[Zawgyi]

Samsung ရဲ႕ Galaxy S 10 အေၾကာင္းကလည္း တျဖည္းျဖည္းနဲ႔ ပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္းလာပါၿပီ။ 5G အသုံးျပဳလို႔ရမယ့္အျပင္ RAM 12GB ကိုလည္း ထည့္သြင္းထားႏိုင္တယ္ဆိုတဲ့ ေကာလာဟလေတြကို အတည္ျပဳလို႔ မရႏိုင္ေသးေပမယ့္ Qualcomm UD fingerprint reader ကေတာ့ အတည္ျပဳလို႔ရၿပီဆိုၿပီး Gsmarena ထုတ္ေဖာ္ ေရးသားလာပါတယ္။

ေပါက္ၾကားေနတဲ့ သတင္းေတြထဲက ေနာက္ဆုံးသိရတာကေတာ့ Samsung အေနနဲ႔ Qualcomm ရဲ႕ Third-generation ultra-sonic fingerprint reader ကို Galaxy S10 အတြက္ အသုံးျပဳႏိုင္ဖြယ္ရွိတယ္ ဆိုတာပါပဲ။ ဒါဆိုရင္ေတာ့ အစပိုင္းက သတင္းႀကီးေနတဲ့ Iris scanner ကို ေခ်ာင္ထိုးလိုက္ၿပီဆိုတာ ေသခ်ာသေလာက္ပါပဲ။ ပိုၿပီးေသခ်ာေစတဲ့အခ်က္က ေပါက္ၾကားသတင္းေတြနဲ႔ ပတ္သက္ရင္ နာမည္ႀကီးတဲ့ Ice universe ရဲ႕ တြစ္တာမွာ ေရးသားခ်က္ ျဖစ္ပါတယ္။

S10 ဟာ Iris sensor အသုံးျပဳဖို႔ကို ပယ္ဖ်က္လိုက္ၿပီး သူ႔ေနရာမွာ Ultrasonic fingerprint ကို အစားထိုးသြားမယ္လို႔ Ice universe က ေရးသားထားပါတယ္။ ဒါ့အျပင္ Fingerprint sensor ေတြခ်င္း ႏႈိင္းယွဥ္မယ္ဆိုရင္လည္း S10 ultrasonic fingerprint sensor က ပိုၿပီး ျမန္သလို လက္ေဗြသိမွတ္မႈဧရိယာကလည္း ပိုက်ယ္ၿပီး မ်က္ႏွာျပင္ရဲ႕ ၃၀% ေလာက္ကို အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

ဒီသတင္းယိုစိမ့္မႈ အသစ္ေၾကာင့္ Samsung galaxy S10 မွာ Qualcomm UD fingerprint reader ပါဝင္လာမွာကို အတည္ျပဳလို႔ရသြားၿပီျဖစ္တယ္လို႔ Gsmarena က ဆိုပါတယ္။ UD fingerprint အေၾကာင္း အတည္ျပဳႏိုင္တာေၾကာင့္ S10 မွာ RAM 12GB သုံးႏိုင္တယ္ဆိုတဲ့ သတင္းေတြကေတာ့ မျဖစ္ႏိုင္ေတာ့ဘူးလို႔ပဲ ဆိုရပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ RAM 12GB ဆိုတာက စမတ္ဖုန္းတစ္လုံးအတြက္ မရွိမျဖစ္လိုအပ္တဲ့ ပမာဏမဟုတ္တာေၾကာင့္ရယ္၊ UD fingerprint လို အေရးပါတဲ့အစိတ္အပိုင္းေတြ အသုံးျပဳထားတာေၾကာင့္ ကုန္က်စရိတ္ေလ်ာ့ခ်ဖို႔လိုအပ္တယ္ဆိုတဲ့ အေၾကာင္းအခ်က္ေတြ ေၾကာင့္ပါပဲ။

Ref: gsmarena

[Unicode]

Samsung ရဲ့ Galaxy S 10 အကြောင်းကလည်း တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပါပြီ။ 5G အသုံးပြုလို့ရမယ့်အပြင် RAM 12GB ကိုလည်း ထည့်သွင်းထားနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို အတည်ပြုလို့ မရနိုင်သေးပေမယ့် Qualcomm UD fingerprint reader ကတော့ အတည်ပြုလို့ရပြီဆိုပြီး Gsmarena ထုတ်ဖော် ရေးသားလာပါတယ်။

ပေါက်ကြားနေတဲ့ သတင်းတွေထဲက နောက်ဆုံးသိရတာကတော့ Samsung အနေနဲ့ Qualcomm ရဲ့ Third-generation ultra-sonic fingerprint reader ကို Galaxy S10 အတွက် အသုံးပြုနိုင်ဖွယ်ရှိတယ် ဆိုတာပါပဲ။ ဒါဆိုရင်တော့ အစပိုင်းက သတင်းကြီးနေတဲ့ Iris scanner ကို ချောင်ထိုးလိုက်ပြီဆိုတာ သေချာသလောက်ပါပဲ။ ပိုပြီးသေချာစေတဲ့အချက်က ပေါက်ကြားသတင်းတွေနဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့ Ice universe ရဲ့ တွစ်တာမှာ ရေးသားချက် ဖြစ်ပါတယ်။

S10 ဟာ Iris sensor အသုံးပြုဖို့ကို ပယ်ဖျက်လိုက်ပြီး သူ့နေရာမှာ Ultrasonic fingerprint ကို အစားထိုးသွားမယ်လို့ Ice universe က ရေးသားထားပါတယ်။ ဒါ့အပြင် Fingerprint sensor တွေချင်း နှိုင်းယှဉ်မယ်ဆိုရင်လည်း S10 ultrasonic fingerprint sensor က ပိုပြီး မြန်သလို လက်ဗွေသိမှတ်မှုဧရိယာကလည်း ပိုကျယ်ပြီး မျက်နှာပြင်ရဲ့ ၃၀% လောက်ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဒီသတင်းယိုစိမ့်မှု အသစ်ကြောင့် Samsung galaxy S10 မှာ Qualcomm UD fingerprint reader ပါဝင်လာမှာကို အတည်ပြုလို့ရသွားပြီဖြစ်တယ်လို့ Gsmarena က ဆိုပါတယ်။ UD fingerprint အကြောင်း အတည်ပြုနိုင်တာကြောင့် S10 မှာ RAM 12GB သုံးနိုင်တယ်ဆိုတဲ့ သတင်းတွေကတော့ မဖြစ်နိုင်တော့ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ RAM 12GB ဆိုတာက စမတ်ဖုန်းတစ်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပမာဏမဟုတ်တာကြောင့်ရယ်၊ UD fingerprint လို အရေးပါတဲ့အစိတ်အပိုင်းတွေ အသုံးပြုထားတာကြောင့် ကုန်ကျစရိတ်လျော့ချဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်းအချက်တွေ ကြောင့်ပါပဲ။

Ref: gsmarena