တရုတ် အခြေစိုက် Coolpad ကုမ္ပဏီက တန်ဖိုးနည်း စမတ်ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ Coolpad COOL10 လို့ နာမည်ပေးထားပြီး Helio P30 SoC မောင်းနှင်ထားပါတယ်။ 6GB RAM နဲ့ 128GB Storage ထည့်ထားပြီး Android OS အခြေပြု COOL UI9.0B ထည့်သွင်းထားပါတယ်။ Android Version ကို မသိရသေးပါဘူး။

COOL10 မှာ ၆.၅၁ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး အရည်အသွေးကို မသိရသေးပါဘူး။ HD+ ဖြစ်နိုင်ပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။ 19:9 Aspect Ratio ဖြစ်ပြီး အနောက်ဘက်ဟာ 3D Arc Design ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16MP Main အပါအဝင် ကင်မရာ ၃ လုံး ထည့်ထားပေမယ့် ကျန် ကင်မရာ ၂ လုံးအကြောင်း မသိရသေးပါဘူး။ ကင်မရာတွေမှာ AI လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး AI Face Unlock လုပ်ဆောင်ချက်လည်း ထည့်ထားပါတယ်။ 4,900mAh ဘက်ထရီ ပါလာပြီး USB-C Port ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။ အရောင် ၃ မျိုးထုတ်လုပ်ထားပြီး ၈၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၇ သောင်းလောက်ပဲရှိပြီး တရုတ်မှာ JD.com ကနေ ကြိုတင်မှာယူနိုင်ပါပြီ။ ဇွန်လ ၁၂ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena