ပြသခဲ့ပါတယ်။ ဒါကတော့ ASUS Precog ပဲဖြစ်ပါတယ်။

ဒီ ASUS Precog Laptop က သာမန် မြင်နေကြ Laptop တွေလိုမျိုး Keyboard ပါဝင်မှာမဟုတ်တော့ဘဲ Dual Display ကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင် Keyboard နေရာကို အစားထိုးထားတဲ့ Display က Virtual Keyboard သို့မဟုတ် အသုံးပြုနေတဲ့ Application ပါ်မှုတည်ပြီး ပြောင်းလဲသွားမှာလည်းဖြစ်ပါတယ်။

ASUS Zenbook Pro
ASUS က အပေါ်က Precog အပြင် သာမန် Business Class Laptop တွေဖြစ်တဲ့ Zenbook Pro Series ကိုလည်း မိတ်ဆက်ခဲ့ပြီး အဆိုပါ Zenbook Pro Laptop တွေက Intel i9 Processor ကို ပထမဆုံးအသုံးပြုလာတဲ့ Laptop တွေဖြစ်သလို Touchpad နေရာမှာလည်း ပုံမှန် Touchpad အစား Secondary Display တဖြစ်လဲ Screen Pad နည်းပညာကို အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

MSI Prestige Laptop
MSI ကလည်း မနှစ်တုန်းက Computex 2018 မှာ Gaming Ready Hardware တွေနဲ့ လှပတဲ့ Design တွေကို ပေါင်းစပ်ထားတဲ့ Prestige Laptop တွေကို စတင်မိတ်ဆက်လာခဲ့ပါတယ်။ ဒီ MSI Prestige Laptop တွေဟာ ပုံမှန်အလုပ်ကို သက်သောင့်သက်သာယူသွားလို့ရတဲ့အထိကို ဒီဇိုင်းပိုင်းလှပသလို Performance ပိုင်းကလည်း Gaming Laptop နီးပါးရှိနေတဲ့အတွက် အောင်မြင်ခဲ့တဲ့ Laptop တွေဆိုရင်လည်းမမှားပါဘူး။

ဒါကတော့ မနှစ်တုန်းက Computex 2018 မှာ ပြသခဲ့တဲ့ Product တွေထဲက တကယ့် နာမည်ရရှိခဲ့တဲ့ Product အချို့ပဲဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ဒီနှစ်မှာ ဘာ Product တွေ မိတ်ဆက်သွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ အဲ့တော့ ဒီနှစ် Computex မှာလည်း ဘယ်လို Product တွေမြင်ရမလည်းဆိုတာကို ခန့်မှန်းဖော်ပြပေးလိုက်ပါတယ်။

ASUS ROG Phone 2
မနှစ်ကလိုမျိုးပဲ ဒီနှစ်မှာလည်း Star of Computex က ASUS ရဲ့ မနှစ်ကအကောင်းဆုံး Gaming Phone ROG Phone ရဲ့ မျိုးဆက်သစ်ဖြစ်လာနိုင်ပါတယ်။ မနှစ်တုန်းက 90Hz OLED Display ကို ROG Phone မှာ အရင်ဆုံးမြင်ခဲ့ရသလိုပဲ ဒီနှစ်မှာလည်း 120Hz Refresh Rate Display နဲ့ ROG Phone 2 ကို မြင်ရမလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ASUS Zenbook
Intel ကနေ 9th Generation Mobile Processor တွေကို မိတ်ဆက်သွားပြီးဖြစ်တဲ့အတွက် ဒီနှစ် Computex မှာလည်း ဒီလိုမျိုး 9th Gen Processor အသစ်တွေနဲ့ ASUS ရဲ့ Zenbook တွေကို တွေ့မြင်ရဖို့ရှိနေပါတယ်။ ဒါ့အပြင် ဒီနှစ်က ASUS အတွက် နှစ် ၃၀ ပြည့် Anniversary လည်းဖြစ်နေတဲ့အတွက် Zenbook လိုမျိုး ကုမ္ပဏီရဲ့ Flagship Laptop တွေမှာ Special Edition တွေတောင် တွေ့မြင်ရဖွယ်ရှိနေပါတယ်။

Dual Display Laptops
မနှစ်တုန်းက ASUS က ပြသသွားခဲ့တဲ့ ASUS Precog ကို တကယ်တရားဝင်ရောင်းချဖို့ ထုတ်လုပ်လာမယ့် Dual Display Laptop တွေကလည်း ဒီနှစ်အတွက် Computex မှာ ပြသလာနိုင်ပါတယ်။ မကြာသေးခင်ကလည်း Lenovo ကနေ Dual Display Laptop Prototype တစ်ခုကို ပြသသွားတဲ့အတွက် နောက်ပိုင်း Laptop တွေရဲ့ အနာဂတ်ကဘယ်လိုဖြစ်လာနိုင်လဲဆိုတာကို ဒီ Computex 2019 မှာ မြင်ရဖို့ရှိနေပါတယ်။

More Computer Parts

Computex Event ဟာ Computer တွေကို အဓိကထားတဲ့ Event ဖြစ်တဲ့အတွက် စမတ်ဖုန်းတွေထက် စိတ်ဝင်စားဖွယ် ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့နည်းပညာတွေကို မြင်တွေ့ရမှာကတော့ သေချာပါတယ်။ MyTech Myanmar အနေနဲ့လည်း နောက်လာမယ့် အပတ်ကြရင် Computex မှာ မိတ်ဆက်သွားတဲ့သတင်းတွေကို အသေးစိတ်ဖော်ပြသွားမှာဖြစ်တဲ့အတွက် ဆက်လက်ပြီး စောင့်ကြည့်ပေးသွားပါဦး။