Zawgyi

Motorola ရဲ႕ Razr ေခါက္ဖုန္းဟာ တစ္ေခတ္တစ္ခါက နာမည္ အရမ္းၾကီးခဲ့တဲ့ ဖုန္းေတြပါ။ အခုအခါမွာေတာ့ Motorola ဟာ အဆိုပါ Razr ေခါက္ဖုန္းကို ျပန္လည္ဆန္းသစ္ထားတဲ့ ဖုန္းတစ္လံုးကို မိတ္ဆက္ေတာ့မွာပါ။Foldable ဖုန္းေတြ ေခတ္စားလာတဲ့ အခ်ိန္အခါနဲ႔ RAZR ကို ပြဲထုတ္မယ့္ အခ်ိန္က တစ္ကယ့္ကို ကြက္တိပါပဲ။ လေပါင္းမ်ားစြာၾကာေအာင္ Rumors ေတြနဲ႔ Leak ေတြ ထြက္ရွိလာျပီးတဲ့ ေနာက္မွာေတာ့ Moto RAZR ရဲ႕ ဖုန္းကိုယ္တစ္ခုလံုးကို ေသခ်ာျမင္ရတဲ့ Render ဗီဒီယိုတစ္ခု ထြက္ေပၚလို႔လာပါျပီ။

အဆိုပါ ဗီဒီယိုမွာ ျမင္ရတဲ့ အတိုင္းပဲ Moto RAZR ဟာ အထဲဘက္ကိုေခါက္ေကြးရတဲ့ ဖုန္းတစ္လံုးျဖစ္ပါတယ္။ အရင္ RAZR ဖုန္းေတြရဲ႕ ဒီဇိုင္းကို ျပန္လည္ ဆန္းသစ္ထားတာကို ေတြ႔ရပါတယ္။ ဒါေပမယ့္ Physical Keyboard ေတာ့ပါဝင္ျခင္းမရွိပါဘူး။ တစ္ျခား Foldable ဖုန္းေတြထက္ သာလြန္တဲ့ အခ်က္ကေတာ့ RAZR ဖုန္းကို ျဖန္႔လိုက္တဲ့အခါ အရြယ္အစားက သာမာန္ဖုန္းတစ္လံုး အရြယ္အစားေလာက္ပဲ ရွိတဲ့ အခ်က္ပါပဲ။ ဖုန္းကို ေခါက္ထားတဲ့အခါ သာမာန္ Compact ဖုန္းတစ္လံုးထက္ကို ေသးေကြးတာကို ေတြ႔ရပါတယ္။

Display ပိုင္းမွာေတာ့ အေတာ္ေလး အားနည္းတာကိုေတြ႔ရပါတယ္။ RAZR ရဲ႕ Display ဟာ HD ရုပ္ရွင္ေတြနဲ႔ Game ေတြေဆာ့ဖို႔အတြက္ေတာ့ မျဖစ္နိုင္ပါဘူး။ Display ရဲ႕ resolution ဟာ 600 x 800P ပဲ ရွိပါတယ္။ ဒါေပမယ့္ Display ရဲ႕ အရြယ္အစားကိုေတာ့ မသိရေသးပါဘူး။ အဆိုပါ Resolution နဲ႔ ၾကည့္ေပ်ာ္ရွုေပ်ာ္ ရုပ္ထြက္ျမင္ရဖို႔ဆိုရင္ေတာ့ Display အရြယ္အစားကို အေတာ္ေလး ေသးထားမွ ရမွာပါ။

ေနာက္ဆံုး ထြက္ထားတဲ့ သတင္းေတြအရေတာ့ RAZR မွာ 6.2-inch ရွိ 876 x 2142p ရွိတဲ့ Display ပါဝင္မွာျဖစ္ျပီး Snapdragon 710 SoC ကို တပ္ဆင္ေပးထားမယ္လို႔ သိရပါတယ္။ 4GB RAM/ 64GB Storage နဲ႔ 6GB RAM/ 128GB Storage ဆိုျပီး ေမာ္ဒယ္ ႏွစ္မ်ိဳးထုတ္မွာပါ။ ဘက္ထရီ ပမာဏ 2,730mAh ပါဝင္ျပီး 27W TurboPower အားအျမန္သြင္း စနစ္ပါဝင္မွာပါ။ တရားဝင္ထြက္ရွိမယ့္ အခ်ိန္ကိုေတာ့ သိရျခင္းမရွိေသးပါဘူး။ ေသခ်ာတာတစ္ခုကေတာ့ Mid-range SoC သံုးထားတဲ့အတြက္ RAZR ဟာ တစ္ျခား Samsung နဲ႔ HUAWEI တို႔ရဲ႕ Foldable ဖုန္းေတြထက္ေတာ့ ေစ်းသက္သာမွာပါ။

Ref: Gizmo China

Unicode

အလန်းစား Foldable ဖုန်း Moto RAZR ရဲ့ ဒီဇိုင်းကို ပြထားတဲ့ ဗီဒီယို အသစ်

Motorola ရဲ့ Razr ခေါက်ဖုန်းဟာ တစ်ခေတ်တစ်ခါက နာမည် အရမ်းကြီးခဲ့တဲ့ ဖုန်းတွေပါ။ အခုအခါမှာတော့ Motorola ဟာ အဆိုပါ Razr ခေါက်ဖုန်းကို ပြန်လည်ဆန်းသစ်ထားတဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်တော့ှမှာပါFoldable ဖုန်းတွေ ခေတ်စားလာတဲ့ အချိန်အခါနဲ့ RAZR ကို ပွဲထုတ်မယ့် အချိန်က တစ်ကယ့်ကို ကွက်တိပါပဲ။ လပေါင်းများစွာကြာအောင် Rumors တွေနဲ့ Leak တွေ ထွက်ရှိလာပြီးတဲ့ နောက်မှာတော့ Moto RAZR ရဲ့ ဖုန်းကိုယ်တစ်ခုလုံးကို သေချာမြင်ရတဲ့ Render ဗီဒီယိုတစ်ခု ထွက်ပေါ်လို့လာပါပြီ။

အဆိုပါ ဗီဒီယိုမှာ မြင်ရတဲ့ အတိုင်းပဲ Moto RAZR ဟာ အထဲဘက်ကိုခေါက်ကွေးရတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ အရင် RAZR ဖုန်းတွေရဲ့ ဒီဇိုင်းကို ပြန်လည် ဆန်းသစ်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် Physical Keyboard တော့ပါဝင်ခြင်းမရှိပါဘူး။ တစ်ခြား Foldable ဖုန်းတွေထက် သာလွန်တဲ့ အချက်ကတော့ RAZR ဖုန်းကို ဖြန့်လိုက်တဲ့အခါ အရွယ်အစားက သာမာန်ဖုန်းတစ်လုံး အရွယ်အစားလောက်ပဲ ရှိတဲ့ အချက်ပါပဲ။ ဖုန်းကို ခေါက်ထားတဲ့အခါ သာမာန် Compact ဖုန်းတစ်လုံးထက်ကို သေးကွေးတာကို တွေ့ရပါတယ်။

Display ပိုင်းမှာတော့ အတော်လေး အားနည်းတာကိုတွေ့ရပါတယ်။ RAZR ရဲ့ Display ဟာ HD ရုပ်ရှင်တွေနဲ့ Game တွေဆော့ဖို့အတွက်တော့ မဖြစ်နိုင်ပါဘူး။ Display ရဲ့ resolution ဟာ 600 x 800P ပဲ ရှိပါတယ်။ ဒါပေမယ့် Display ရဲ့ အရွယ်အစားကိုတော့ မသိရသေးပါဘူး။ အဆိုပါ Resolution နဲ့ ကြည့်ပျော်ရှုပျော် ရုပ်ထွက်မြင်ရဖို့ဆိုရင်တော့ Display အရွယ်အစားကို အတော်လေး သေးထားမှ ရမှာပါ။

နောက်ဆုံး ထွက်ထားတဲ့ သတင်းတွေအရတော့ RAZR မှာ 6.2-inch ရှိ 876 x 2142p ရှိတဲ့ Display ပါဝင်မှာဖြစ်ပြီး Snapdragon 710 SoC ကို တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ 4GB RAM/ 64GB Storage နဲ့ 6GB RAM/ 128GB Storage ဆိုပြီး မော်ဒယ် နှစ်မျိုးထုတ်မှာပါ။ ဘက်ထရီ ပမာဏ 2,730mAh ပါဝင်ပြီး 27W TurboPower အားအမြန်သွင်း စနစ်ပါဝင်မှာပါ။ တရားဝင်ထွက်ရှိမယ့် အချိန်ကိုတော့ သိရခြင်းမရှိသေးပါဘူး။ သေချာတာတစ်ခုကတော့ Mid-range SoC သုံးထားတဲ့အတွက် RAZR ဟာ တစ်ခြား Samsung နဲ့ HUAWEI တို့ရဲ့ Foldable ဖုန်းတွေထက်တော့ ဈေးသက်သာမှာပါ။

Ref: Gizmo China