NaaS Technology က လျှပ်စစ်ကားတွေကို အားသွင်းပေးမယ့် စက်ရုပ်ကို ပြသလိုက်ပြီး စက်ရုပ်က လျှပ်စစ်ကားတွေကို ရှာဖွေနိုင်ကာ စမတ်ကျစွာ အားသွင်းပေးနိုင်သလို ငွေပေးချေတာတွေ ပြုလုပ်နိုင်ပါတယ်။

စက်ရုပ်ဟာ လိမ္မော်နဲ့ အဖြူ ၂ ရောင်စပ် ဖြစ်ပြီး ရေစိုခံသလို တုန်ခါမှုဒဏ်ခံနိုင်ပါတယ်။ Deep Learning , 5G, V2X , Mapping နဲ့ တခြား နည်းပညာတွေ ထည့်သွင်းထားပါတယ်။

တရုတ် အခြေစိုက် NaaS က စက်ရုပ်ဟာ အားသွင်းတာနဲ့ ငွေပေးချေတဲ့ အလုပ် ၂ ခုကို ၁ ခါထဲနဲ့ ပြုလုပ်နိုင်တယ်လို့ ပြောပါတယ်။

Network As a Service (NaaS) & Technology Benefits for Businesses |  TechRounder

လျှပ်စစ်ကား ပိုင်ရှင်တွေဟာ ခလုတ် ၁ ချက်နှိပ်တာနဲ့ အားသွင်းစက်ရုပ်ကို ဆင့်ခေါ်နိုင်ပြီး စက်ရုပ်က ပိုင်ရှင်ရဲ့ ကားကို ရှာဖွေနိုင်ပါတယ်။ ကားကို တွေ့တာနဲ့ စက်ရုပ်က ပါကင် တိကျစွာ ထိုးကာ စက်ရုပ်လက်တံနဲ့ လျှပ်စစ်ကားရဲ့ Charging Port နဲ့ ချိတ်ဆက်နိုင်ပါတယ်။ ကား ၁ စီးကို အားသွင်းပြီးတာနဲ့ တခြား ကားတွေဆီသွားကာ အားသွင်းပေးနိုင်သလို သူ့ကိုယ်သူ အားသွင်းဖို့ Charging Dock ကို ပြန်သွားနိုင်ပါတယ်။

NaaS က စက်ရုပ်မှာ အားသွင်းစွမ်းရည် မျိုးစုံပါပြီး Open API ကနေ ကားများစွာနဲ့ ချိတ်ဆက်နိုင်တယ်လို့ ပြောပါတယ်။

စက်ရုပ်ဟာ လက်ရှိမှာ API Interface ကနေ ကားတွေနဲ့ ဆက်သွယ်နိုင်ပါတယ်။ ကား ၁ စီးဟာ ဘက်ထရီ နည်းနေရင် စက်ရုပ်က အဲဒီကားကို အလိုအလျှောက် ရှာဖွေကာ အားသွင်းပေးနိုင်ပါတယ်။

Ref : electrek